HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရခိုင်အရေးတွင် အစိုးရအနေဖြင့် နိုင်ငံတကာ လှည့်ကွက်ထဲ ပါမသွားရန် သတိကြီးစွာထားစေလိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်

ရခိုင်အရေးတွင် အစိုးရအနေဖြင့် နိုင်ငံတကာ လှည့်ကွက်ထဲ ပါမသွားရန် သတိကြီးစွာထားစေလိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်

AA သောင်းကျန်းသူများ ရဲကင်းလေးခုအား ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သဘောထားမှတ်ချက် တမင်တကာမထည့်သွင်းခြင်းဖြစ်ဟုဆို

ရန်ကုန်၊ဇန်နဝါရီ ၁၁

ရခိုင်အ ရေးနှင့်ပတ်သက်၍ အစိုးရအနေ ဖြင့် နိုင်ငံတကာလှည့်ကွက်ထဲပါ မသွားစေရန် သတိကြီးစွာထား စေလိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။ ဇန်နဝါရီ ၇ ရက်က သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သောသတင်း စာရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရဦးဇော်ဌေး၏ပြောကြားချက်များအပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီ ၁ဝ ရက် ထုတ် ပြန်သော ကြေညာချက်တွင်ဖော်ပြ ထားသည်။

ရခိုင်ပြည်နယ်သည် မဟာဗျူဟာအရ ကစားပွဲကဲ့သို့ဖြစ်သည့် နေရာဖြစ်ပြီး အခြားနိုင်ငံကြီးများမှ စိတ်ဝင်စားမှုများစွာရှိသည့်အတွက် လှည့်ကွက်များထဲတွင် ရခိုင်တိုင်းရင်းသားများ နားမလည်ဘဲ ပါသွားမည်ကို စိုးရိမ်ကြောင်း ဦးဇော်ဌေး၏ပြောကြားချက်မှာ ရခိုင်ပြည်သူများကို သေးသိမ်အောင်ပြောဆိုမှု တစ်ခုသာဖြစ်ကြောင်း၊ ယင်းအချက်ကို အမြဲခံနေရသည့် ရခိုင်ပြည်သူတို့က သတိရှိပြီးဖြစ်ကာ အတိမ်းအစောင်းတစ်ခုဖြစ်ခဲ့လျှင် ခံရမည့်သူများမှာ ဒေသခံရခိုင်ပြည်သူများသာဖြစ်၍ အစိုးရအနေဖြင့်သာ နိုင်ငံတကာလှည့်ကွက်များထဲတွင် ပါဝင်မသွားစေရန် သတိကြီးစွာထားစေလိုကြောင်း သတိပေးလိုသည်ဟု ယင်းကြေညာချက်တွင် ပါရှိသည်။


အတင်းအကျပ်အင်အားသုံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲဝိုင်းသို့ လာစေခြင်းထက် မိမိဆန္ဒအလျောက် လာစေခြင်းက ပိုမိုအကျိုးဖြစ်ထွန်း မှုရှိမည်ဟူသော ယင်းကြေညာချက်ပါ အကြံပြုချက်သည် ယခု ကြေညာချက်၏ အဓိကအချက် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၁၁ ရက်တွင် ပြောသည်။ ယင်းထုတ်ပြန်ချက်တွင် AA သောင်းကျန်းသူများက ရဲကင်း လေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ သဘောထားမှတ်ချက်တစ်စုံတစ်ရာပါဝင် ခြင်းမရှိခြင်းအပေါ် ဒီမိုကရေစီတူ ဒေးကမေးမြန်းရာ တမင်တကာ မထည့်သွင်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။


''အဲဒီမှတ်ချက်က ပေးကိုမပေးထားတာ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ စစ်ရေးအရလိုအပ်တာ ရှိနိုင်တယ်လေ။ တချို့ဟာတွေက ကျွန်တော်တို့အနေနဲ့ကျတော့ ဒီ ဟာကို ပြောလို့မဖြစ်ဘူး။ ဒီဘက်ကလည်း အဲဒီကိစ္စကိုနောက်ကျောထိုးတာလို့ ဘာတို့ ညာတို့ဆိုတာ သုံးလာတယ်လေ။ စစ်ရေးအရ တော့ သူတို့မှာ တခြားဟာတွေရှိပါလိမ့်မယ်''ဟု ၎င်းက ပြောသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အ နေဖြင့် မိမိတို့ဒေသတွင် စစ်ရေး ပဋိပက္ခဆက်လက်ဖြစ်ပွားနေခြင်း ကြောင့် ဖြစ်ပေါ်လာမည့် ဆိုးရွားသည့်အကျိုးဆက်များ မဖြစ်စေလို၍လည်းကောင်း၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ဖော် ဆောင်ရာတွင် အဟန့်အတားမဖြစ် စေလို၍လည်းကောင်း သဘောထား ကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ယင်းကြေညာချက် တွင်ပါရှိသည်။


ရခိုင်တိုင်းရင်းသားပြည်သူများ၊ လူကြီးသူမနှင့် သြဇာကြီးမားသည့် ရဟန်းသံဃာများအနေဖြင့် AA သောင်းကျန်းသူများနှင့် ပူး ပေါင်းမှုမပြုလုပ်ရန်နှင့် သောင်းကျန်းသူ နယ်မြေစစ်ဆင်ရေးလုပ်ရန် တပ်မတော်ကို ညွှန်ကြားထား ကြောင်း နိုင်ငံတော်သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ပြော ကြားချက်သည် ပြဿနာကို နိုင်ငံ ရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေ မရှာဘဲ ရဟန်းသံဃာ လူကြီးသူမ အပါအဝင် ရခိုင်ပြည်သူတို့ကိုပါ အကျပ်ကိုင် ခြိမ်းခြောက်ခြင်းနည်း လမ်းဖြင့်ဖြေရှင်းရန် ကြိုးပမ်းဖြစ်သဖြင့် လက်မခံနိုင်ကြောင်း ယင်း ကြေညာချက်တွင် ပါရှိသည်။

NT

#democracytoday

Rate this item
(0 votes)
back to top