HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

''နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးက မဲပေးနိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ဒါကြောင့်မို့ နှစ်နှစ်တော့ လိုသေးတယ်။ ဒါပေမဲ့ ၂ဝ၁၉ ခုနှစ် တစ်နှစ်လုံးကိုတော့ မဲစာရင်းကို ပြည့်စုံမှန်ကန်အောင်ပြုစုမယ်''

''နိုင်ငံသား တစ်ယောက်ရဲ့  အခွင့်အရေးက မဲပေးနိုင်ဖို့က အရေးကြီးဆုံးပါပဲ။  ဒါကြောင့်မို့ နှစ်နှစ်တော့ လိုသေးတယ်။ ဒါပေမဲ့ ၂ဝ၁၉ ခုနှစ် တစ်နှစ်လုံးကိုတော့ မဲစာရင်းကို ပြည့်စုံမှန်ကန်အောင်ပြုစုမယ်''

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းသင်တန်း (ဆရာဖြစ်သင်တန်း)လုပ်ငန်းစဉ်ဆောင်ရွက်ခြင်းကို နေပြည်တော် Grand Amara Hotel တွင် ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ကြောင်းသိရသည်၊၊ တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းသင်တန်း (ဆရာဖြစ်သင်တန်း)နှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းနှင့် သတင်းမီဒီယာများတွေ့ဆုံမေးမြန်းဖြေကြားမှုများကို စုစည်းတင်ပြလိုက်ရပါသည်၊၊

မေး ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂ဝ၂ဝ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ဘာတွေလုပ်နေပါသလဲ၊၊ 

ဖြေ ။ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲမဲစာရင်းကတော့ ၂ဝ၁၅ ခုနှစ်က မဲစာ ရင်းကိုအခြေခံပြီးလုပ်ပါတယ်။ အခုလာမယ့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲကတော့ မဲစာရင်းအသစ် ပြုစုတာဖြစ်ပါတယ်။ ဒီလိုပြုစုတဲ့နေရာမှာ အမှား အယွင်းတွေနည်းအောင်၊ ပြည့်စုံမှန်ကန်မှုရှိအောင် အခု နေပြည်တော် Grand Amara Hotel မှာ တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ် ငန်း စတင်ဆောင်ရွက်ခြင်းသင်တန်း (ဆရာဖြစ်သင် တန်း)ကို ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်ထိ ဆောင် ရွက်တာဖြစ်ပါတယ် ။

 

မေး ။ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ၂ဝ၁၉ ခုနှစ် တစ်နှစ်လုံးမှာ မဲစာရင်းပြုစုခြင်းလုပ်ငန်းကို လုပ်ဆောင်မယ်လို့သိရပါတယ်၊၊ အဲဒါနဲ့ ပတ်သက်ပြီးပြောပြပေးပါ၊၊

ဖြေ ။ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းကမှန်ကန်ဖို့အရေးကြီးဆုံးပါ။ နိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေးက မဲပေးနိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ဒါကြောင့်မို့ နှစ်နှစ်တော့လိုသေး တယ်။ ဒါပေမဲ့ ၂ဝ၁၉ ခုနှစ် တစ်နှစ်လုံးကိုတော့ မဲစာရင်းကို ပြည့်စုံမှန်ကန်အောင်ပြုစုမယ်ဆိုပြီး တော့ ရည်ရွယ်ပြီးဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ပါတယ်။

 

မေး ။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာဆိုရင် မဲစာရင်းကြည့်ရတာ အဆင်မပြေတာ၊ မဲစာရင်းတွေမှားယွင်းတယ်ဆိုပြီး ဝေဖန်ခံရတာတွေအနည်းအကျဉ်း ရှိခဲ့ပါတယ်၊၊ လာမယ့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အဲဒီလိုမျိုးဖြစ်ရပ်တွေ မဖြစ်အောင် ဆောင်ရွက်ဖို့ဘယ်လိုများစီစဉ်ထားပါသလဲ၊၊

ဖြေ ။ ဒါကြောင့်မို့ ၂ဝ၁၅ တုန်းက ပါခဲ့တဲ့အား နည်းချက်တွေကို လေ့လာသုံးသပ်ပြီးတော့ အဲဒီ အားနည်းချက်တွေကိုပြင်ဆင်ပြီးတော့ လာမယ့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အဲဒီလိုအားနည်း ချက်တွေထပ်မံမဖြစ်ပေါ်အောင် ကျွန်တော်တို့ ကြို တင်ဆောင်ရွက်တဲ့အနေနဲ့ ဒီသင်တန်းပြုလုပ်တာ ဖြစ်ပါတယ်။

 

မေး ။ ၂ဝ၁၉ ခုနှစ်မှာ မဲစာရင်းကောက်ယူပြုစုမယ်ဆိုတဲ့ လုပ်ငန်းစဉ်လေးကို သိပါရစေ၊၊

ဖြေ ။ ပထမဆုံးအစီအစဉ်က ကျွန်တော်တို့ မဲစာ ရင်းလုပ်ငန်းဟာ ဝန်ကြီးဌာနနှစ်ခုနဲ့ပူးပေါင်းပြီး ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့ က မဲစာရင်းပြုစုဖို့သက်သက်ပါပဲ။ ဒီပြုစုလို့ရတဲ့ အချက်အလက်ကို ဘယ်ကအခြေခံသလဲဆိုရင် ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဆောင်ရွက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေး ရွာအုပ်ချုပ်ရေးမှူးတွေက သူ့ရဲ့ရပ်ကွက်၊ ကျေးရွာ အတွင်းမှာရှိတဲ့ လူဦးရေအမှန်စာရင်းကို ရယူရပါ မယ်။ အဲဒီလူဦးရေ အမှန်စာရင်းရယူပြီးမှ ဒီလူဦး ရေအမှန် စာရင်းမှာပါတဲ့လူတွေက အမျိုးသားမှတ် ပုံတင်နံပါတ်တွေ၊ နိုင်ငံသားတွေ၊ အသက်တွေကို မှန်ကန်မှုရှိအောင် ကျွန်တော်တို့ကလူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနနဲ့ ပြန်လည်စိစစ်ပါတယ်။ သူတို့ ဆီကစိစစ်လို့ မှန်ကန်မှုရှိတယ်ဆိုရင် အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့က မဲစာရင်းပြုစုပါ တယ်။ မဲစာရင်းပြုစုပြီးတဲ့အခါ ပဏာမမဲစာရင်း ပြုစုပြီးတဲ့အခါ ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးတွေ မှာ မဲစာရင်းတွေကို အပြည့်အစုံကပ်ပါတယ်။ စာရင်းကပ်တဲ့အခါမှာ ပြည်သူတွေကလာ ကြည့်ဖို့ လိုပါတယ်။ ဘာကြည့်ရမလဲဆိုရင် ကိုယ့်မဲစာရင်း ပါလား၊ မပါလားကြည့်ဖို့လိုပါတယ်။ မပါဘူးဆိုရင် ပုံစံ(၃)ကိုအခြေခံပြီးတော့ ကိုယ့်မဲစာရင်းပြန်လည် ထည့်သွင်းပေးဖို့ တောင်းဆိုဖို့လိုပါတယ်။ အဲဒီလို တောင်းဆိုတဲ့အခါကျရင် အဲဒီပုံစံကို အခြေခံထား ပြီးတော့ မဲစာရင်းကိုမှန်ကန်မှုရှိဖို့ စစ်ဆေးပြီးတော့ ဖြည့်စွက်ပေးမှာရှိပါတယ်။ ဒါကြောင့် အဲဒီလုပ်ငန်း မှာ မဲစာရင်းမပါမဖြစ်ရအောင် ကျွန်တော်တို့ဘက် ကလည်း မှန်ကန်အောင်ပြုစုဖို့လိုတယ်။ မဲဆန္ဒရှင် တွေကလည်းလာရောက်ကြည့်ရှုပြီး မဲစာရင်းမပါ ရင်တောင်းဆိုဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက်ဆောင် ရွက်မှ ပြည့်စုံတဲ့မဲစာရင်းကဖြစ်လာမှာပါ။

 

မေး ။ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းမှန်ကန်နိုင်ဖို့ ရာခိုင်နှုန်း ဘယ်လောက်အထိရှိဖို့ အာမခံနိုင်မလဲ၊၊

ဖြေ ။ ဒါက ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးတို့ သုံးဦးပေါင်းစပ်ဖွဲ့စည်းပြီးတော့ ဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်တစ်ဖွဲ့ ကချို့ယွင်းသွားရင် အားနည်းချက်ရှိလာမှာပဲ။ ဒါ ကြောင့်မို့ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ အားနည်းချက်မရှိအောင် ဆောင်ရွက်ပေးမှာပါ။ ဝန်ကြီးဌာန နှစ်ခုကလည်း ကျွန်တော်တို့ကိုအား ဖြည့်ပြီးတော့ကူညီပေးရင် ဒီဥစ္စာက ပြည့်စုံသွား မယ်လို့ထင်ပါတယ်။

 

မေး ။ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက် ပွဲတွေဖြစ်အောင် ကော်မရှင်အနေနဲ့ ဘယ်လိုများကြိုးစားမလဲ၊၊

ဖြေ ။ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် စံငါး ချက်ထားပါတယ်။ တစ်အချက်က ရွေးကောက်ပွဲ ကလွတ်လပ်မှုရှိရမယ်။ နှစ်အချက်က တရားမျှတမှု ရှိရမယ်။ သုံးအချက်က ပွင့်လင်းမြင်သာမှုရှိရမယ်။ လေးအချက်က အများယုံကြည်တဲ့ရွေးကောက်ပွဲ ဖြစ်ရမယ်။ ငါးအချက်က ရွေးကောက်ပွဲရလဒ်က ပြည်သူ့ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ ဒီစံငါးချက်နဲ့ ညီအောင် ဦးတည်ပြီးဆောင်ရွက်နေပါတယ်။

 

မေး ။ အဲဒီ စံငါးချက်နဲ့ညီဖို့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးတွေ၊ ပြည် တွင်း လေ့လာစောင့်ကြည့်ရေးတွေ၊ မီဒီယာတွေနဲ့ပတ်သက်လို့ ဘယ်လောက်အထိ ခွင့်ပြုဖို့စဉ်းစားထားပါသလဲ၊၊

ဖြေ ။ ဒါက ကျွန်တော်တို့အရင်ကတည်းကခွင့်ပြု ပြီးသားပါ။ ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ စောင့် ကြည့်လေ့လာသူတွေလိုက်နာရမယ့် စည်းကမ်း ချက်တွေရှိပြီးသားပါ။ သူတို့ကို ဒီစည်းကမ်းချက် တွေနဲ့အညီ ဆောင်ရွက်ပေးဖို့လွတ်လပ်စွာ လေ့ လာဖို့ခွင့်ပြုထားပြီးဖြစ်ပါတယ်။

 

မေး ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မဲရုံမှူးတွေကို တိုင်ကြားထားတာတွေ ရှိတယ်၊၊ လာမယ့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ တိုင်ကြားမှုတွေဖြစ်ပေါ်လာရင် ဆောင်ရွက်ဖို့ ဘယ်လိုပြင်ဆင်ထားပါသလဲ၊၊

ဖြေ ။ မဲရုံမှူး၊ ဒုမဲရုံမှူးတွေ၊ မဲရုံမှူး အဖွဲ့ဝင်တွေ လိုက်နာဆောင်ရွက်ရမယ့် လမ်းညွှန်ချက်ကရှိပြီး သားပါ။ အဲဒီအတိုင်း အတိအကျဆောင်ရွက်ရင် ကျွန်တော်တို့ ဘာမှအားနည်းချက်မရှိပါဘူး။ တစ် ခါတလေ ချို့ယွင်းချက်ရှိသွားရင် အဲဒီစည်းကမ်းကို ဖောက်ဖျက်လို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ ၂ဝ၂ဝ ပြည့်နှစ်မှာ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံမှူးအဖွဲ့ဝင်တွေ ဆောင်ရွက်ရမယ့်လုပ်ငန်းစီမံချက်ကို တိတိကျကျ လိုက်နာဖို့ညွှန်ကြားပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။

 

မေး။ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌတွေကို ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်ခင် မှာ ထွက်ချင်ရင်ထွက်နိုင်တယ်လို့ ဥက္ကဋ္ဌကြီးက ပြောထားတာရှိတယ်ဆိုတဲ့အပေါ် မှာရော ဘယ်လိုမြင်ပါသလဲ၊၊

ဖြေ ။ အဲဒါက ဂျာနယ်တွေမှာ ချက်ချင်းအတို ကောက်ရေးလို့ဖြစ်သွားတာပါ။ ကျွန်တော်က မေတ္တာရပ်ခံတာပါ။ တချို့ ကော်မရှင်အဖွဲ့ဝင်တွေက ကျန်းမာရေး ချို့တဲ့လာတာတွေရှိတယ်။ အသက် အရွယ်ကြီးလာလို့ဖြစ်စေ၊ ရောဂါရှိခဲ့ရင်၊ ကျန်းမာ ရေးအားနည်းချက်ရှိခဲ့ရင် လုပ်ငန်းကိုအပြည့်အဝ ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ ဒါကို ကျွန်တော် က အားနာတဲ့အနေနဲ့ ကိုယ်ချင်းစာတဲ့အနေနဲ့ ကျန်းမာရေးမကောင်းရင်တော့ အားနာမနေနဲ့၊ လုပ်ငန်းတွေက အပြည့်အဝဆောင်ရွက်နေချိန်မှာ ကျန်းမာရေးအကြောင်းပြပြီးနားလို့တော့ မဖြစ် ဘူး။ အဲဒါကြောင့် ကြိုတင်နားပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့လုပ်ငန်းတွေက ဒီကနေ့ တာဝန်ပေး၊ ဒီကနေ့ ဆောင်ရွက်လို့ရတဲ့လုပ်ငန်းတွေ မဟုတ်ပါဘူး။ သင်တန်းတွေပေး၊ လေ့လာရေးတွေ ပေးပြီးမှ ဆောင်ရွက်တာဖြစ်တဲ့အတွက် ရုတ်တ ရက်ရွေးကောက်ပွဲအလို နှစ်လ၊ သုံးလနေမှ ကျွန် တော့်ကိုထွက်ခွင့်ပေးပါဆို။ လုပ်ငန်းကြီးက သူ့ကို တာ ရပ်သွားရင် ကျွန်တော်တို့က နောက်ထပ်အစား ထိုးရင် ချက်ချင်းမရဘူး။ သင်တန်းတွေပေးထား ရသေးတယ်။ လူတစ်ယောက်က ချက်ချင်းဝင်ပြီး ဆောင်ရွက်လို့မရဘူး။ အဲဒါကိုရည်ရွယ်ပြီးပြော တာပါ။ ဒီအလုပ်က ပရဟိတအလုပ်ပါ။ ကျွန်တော် တို့က လခပေးထားတာမဟုတ်ဘူး။ ကိုယ်ချင်းစာ တဲ့အနေနဲ့ပြောတာ။ မိမိအိမ်ရဲ့ စီးပွားရေးလုပ်ငန်း တွေမှာ မိမိပါဝင်မှ မိမိပါဝင်ဆောင်ရွက်မှဖြစ်မယ် ဆိုရင် ကော်မရှင်လုပ်ငန်းတွေမှာ မထိရောက်ပါ ဘူး။ ဒါကြောင့် စီးပွားရေးမှာ ကိုယ့်အခြေအနေနဲ့ ကိုယ်ကြည့်ပြီးတော့ အားမနာပါနဲ့။ စီးပွားရေးလုပ် ငန်းတွေမှာ အခက်အခဲရှိနေလို့ အချိန်ပြည့်ကော် မရှင်မှာတာဝန်မယူနိုင်ဘူးဆိုရင် ထွက်ခွင့်တင်ပါလို့ မေတ္တာရပ်ခံတာပါ။ သူတို့ကိုလည်းကိုယ်ချင်းစာ ပြီးပြောတာပါ။ သူတို့ကို တုံးတိကြီး သူတို့ကိုထွက် ကြပါလို့ခိုင်းတာမဟုတ်ပါဘူး။ ကူညီဆောင်ရွက် နေတာဝမ်းသာတယ်။ ဂုဏ်လည်းယူတယ်။ သို့ပေ မယ့် ကျန်းမာရေးချို့တဲ့လို့ဖြစ်စေ၊ စီးပွားရေးလုပ် ငန်းမှာ အနှောင့်အယှက်ဖြစ်လို့ဖြစ်စေထွက်ခွင့်ပြု ပါတယ်လို့ ကြိုတင်မေတ္တာရပ်ခံတာပါ။

 

မေး ။ အခု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနကနေ အစိုးရရုံးဝန်ကြီးဌာနအောက်ရောက်သွားတော့ ရွေးကောက်ပွဲကိစ္စတွေမှာ ရွေးကောက် ပွဲကော်မရှင်အနေနဲ့ လုပ်ငန်းဆောင်ရွက်မှုအနေအထားဘယ်လိုရှိမလဲ၊၊

ဖြေ ။ ကျွန်တော်တို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လမ်းညွှန်ချက်အတိုင်းသွားမှာ ဖြစ်တဲ့အတွက် ဘယ်ပဲရောက်ရောက် အခြေခံလူဦး ရေစာရင်းကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကပဲကူညီမှာပါ။ ဒါကြောင့် ဘယ်ဌာနအောက် ရောက်သွားရောက်သွား ကျွန်တော်တို့အတွက်တော့ ဘာမှအခက်အခဲမရှိဘူး။

MO (NPT)

#democracytoday

Rate this item
(0 votes)
back to top