HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဒေါက်တာအေးမောင်တို့ကို စွဲချက်တင်ထားသည့် အမိန့်ကို ပယ်ဖျက်ပေးရန် လျှောက်လဲချက် ပြည်နယ် တရားလွှတ်တော် ပယ်ချ

ဒေါက်တာအေးမောင်တို့ကို စွဲချက်တင်ထားသည့် အမိန့်ကို ပယ်ဖျက်ပေးရန် လျှောက်လဲချက် ပြည်နယ် တရားလွှတ်တော် ပယ်ချ

ရန်ကုန်၊ ဇန်နဝါရီ ၁ဝ

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင် အောင်တို့ကို စွဲချက်တင်ထားသည့် အမိန့်အားပယ်ဖျက်ပေးရန် လျှောက်လဲချက်အပေါ် ရခိုင်ပြည်နယ်တရား လွှတ်တော်က ပယ်ချလိုက်သည်။ ဇန်နဝါရီ ၁ဝရက် နံနက်ပိုင်းက စစ်တွေခရိုင်တရားရုံးတွင် နှစ်ဖက် ရှေ့နေများကိုခေါ်ယူကာ ရခိုင်ပြည်နယ် တရားလွှတ်တော်က ပယ်ချခဲ့ခြင်းဖြစ်သည်။ ''ဒီနေ့ အမိန့်ချလိုက်ပါတယ်။ ပလပ်တဲ့အမိန့်ကို ချလိုက်တယ်'' ဟု စာရေးဆရာဝေဟင်အောင်၏ ရှေ့နေ ဒေါ်အေးနုစိန်ကပြောသည်။

ယင်းသို့ပယ်ချလိုက်သည့်အတွက် ဒေါက်တာအေးမောင်နှင့် စာ ရေးဆရာဝေဟင်အောင်တို့ကို မူလက စွဲဆိုထားသည့် မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော်အကြည်အညိုပျက် စေမှု ၅ဝ၅တို့ဖြင့် စစ်ဆေးရဦး မည်ဖြစ်ကြောင်း သိရသည်။အဆိုပါအမှုတွင် စာရေးဆရာ ဝေဟင်အောင်၏ သက်သေများအားလုံးကို စစ်ဆေးပြီးဖြစ်သော်လည်း ဒေါက်တာအေးမောင်၏ သက်သေနှစ်ဦးကို စစ်ဆေးရန်ကျန်ရှိနေသေးပြီး ယင်းသက်သေများကိုဆက်လက် စစ်ဆေးနိုင်ရေးအတွက် ဇန်နဝါရီ ၁၄ရက်တွင် ရုံးချိန်းပြန်လည်ချိန်းဆိုထားသည်။


အဆိုပါသက်သေများကိုစစ် ဆေးပြီးပါက အပြီးသတ်အမိန့်ချ တော့မည်ဖြစ်ကြောင်း ¤င်းတို့၏ ရှေ့နေများထံမှသိရသည်။ ဒေါက်တာအေးမောင်နှင့် စာ ရေးဆရာ ဝေဟင်အောင်တို့သည် ၂ဝ၁၈ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင် ပြုလုပ်ခဲ့သည့်စာပေဟောပြောပွဲတွင် ဟော ပြောခဲ့မှုကြောင့် ယခုကဲ့သို့ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

GC

#democracytoday

Rate this item
(0 votes)
back to top