HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဦးကိုနီ လုပ်ကြံခံရသောအမှု ကြန့်ကြာအောင် မလုပ်ဟု ဇေယျာဖြိုး ဆို  

ဦးကိုနီ လုပ်ကြံခံရသောအမှု ကြန့်ကြာအောင် မလုပ်ဟု ဇေယျာဖြိုး ဆို   

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ဦးကိုနီ လုပ်ကြံခံရသောအမှုကို စွပ်စွဲခံများက ကြန့်ကြာအောင်လုပ်နေသည်ဟု တရားလိုရှေ့နေတို့၏ပြောဆိုချက်အပေါ် ဇေယျာဖြိုးက ငြင်းဆိုလိုက်သည်။ ပြီးခဲ့သည့်ရုံးချိန်းများတွင် တရားလိုရှေ့နေများက တရားခံ ပြသက်သေများ မလာရောက် ခြင်းအပေါ်အခြေခံကာ စွပ်စွဲခံ များက အမှုကြန့်ကြာအောင်ပြု လုပ်နေသည်ဟု ပြောကြားခဲ့ ခြင်းဖြစ်သည်။  ''ကျွန်တော်တို့စွပ်စွဲခံရသူ တွေ ရုံးချိန်းကလည်း ဘယ် လောက်မှမရှိဘူး။ အခုနှစ်နှစ် ပြည့်တော့မယ်။ နောက်တစ်ခုက သူတို့မီဒီယာမှာ ပြောထားတဲ့ ကျွန်တော်တို့ကြောင့် အမှုကြန့် ကြာတယ်ဆိုတာ ဘာတစ်ခုမှမ ရှိဘူး''ဟု ၎င်းကရုံးချိန်းအထွက် တွင် မီဒီယာများကို ပြောသည်။

အမှုကို အမြန်ဆုံးပြီးချင် ကြောင်း ၎င်းကဆက်လက်ပြောသည်။ ဇန်နဝါရီ ၁၁ ရက် အကြိမ် ၁ဝဝ မြောက်ရုံးချိန်းတွင် ဇေယျာ ဖြိုး၏ တရားခံပြသက်သေသုံးဦး မှာ လာရောက်ခြင်းမရှိသဖြင့် အထူးခုံရုံးက အဆိုပါသုံးဦးအား သက်သေစာရင်းမှ ပယ်ဖျက်ခဲ့ ကြောင်း မြောက်ပိုင်းခရိုင်တရား ရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က မီဒီယာများကို ပြောသည်။ အမှုတွင် ဇေယျာဖြိုးဘက်မှ တရားခံပြသက်သေနှစ်ဦးနှင့် အောင်ဝင်းဇော်ဘက်မှ တရားခံ ပြသက်သေရဲမှူးကြီး ဝင်းမင်း သိန်းအပါအဝင် စုစုပေါင်းသုံး ဦးကို စစ်ဆေးရန်ကျန်ရှိတော့ ကြောင်း၊ သက်သေများကို စစ် ဆေးပြီးစီးပါက နှစ်ဖက်အပြီး သတ် လျှောက်လဲချက်ကြားနာ ပြီးနောက် အမိန့်ချတော့မည် ဖြစ်ကြောင်း ဒုတိယခရိုင်တရား သူကြီး ဦးရဲလွင်က ပြောသည်။


ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်ရုံးချိန်းတွင် ကျန်ရှိသည့်သက် သေများကို စစ်ဆေးရန် ချိန်းဆိုထားသည်။ အမှုတွင် အရေးကြီးတရား ခံပြသက်သေအဖြစ် လာရောက် ထွက်ဆိုရန် ပျက်ကွက်နေသော လေဆိပ်လုံခြုံရေးရဲမှူးကြီးကို ဇန်နဝါရီ ၁၈ ရက် ရုံးချိန်းအထိ စောင့်ဆိုင်းပေးထားပြီး ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အမှုပြီးပြတ်မည်ဟု မျှော်လင့် ကြောင်း တရားလိုရှေ့နေ၊ တရား လွှတ်တော်ရှေ့နေ ဦးနေလက ပြောထားသည်။ အမှုတွင် တရားခံပြ သက် သေ ၇၂ ဦးအနက် ၃၃ ဦးကို ပယ်ပြီးဖြစ်သည်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ကြည်လင်းက သေနတ် ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ် ခဲ့ခြင်းမှာ နှစ်နှစ်ပြည့်မြောက် တော့မည်ဖြစ်သည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top