HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး မေးခွန်းထုတ်

မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး မေးခွန်းထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၅

မီဒီယာ လွတ်လပ်ခွင့်ဟုပြောကြားရာတွင် မီဒီယာသမားများကိုယ်တိုင် ထုတ် ဝေသူများ၊ ကြော်ငြာသမားများနှင့် ငွေကြေးအားဖြင့် ပံ့ပိုးနေသည့် ပုဂ္ဂိုလ်များ၏သြဇာကို မည်မျှလွန် ဆန်နိုင်သလဲဟု ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးက မေးခွန်း ထုတ်လိုက်ကြောင်းသိရသည်။ဒီဇင်ဘာ ၅ ရက် နေပြည် တော်တွင် ကျင်းပသည့် သတ္တမ အကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုး တက်ရေး ညီလာခံ၌ အဖွင့်အမှာ စကားပြောကြားရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

''မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ မီဒီယာ လွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့် စဉ်းစားတဲ့အခါမှာ သတင်းစာသမားများ သည် ကိုယ်ပိုင်ရေးသားကြတဲ့သူများသည် ဘယ်လောက်အမှီအခိုကင်းလဲ၊ အယ်ဒီ တာသည် စာနယ်ဇင်းထုတ်လုပ်သူရဲ့ သြဇာကို ဘယ်လောက်လွန်ဆန်နိုင် သလဲ၊ ထုတ်လုပ်သူသည် သူ့ထံမှာကြော် ငြာတွေအများကြီးထည့်ပြီး ငွေကြေးအား ဖြင့် ပံ့ပိုးနေတဲ့ပုဂ္ဂိုလ်တွေကို ဘယ်လောက် လွန်ဆန်နိုင်ပြီလဲ''ဟု ၎င်းက ပြောသည်။ ယင်းအပြင် လွတ်လပ်စွာရေးသား ခွင့်သည် အယ်ဒီတာလက်ထဲတွင် ရှိ၊ မရှိ ကိုလည်း ¤င်းက ဆက်လက်မေးခွန်းထုတ် သည်။

 

''Freedom of Press, Freedom of Expression ပြောတဲ့အခါမှာ အစိုးရ တွေရဲ့ချုပ်ချယ်မှုကလွတ်လပ်အောင် ဆိုတဲ့ သဘောကိုပဲအာရုံပြုပြီး လုပ်လေ့ရှိ ပါတယ်။ ဒါသည်လည်းပဲ အရေးကြီးပါ တယ်။ အဲဒါသည်လည်း လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ သို့သော် စာနယ်ဇင်းသမား များအနေနဲ့ မိမိတို့ကို ငွေကြေးအရလွှမ်းမိုး နေသူရဲ့ သြဇာအောက်က လွတ်မြောက် ဖို့လည်း ကြိုးစားသင့်ပါတယ်။ အားထုတ် ဖို့လည်းလိုလိမ့်မယ်၊ စဉ်းစားသုံးသပ်ဖို့ လည်း လိုလိမ့်မယ်''ဟု ၎င်းက ဆက်လက် ပြောသည်။ မီဒီယာလွတ်လပ်ခွင့်ကို ဆုတ်ယုတ် နေသည့်ပမာ ပြောဆိုနေသူများအနေဖြင့် အပြစ်တင်ရလျှင် ပြီးရောဆိုသည်မျိုး မပြောဘဲ တိတိကျကျလေ့လာသုံးသပ် ပြောဆိုကြရန် ပြန်ကြားရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း သိရသည်။


ယခင်အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်တွင် စာပေစိစစ်ရေးရုပ်သိမ်းခဲ့ပြီး နောက်သုံးနှစ်အတွင်း စာနယ်ဇင်းလွတ် လပ်ခွင့်နှင့် ယခုအစိုးရ နှစ်နှစ်ခွဲကျော် သက်တမ်းအတွင်း စာနယ်ဇင်းလွတ်လပ် ခွင့်နှစ်ခုအား နှိုင်းယှဉ်သုံးသပ်ကြရန် လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောသည်။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အစိုးရမီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများ ဖြစ်ထွန်းပေါ်ပေါက်ရေးကို ဆောင်ရွက် နေပြီး မီဒီယာသမားများ၊ အဖွဲ့အစည်း များအနေဖြင့်လည်း အပြန်အလှန်ယုံကြည် မှုတိုးတက်အောင် ဆောင်ရွက်ကြရန် လည်း ၎င်းက တိုက်တွန်းပြောကြား ခဲ့သည်။


အဖွဲ့အစည်းတိုင်းတွင် အထောက် အပံ့ပေးသူများ ရှိမြဲဖြစ်ပြီး၊ ထောက်ပံ့သူ အကြိုက် လုပ်ဆောင်ရသည့် အဖွဲ့အချို့ သည်လည်း အမှန်တကယ်ရှိနေသည့် အတွက် ပြည်ထောင်စုဝန်ကြီး၏ပြော ကြားချက်မှာ မှားသည်ဟုမဆိုနိုင်သော် လည်း ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လည်း လက်ရှိအာဏာရပါတီ၏ လောင်း ရိပ်အောက်က လွတ်လပ်မှု ရှိ၊ မရှိကို The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြန်လည်မေးခွန်း ထုတ်လိုက်သည်။ ''လောင်းရိပ်ဆိုတာကတော့ လက်ရှိ အစိုးရ၊ အာဏာရပါတီရဲ့ လောင်းရိပ်ပေါ့ နော်။ လောင်းရိပ်အောက်မှာရှိတဲ့ ဝန်ကြီး ဌာနတစ်ခုက ကျန်တဲ့လောင်းရိပ်မိနေတဲ့ သူတွေကိုပြောတာ မမျှတဘူးလို့ ပြောချင် ပါတယ်''ဟု ဦးကျော်မင်းဆွေက ပြော သည်။ ပြည်ထောင်စုဝန်ကြီး ပြောကြားချက် များနှင့် ပတ်သက်၍ မီဒီယာအဖွဲ့အစည်း အချို့ကလည်းကန့်ကွက်ထားကြသည်။

MP, HWA

#democracytoday

Rate this item
(0 votes)
back to top