HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ကမန် မှတ်ပုံတင်ကိစ္စ ခုံရုံးဖွဲ့စစ်ဆေးမှု အဖြေထွက်လာပါက တိတိကျကျ အရေးယူမည်

ကမန် မှတ်ပုံတင်ကိစ္စ ခုံရုံးဖွဲ့စစ်ဆေးမှု အဖြေထွက်လာပါက တိတိကျကျ အရေးယူမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ဝန် ထမ်းများ လာဘ်စားမှုရှိနေသည် ဟု ဝေဖန်ခံနေရသည့် ကမန်မှတ် ပုံတင်ကိစ္စ ခုံရုံးဖွဲ့စစ်ဆေးမှုအဖြေ ထွက်လာပါက တိတိကျကျအရေး ယူမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောသည်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ နယ် ကျောက်နီမော်ကျေးရွာနေ လူဦးရေ ၃၃၀ဝ ကျော်ကို ကမန် တိုင်းရင်းသားအဖြစ် မှတ်ပုံတင် ထုတ်ပေးခဲ့သည့်အနက် ပြန်လည် စိစစ်နေရသည့် ၂၁ ဦး၏ ဖြစ်ရပ် မှာ ရုံးလုပ်ငန်းအားနည်းမှုကြောင့် လား၊ စာရွက်စာတမ်း အားနည်း မှုကြောင့်လား၊ လူ၏အားနည်းမှု ကြောင့်လား၊ မသမာမှုကြောင့် လားဆိုသည်ကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေဆဲသာဖြစ် ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

လှိုင်သာယာမြို့နယ်ရှိ ဘိုဂတ် အထည်ချုပ် ထရိန်နင်သင်တန်း ကျောင်းကို ဇန်နဝါရီ ၁၂ ရက် က လာရောက်လေ့လာစဉ် ယင်း သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။  "အဲ့ဒီစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ် မူတည်ပြီး တော့မှ ဖြစ်ပေါ်တဲ့ကိစ္စတွေကို ဝန်ထမ်းစည်း မျဉ်းစည်းကမ်းဥပ ဒေနဲ့အညီ တိတိကျကျအရေးယူ သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ဆေးနေဆဲပဲဖြစ်ပါတယ်။ လက် ရှိပြောဆိုနေတဲ့ ၃၃၀ဝ ကျော်လုံး ဆိုတာကို စစ်ပြီးပါပြီ။ စစ်တဲ့အခါ မှာ ရုံးချုပ်မှာ အဲ့ဒီကေ့စ်တွေကို ခေါ်ပြီးတော့ ယူလိုက်တယ်။ ယူ ပြီးတော့မှ ရုံးချုပ်မှာ ဒုတိယညွှန် ကြားရေးမှူးအပါအဝင် ၁၂ ယောက် ဦးစီးတဲ့အဖွဲ့နဲ့ မှတ် တမ်းမှတ်ရာတွေနဲ့ တိုက်ဆိုင်စစ် ဆေးလိုက်တယ်။ စစ်ဆေးတဲ့ အခါမှာ သူတို့ထုတ်ပေးလိုက်တာ တွေအားလုံးက စာရွက်စာတမ်း အထောက်အထားအရ ဒါ ဥပဒေ နဲ့ညီညွှတ်ပြီးတော့မှ မှန်ကန်တဲ့ သူတွေဖြစ်ပါတယ်။ ဒီ ၂၁ ဦး သာ အားနည်းချက်တွေရှိနေလို့ ပြန်စစ်ရခြင်းဖြစ်ပါတယ်"ဟု ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။ 


ပြန်လည်စစ်ဆေးနေရသည့် ၂၁ ဦးသည် နိုင်ငံသားမှန် ကန်ကြောင်း၊ သို့သော် ၎င်းတို့၏မျိုးရိုးစဉ်ဆက်ကိုကြည့်ပါက တချို့ကို ဘင်္ဂါလီ-ကမန်၊ တချို့ ကို အိန္ဒိယ -ကမန်နှင့် တချို့ကို ကမန်ဆိုပြီး ထုတ်ပေးရမည် ဖြစ်ကြောင်း လက်ရှိတွင် ယင်းလွဲ မှားမှုများကို စိစစ်နေဆဲဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ အချို့နှင့် ကမန်တိုင်းရင်းသား ပါတီ တို့က လက်ရှိ မှတ်ပုံတင်ထုတ် ပေးထားသည့် လူဦးရေ ၃၃၀ဝ ကျော်စလုံးသည် ကမန်တိုင်းရင်း သားများမ ဟုတ်ကြောင်း၊ လာဘ် စားမှုများရှိနေကြောင်း ဝေဖန် ပြောဆိုမှုများရှိသည့်အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ပါ တိုင်ကြားထား ခြင်းဖြစ်သည်။ 

KSK
#Democracytoday

Rate this item
(0 votes)
back to top