HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

AA ၏ လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စ ထိခိုက်မှုရှိမည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြော

AA ၏ လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စ ထိခိုက်မှုရှိမည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြော

နေပြည်တော်၊ ဇန်နဝါရီ ၁ဝ

လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသည့် AA ၏ လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စ ထိခိုက်မှုရှိမည်မဟုတ် ကြောင်း အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနတွင် ယနေ့ကျင်းပသော အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများနှင့်ပတ်သက်၍ လိုအပ်မည့် စည်းမျဉ်း၊ စည်းကမ်းများဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့် ပွဲအခမ်းအနားအပြီးတွင် သတင်း မီဒီယာများအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ပြန်လည်လက်ခံရေးအတွက် ကိုနိုင်ငံတော်အစိုးရအနေနဲ့ အ လေးနက်ထား ဆောင်ရွက်နေတယ်။ AA  ဒီလိုဆောင်ရွက်တဲ့အတွက် ပြန်လည်လက်ခံရေးကို ထိခိုက်မယ်လို့ ဝန်ကြီးအနေနဲ့တော့ မယူဆပါဘူး။ ဒါကြောင့်မို့လည်း တာဝန်ရှိတဲ့သူတွေက တစ်ဖက်နိုင်ငံနဲ့ ညှိ နှိုင်းပြီးတော့ အမြန်ဆုံးပြန်လည်လက်ခံနိုင်ဖို့ကို စီစဉ်ဆောင်ရွက်နေပါတယ်။ လက်ရှိအနေအထားက အဲ့ဒီဘူးသီးတောင်၊ မောင်တော ပြန်လည်လက်ခံမယ့် ငါးခူရတို့၊ တောင် ပြိုလက်ဝဲတို့မှာ ဌာနပေါင်းစုံက ဝန်ထမ်းတွေကို အသင့်အနေအထားနဲ့ထားပြီးတော့မှ အချိန်မရွေး ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက် နေပါတယ်''ဟု ပြည်ထောင်စုဝန် ကြီးဦးသိန်းဆွေက ပြောသည်။


ပြန်လည်လက်ခံရေးကိစ္စအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာအစိုးရထံသို့ လူဦးရေနှစ်သောင်း၏ စာရင်းများပေးပို့ထားပြီး ယင် အနက်မှ လက်ရှိအချိန်ထိလူဦးရေ တစ်ထောင်ကို မြန်မာနိုင်ငံက စိစစ်ထားပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့စာရင်း ပြန်လည်ပေးပို့ထားကြောင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ''ဒီ ၂ဝဝဝဝ ကျော် နဲ့ပတ်သက်ပြီး ပြည်ထဲရေးနဲ့ လဝကကစစ်တယ်။ ကိုယ့်နိုင်ငံအတွင်းမှာ နေထိုင်ခဲ့တဲ့သူသေချာတယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် တစ်ဖက်နိုင်ငံကိုပို့တယ်။ ပို့လို့ ဒီစစ်ပြီးသားလူတွေကို ပြန်ပို့မယ်ဆိုရင် အချိန်မရွေးလက်ခံနိုင်ပါတယ်။ စာရင်းပို့သော်လည်း သူတို့က လာချင်မှလာမှာကိုး။ လာမယ့်သူတွေရှိရင် ညှိနှိုင်းပြီးတော့ MoU မှာ လက်မှတ်ရေးထိုးထားတဲ့ လုပ်ငန်းစဉ်အတိုင်းလက်ခံသွားမှာ ဖြစ်ပါတယ်။ လက်ရှိစိစစ်ပြီး ၁ဝဝဝ ကျော်စာရင်း ပြန်ပို့ထားပြီးပါပြီ''ဟု သတင်းမီဒီယာများအား ပြောကြားခဲ့သည်။ 

 

Rate this item
(0 votes)
back to top