HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အဖမ်းဆီးခံကျောင်းသားခုနစ်ဦး ပြန်လွှတ်ပေးရန် မြို့ပေါင်း ၃၈ မြို့ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ဗကသသမဂ္ဂ ကိုယ်စားလှယ်ကျောင်းသားများ မန္တလေးမြို့၌ ဆန္ဒထုတ်ဖော်

အဖမ်းဆီးခံကျောင်းသားခုနစ်ဦး ပြန်လွှတ်ပေးရန် မြို့ပေါင်း ၃၈ မြို့ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ဗကသသမဂ္ဂ ကိုယ်စားလှယ်ကျောင်းသားများ မန္တလေးမြို့၌ ဆန္ဒထုတ်ဖော်

မန္တလေး၊ ဇန်နဝါရီ ၁၁ 

ရတနာ ပုံတက္ကသိုလ်အတွင်း လုံခြုံရေး၊ သန့် ရှင်းရေးအတွက် ဝန်ထမ်းများတိုးမြှင့် ချထားပေးရေးတောင်းဆိုမှုကြောင့် ဖမ်းဆီးခံခဲ့ရသော ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)များ အဖွဲ့ချုပ်မှ ကျောင်းသားခုနစ်ဦး ပြန် လွှတ်ပေးရေးအတွက် အခြားမြို့များ ရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ မှ ဗကသသမဂ္ဂကိုယ်စားလှယ် ကျောင်း သားများက ဇန်နဝါရီ ၁၁ ရက် နံနက် ၁ဝ နာရီခန့်တွင် မန္တလေးမြို့၌ ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ ''မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်တာပါ။ တစ်နိုင်ငံလုံး မှာရှိတဲ့ ကျောင်းအားလုံးနီးပါးက သမဂ္ဂတွေစုပေါင်းပြီး လုပ်ဆောင်တာ ပါ''ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနောင် ထက်အောင်က ပြောကြားသည်။

ဖမ်းဆီးခံကျောင်းသားများ ပြန် လွှတ်ပေးရေးဆန္ဒထုတ်ဖော်မှုတွင် ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်အပါအ ဝင် မိတ္ထီလာ၊ ရမည်းသင်း၊ မကွေး၊ တောင်ငူ၊ ပခုက္ကူ၊ ချောက် စသည့် မြို့ပေါင်း ၃၈ မြို့ရှိတက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှ ဗကသသမဂ္ဂကိုယ် စားလှယ်ကျောင်းသားများပါဝင်ပြီး ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ် တရားရုံး၌အဖမ်းဆီးခံရသော ကျောင်း သားခုနစ်ဦးရုံးထုတ်ရာသို့ လာရောက် ဝန်းရံပေးခဲ့ကြကာ ယင်းမှတစ်ဆင့် မဟာမုနိရုပ်ရှင်တော်မြတ်သို့ စစ်ကိုင်း- မန္တလေးလမ်းအတိုင်း လမ်းလျှောက် ချီတက်ခဲ့၍ ဆန္ဒထုတ်ဖော်တောင်းဆို မှုများပြုလုပ်ခဲ့ကြသည်။ ''မြို့ပြင်ရောက်နေတဲ့တက္ကသိုလ် တွေလုံခြုံသွားပြီဆိုရင် ကျွန်တော်တို့ ကို ထောင်ထဲဘယ်လောက်ပဲ ထည့် ထားထည့်ထား နေလိုက်မယ်။ ကျွန်တော် တို့တောင်းဆိုချက်တွေကိုလည်း ဆက် လက်တောင်းဆိုသွားမှာဖြစ်ပါတယ်''ဟု ဖမ်းဆီးခံထားရသည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ)များအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော် သီဟရဲကျော်က ပြောကြားသည်။


ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်း က ရတနာပုံတက္ကသိုလ်ကျောင်းအ ပြင်ဘက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် ဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးနှင့် ရတနာပုံတက္ကသိုလ် ကျောင်းအုပ်ချုပ် ရေးအဖွဲ့မှ ပါမောက္ခချုပ်တို့၏ဓာတ်ပုံ များနှင့်အတူ အသုဘအခမ်းအနား ပုံစံတစ်ခုကို ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့ ချုပ်ကပြုလုပ်ခဲ့သည့်အတွက် အဆိုပါ ကျောင်းသားခုနစ်ဦးအား မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီး မှူးက တရားလိုပြုလုပ်၍ ၄၃၅/၅ဝ၅ (ခ)/၁၁၄ ဖြင့်လည်းကောင်း၊ ရဲတပ် ဖွဲ့က တရားလိုပြုလုပ်၍ ငြိမ်းချမ်းစွာစု ဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ-၁၉ဖြင့်လည်းကောင်း အသီး သီးအမှုဖွင့်လှစ်ခဲ့ပြီး တရားရုံးသို့စွဲ တင်ခဲ့ခြင်းဖြစ်သည်။

MTK

#democracytoday

Rate this item
(0 votes)
back to top