HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေး ညီလာခံတွင် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးပြောကြားခဲ့သည့် မိန့်ခွန်းပါပြောကြားချက်များကို မီဒီယာအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေး ညီလာခံတွင် ပြန်ကြားရေး  ပြည်ထောင်စုဝန်ကြီးပြောကြားခဲ့သည့် မိန့်ခွန်းပါပြောကြားချက်များကို မီဒီယာအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က  ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၅

သတ္တမအကြိမ် မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံတွင် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးပြော ကြားသည့် မိန့်ခွန်းပါပြောကြားချက်များ ကို မီဒီယာအဖွဲ့အစည်းနှင့် အရပ်ဘက် အဖွဲ့အစည်း စုစုပေါင်း ၁၆ ဖွဲ့ကကန့်ကွက် ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုး ရေးညီလာခံကို နေပြည်တော်တွင် ဒီဇင်ဘာ ၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အယ်ဒီတာလွတ်လပ်ခွင့်နှင့် သတင်းသမား လွတ်လပ်ခွင့်သည် ငွေကြေးထောက်ပံ့ သူများ၏ သြဇာလွှမ်းမိုးမှုရှိနေကြောင်း အပါအဝင် အချက်များစွာပြောကြားခဲ့ သည်။

ယင်းပြောကြားချက်များသည် မီဒီ ယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ၏ ရည် ရွယ်ချက်နှင့်ဆန့်ကျင်နေသဖြင့် မြန်မာ့ မီဒီယာဖွံ့ဖြိုးရေးစင်တာ၊ မြန်မာဂျာနယ် လစ်ကွန်ရက်၊ ဗမအငခူန ၁၉ အပါအဝင် အဖွဲ့ပေါင်း ၁၆ ဖွဲ့က ပြင်းထန်စွာကန့်ကွက် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ''မီဒီယာလောကအတွက်တော့ မကောင်းဘူးပေါ့။ အခုဖြစ်နေတဲ့ဖြစ်စဉ် တွေနဲ့ ပြောင်းလဲနေတဲ့ အခြေအနေတွေ က အခုမှဖြစ်နေတာတော့မဟုတ်ဘူး။ ဒီ လပိုင်းတွေမှာဖမ်းဆီးခံရတဲ့ ကိစ္စတွေပဲ ဖြစ်ဖြစ်၊ တရားစွဲခံရတဲ့ကိစ္စတွေပဲဖြစ်ဖြစ်၊ အဲဒီလိုမျိုးကိစ္စတွေမှာ သူတို့ရဲ့ (အစိုးရ) ရှုထောင့်အမြင်တွေဟာ ကျွန်တော်တို့နဲ့ တော်တော်လေးကို ကွဲလွဲနေတာကို အဲဒီ ကတည်းကခံစားသိရှိနေပြီ။ ဒါပေမဲ့ အခု အချိန်မှာတော့ ပွင့်ပွင့်လင်းလင်းထုတ် ပြောလိုက်တဲ့သဘောပေါ့''ဟု မြန်မာဂျာ နယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦး မြင့်ကျော်က ဒီမိုကရေစီတူဒေးသို့ပြော သည်။


ကန့်ကွက်စာတွင် အစိုးရပိုင်မီဒီယာ များသည် အစိုးရနှင့်ပြည်သူအကြား ဆက်သွယ်ပေါင်းကူး ရန်ရည်ရွယ်ချက်ဖြင့် မည်သည့်အစိုးရတက်တက်ပုံစံမျိုးစုံဖြင့် ဆက်လက်တည်ရှိသွားမည်ဟုယုံကြည် ကြောင်းပြောကြားချက်သည် ဒီမိုကရေစီ နိုင်ငံတစ်ခု၏ စရိုက်လက္ခဏာနှင့် ဆန့် ကျင်နေကြောင်း၊ အယ်ဒီတာလွတ်လပ် ခွင့်နှင့် သတင်းသမားလွတ်လပ်ခွင့်သည် ထုတ်ဝေသူအပါအဝင် ငွေကြေးထောက်ပံ့ သူအလှူရှင်များ၏ သြဇာလွှမ်းမိုးမှုရှိနေ ကြောင်းနှင့် ထိုသြဇာအောက်မှလွန်ဆန် နိုင်မှု ရှိ၊ မရှိ ဝန်ကြီးကမေးခွန်းထုတ်ခဲ့ရာ စင်စစ်နိုင်ငံပိုင်ဘဏ္ဍာငွေကိုအသုံးပြုပြီး တည်ဆဲအစိုးရနှင့် တပ်မတော်၏ သြဇာ ကိုခံနေသည့် ဝါဒဖြန့်ချိရေးမီဒီယာများ ဆက်လက်တည်ရှိနေခြင်းကိုလည်း စိုးရိမ် ကြောင်းထည့်သွင်းပြောဆိုမှ မှန်ကန်မည် ဖြစ်ကြောင်း၊ သတင်းသမားများသည် နိုင်ငံသားများဖြစ်သဖြင့် နိုင်ငံချစ်စိတ် နှင့် အမျိုးသားရေးစိတ်ရှိရန် ပြောကြား ချက်သည် သတင်းသမားများလိုက်နာရ သော ကျင့်ဝတ်နှင့်သတင်းလွတ်လပ်ခွင့် အား များစွာအဟန့်အတားဖြစ်စေ ကြောင်း စသည်ဖြင့်ပါဝင်သည်။ 

HWA

#democracytoday

Rate this item
(0 votes)
back to top