HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အမေရိကန်တပ်များ ဆီးရီးယားမှ စနစ်တကျရုပ်သိမ်းရန် တူရကီသမ္မတ တိုက်တွန်း

အမေရိကန်တပ်များ ဆီးရီးယားမှ  စနစ်တကျရုပ်သိမ်းရန် တူရကီသမ္မတ တိုက်တွန်း

အန်ကာရာ၊ ဇန်နဝါရီ ၈

အမေရိကန်တပ်များ ဆီရီးယားမှရုပ်သိမ်းရာတွင် သတိကြီးစွာထား၍ စနစ်တကျရုပ်သိမ်းသွားရမည်ဖြစ်ကြောင်း၊ ၎င်းကိုယ်ကို ကာကွယ်နိုင်ရန် မှန်သောအပေါင်းအဖော်ကို ရှာဖွေပူးပေါင်းလုပ် ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆီးရီးယား ပြည်သူများကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ တူရကီသမ္မတရီစက် တေယက်အာဒိုဂန်က ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းက ဇန်နဝါရီ ၈ရက်တွင် ဖော်ပြလိုက်သည်။ နယူးယောက်တိုင်းသတင်းစာ၏ဝေဖန်ရေး ကဏ္ဍကဖော်ပြခဲ့ရာတွင် အာဒိုဂန်က ၎င်း၏နိုင်ငံမှာ ဤတာဝန်ကိုထမ်းဆောင်နိုင် သည့်တစ်ခုတည်းသော အင်အားကြီးနိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

အစ္စလာမ္မစ်နိုင်ငံ (IS) တို့ အား အပြီးပိုင်အနိုင်ရရှိအောင်တိုက်ခိုက်ရာတွင် နိုင်ငံတကာ၏ ကူညီမှုကို လိုအပ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။ အာဒိုဂန်ကဆက်လက်၍ တူရကီနိုင်ငံသာလျှင် အမေရိကန် နှင့်ရုရှားတို့ကဲ့သို့ တစ်ချိန်တည်းမှာ ဤကိစ္စကိုလုပ်ဆောင်နိုင်သူ ဖြစ်သည်ဟု ထပ်မံပြောကြားလိုက်သည်။


သမိုင်း၌အရေးကြီးသောအချိန်တွင် ဤကြီးလေးသောတာဝန်ကို တူရကီက မိမိဆန္ဒအလျောက် တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းကိုလည်း မိမိတို့နှင့်အတူ ရပ်တည်ပေးရန် တိုက်တွန်းလိုကြောင်း အာဒိုဂန်ကဆက်ပြောခဲ့သည်။လွန်ခဲ့သောလက အမေရိကန်သမ္မတဒေါ်နယ်ထရန့်က IS တို့ကို အနိုင်ရရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်စစ်တပ်ကို ဆီးရီးယားမှ မကြာမီပြန်လည်ရုပ်သိမ်းသွား တော့မည်ဟုကြေညာခဲ့သည်။ ဤကြေညာချက်အပေါ် အမေရိကန်အရာရှိများနှင့် မဟာ မိတ်များက စိုးရိမ်ကြောင်းပြောကြားခဲ့ကြသည်။

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top