HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပြည်တွင်းငြိမ်းချမ်းရေး ရမည်ဆိုလျှင် တစ်နှစ်အတွင်း သိသာသည့် ပြောင်းလဲမှုများဖြစ်လာမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပြည်တွင်းငြိမ်းချမ်းရေး ရမည်ဆိုလျှင် တစ်နှစ်အတွင်း သိသာသည့် ပြောင်းလဲမှုများဖြစ်လာမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၁ဝ

ပြည်တွင်းငြိမ်းချမ်းရေး ရမည်ဆိုလျှင် တစ်နှစ်အတွင်းသိသာသည့် ပြောင်းလဲမှုများဖြစ်လာမည်ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။ ဇန်နဝါရီ ၁ဝရက်က မြစ်ကြီး နားမြို့၊ မနောကွင်းအတွင်း ပြုလုပ်သည့်ကချင်ပြည်နယ်နေ့ အခမ်း အနားအဖွင့်မိန့်ခွန်း ပြောကြားရာတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ''ကျွန်မတို့နိုင်ငံသာ အေးချမ်း သာယာသွားမယ်ဆိုရင်၊ ကျွန်မတို့ နိုင်ငံအတွင်းမှာသာ ငြိမ်းချမ်းရေး ရမယ်ဆိုရင် သမ္မတကြီးမိန့်ဆိုခဲ့တဲ့အတိုင်းပဲ ၁ဝနှစ်အတွင်းတောင်မ ဟုတ်ဘူး၊ တစ်နှစ်အတွင်းတောင် သိသိသာသာ အပြောင်းအလဲတွေ ကိုမြင်ရလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ တကယ့်ကို ပြည်တွင်း စစ်မီးတွေ အားလုံးငြိမ်းသွားပြီ ဆိုတာနဲ့ တစ်နှစ်အတွင်းမှာ အပြောင်း အလဲတွေကို သိသိသာသာမြင်ရလိမ့်မယ်''ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောသည်။

ယင်းအပြင် ပြည်သူအားလုံး လိုလားတောင့်တသည့်၊ ခိုင်မာသည့် ပြည်ထောင်စုဖြစ်ရန် ၁ဝ စုနှစ်တစ်စု စာအားလုံးအတူတကွ ကြိုးစားကြရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ ဆက်လက်၍ ပြည်ထောင်စု သားအချင်းချင်း တစ်ယောက်အ နာကို တစ်ယောက်ခံစားတတ်ကြ ရန်၊ တစ်ယောက်ပျော်ရွှင်မှုကို တစ်ယောက်က မုဒိတာပွားနိုင်ကြ ရန်လည်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ကမှာကြားသည်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး ခရီး လမ်းပေါ်တွင် ကချင်ပြည်နယ် အတွင်းနေထိုင်ကြသည့် တိုင်းရင်း သားပြည်သူအားလုံးအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စုစည်းညီညွတ်စွာ တွဲလက်မြဲမြံကာ ကြိုးပမ်း အကောင်အထည်ဖော် သွားကြရန် နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းထားသည်။


အဆိုပါအခမ်းအနားသို့ လူဦးရေ ထောင်ကျော်တက်ရောက် ခဲ့ကြပြီး၊ တိုင်းရင်းသားပေါင်းစုံက အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ကချင်ပြည်နယ်နေ့ အခမ်း အနားကို ပြည်နယ်အစိုးရက ကြီးမှူး၍ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း ဗဟိုကော်မတီ က ဦးဆောင်က ဇန်နဝါရီ ၁ဝရက် မှ ၁၂ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး၊ ကချင်ရိုးရာအက၊ မနော မယ်ရွေးချယ်ပွဲ၊ စင်တင်တေးဂီတ များဖြင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း သိရသည်။

MTH,HWA

#theyangontimes

Rate this item
(0 votes)
back to top