HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နိုင်ငံတော်သမ္မတ သယ်ဆောင်သွားသော မွန်ပြည်နယ်မှတိုင်စာများ ပြန်လည်စိစစ်ရန် မွန်ပြည်နယ် အစိုးရထံပေးပို့

နိုင်ငံတော်သမ္မတ သယ်ဆောင်သွားသော မွန်ပြည်နယ်မှတိုင်စာများ ပြန်လည်စိစစ်ရန် မွန်ပြည်နယ် အစိုးရထံပေးပို့
မော်လမြိုင်၊ဇန်နဝါရီ၁၂
 
နိုင်ငံ တော်သမ္မတကြီး ဦးဝင်းမြင့် ဒီဇင်ဘာ ၁၄ ရက်ကပထမဆုံးအကြိမ် မွန်ပြည်နယ်သို့လာရောက်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ နှင့် တွေ့ဆုံပြီးအပြန်တွင် ဒေသခံ ပြည်သူများ တိုင်ကြားသောတိုင် ကြားစာ ၇၉ စောင်အနက်တိုင် ကြားစာအစောင် ၃၀ ကိုပြန်လည် စိစစ်ရေးအတွက် မွန်ပြည်နယ်အ စိုးရထံ ပြန်လည်ပေးပို့ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန် ကြားရေးမှူး ဦးမြင့်သန်းဝင်းကဇန် နဝါရီ ၁၁ ရက်ကပြောသည်။

"နိုင်ငံတော်သမ္မတရုံးကနေ ပြီး၊ တိုင်စာတွေပြန်လည်စိစစ်ဖို့မွန်ပြည်နယ်အစိုးရအဖွဲ့ကိုပို့တာ ၂၅ စောင်၊ သမ္မတရုံးကပဲဝန်ကြီး ဌာနတွေကို စိစစ်ဖို့ပေးလိုက်တဲ့ တိုင်စာငါးစောင်၊ ကျန်တာတွေက တော့ သမ္မတရုံးကထပ်ပေးဦးမယ် ထင်ပါတယ်။ ပေးပို့လာတဲ့တိုင်စာ တွေထဲမှာ အများဆုံးကတော့ ဘိုး ဘွားပိုင်မြေ၊ လယ်ယာမြေပြဿနာ တွေကအများဆုံးပါပဲ။ စိုက်ပျိုးမြေ ပြန်လည်ရရှိရေး၊ အမည်ပေါက် လယ်ယာမြေကိစ္စ၊ မြေပိုင်ဆိုင်မှု အထောက်အထားမှန်ကန်ရေး ပြန် လည်စိစစ်ပေးဖို့ကိစ္စ၊ ဆုံးဖြတ်ပြီး သား ဆုံးဖြတ်ချက်တွေကိုပြန်ပြီး စောဒကတက်တဲ့တိုင်စာ၊ စွန့်လွှတ် မြေမူလပိုင်ရှင်ပြန်လည်ရရှိရေး ကိစ္စ၊ မြေယာစီမံခန့်ခွဲမှုဆက်လက် ဆုံးဖြတ်မှုကိစ္စ၊ အသိမ်းခံမြေ ပြန် လည်ရရှိရေးနဲ့ မြေပြန်ပေးရမယ့် ဟာကို တာဝန်ရှိသူတွေက အချိန် ကြန့်ကြာအောင် ဆောင်ရွက်နေ တဲ့ ကိစ္စမျိုးတွေပဲ ဖြစ်ပါတယ်"ဟု ဦးမြင့်သန်းဝင်းက ပြောသည်။


ယင်းအပြင်စည်ပင်သာယာ နှင့်ဆိုင်သော ခွင့်ပြုချက်မရှိ နေ အိမ်ဆောက်လုပ်ခြင်းကိစ္စ၊ အ ဆောက်အအုံများ ဖျက်သိမ်းခွင့် ရပ်ဆိုင်းခံထားရသည့် ကိစ္စများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို တိုင်ကြားထားသော တိုင်စာများ လည်း ပါဝင်ကြောင်း သိရသည်။ "အဲဒီတိုင်စာတွေကို အဖွဲ့ ဖွဲ့ပြီး ပြန်လည်စစ်ဆေးတာတို့၊ သက်ဆိုင်ရာဌာနကို လွှဲပြောင်းစစ် ဆေးတာတို့လုပ်နေပါပြီ။ စစ်ဆေး တွေ့ရှိချက်တွေ ပေါ်ပေါက်ချက် တွေ၊ သုံးသပ်ချက်တွေရရှိရင်နိုင်ငံ တော်သမ္မတရုံးကို ပြန်လည်ပေးပို့ သွားဖို့ဆောင်ရွက်နေပါတယ်"ဟု ဦးမြင့်သန်းဝင်းကပြောသည်။

AHO
#Democracytoday
Rate this item
(0 votes)
back to top