HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဗိုလ်ချုပ်ကို လက်ဆောင်ပေးခဲ့သည့် ချင်းစောင်ကို ယနေ့အထိ ထိန်းသိမ်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆို

ဗိုလ်ချုပ်ကို လက်ဆောင်ပေးခဲ့သည့် ချင်းစောင်ကို ယနေ့အထိ  ထိန်းသိမ်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ဗိုလ်ချုပ် အောင်ဆန်းကို လက်ဆောင်ပေး ခဲ့သည့်ချင်းစောင်ကို ယနေ့အထိ ထိန်းသိမ်းထားကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။ ဇန်နဝါရီ ၂၁ ရက်၊ ချင်းပြည် နယ်မြောက်ပိုင်းခရီးစဉ်အတွင်း ဖလမ်းမြို့လူထုနှင့်တွေ့ဆုံပွဲတွင် ¤င်းကအထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ ''ဖေဖေ့ကိုပေးတဲ့ ချင်းစောင်ဆိုရင် အခုထက်ထိအောင် ကျွန်မ ဆီမှာရှိတယ်။ ထိန်းသိမ်းထား ပါတယ်''ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်ခရီးစဉ်အတွင်း ချင်းလူမျိုးများသည် ရိုးရာချင်းစောင် ထက် နိုင်ငံခြားမှတင်သွင်းလာ သောစောင်များ အသုံးပြုနေသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ ရိုးရာချင်း စောင်မှာ အလွန်ကောင်းမွန်သဖြင့် တန်ဖိုးထားရသော အရာတစ်ခု ဖြစ်ခဲ့ကာ ချင်းစောင်လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးစေရန် အားပေးကူ ညီလိုကြောင်း ၎င်းက ပြောသည်။


''ဟားခါးမှာအေးတယ်မလား၊ ဖလမ်းထက်ပိုပြီးအေးတယ်။ တော် တော်ချမ်းတယ်၊ နံနက်ကြည့်လိုက် တဲ့အခါ လမ်းမှာစောင်ကြီးတွေခြုံ ပြီးထွက်ကြတယ်၊ ခြုံနေတဲ့စောင် တွေက ချင်းစောင်တွေမဟုတ်ဘူး၊ နိုင်ငံခြားကနေပြီးသွင်းထားတဲ့စောင် တွေ။ ကျွန်မတို့ငယ်ငယ်က စောင် ဆိုလို့ရှိရင် မြေပြန့်ကလုပ်တဲ့စောင် တွေထက် ချင်းစောင်ဆိုတာတန်ဖိုး ရှိတယ်။ တကယ်လည်းကောင်း တယ်''ဟု ၎င်းက ပြောသည်။ ယင်းကြောင့် ချင်းစောင်လုပ် ငန်းများ ပြန်လည်ရှင်သန်လာစေ ရန် အစိုးရက ကူညီပေးသင့်သကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များကကူညီသင့်ကြောင်း ၎င်းက ဆိုသည်။


''ကျွန်မတို့ငယ်ငယ်တုန်းက လည်း ချင်းစောင်ပဲခြုံခဲ့ရတယ်။ချင်းစောင်ဆိုရင် တစ်ယောက်ကို တစ်ထည် ကလေးတွေကိုပေးထား တယ်၊ ကိုယ့်စောင်လေးနဲ့ကိုယ်၊ အဲဒီကိုယ့်စောင်လေးကို အရမ်းကို ကျွန်မတို့တွယ်တာသွားတယ်၊ စောင် က ဟောင်းဟောင်းလာလည်း ပြောင်းပေးမယ်ဆိုလည်း မပြောင်း သေးဘူး၊ ကျွန်မခုထက်ထိ မှတ်မိ သေးတယ်၊ စောင်နှစ်ထည်ပဲ ကျွန်မ တို့ခြုံခဲ့ရတယ်၊ ပထမစောင်ကနီညို ကွက်၊ နောက်စောင်တစ်ထည်က အစိမ်းကွက်၊ ကျွန်မကစောင်နီညို ကွက်ကို ဆက်ပြီးသုံးပါမယ်လို့ဆို တာ မေမေတို့ကအတင်းကိုယူပြီး တော့ အသစ်ဆိုပြီးနောက် တစ် စောင် အစိမ်းကွက်ကိုအစားထိုးပေး တယ်။ ကျွန်မတို့ချင်းစောင်ကို အဲဒီ လောက်အထိကို တန်ဖိုးထားတယ်။ အဲဒီချင်းစောင်လုပ်ငန်းကို ကျွန်မတို့ ပြန်ရှင်သန်အောင် လုပ်စေချင်တယ်။ ကောင်းကောင်းမွန်မွန်ချည်နဲ့ ခု ခေတ်ဆိုရင် ပိုးလေးနည်းနည်းထည့် ပြီး ရက်တာမျိုးတွေဖြစ်နိုင်တယ်။ သဘာဝချည်နဲ့ပေါ့နော်။ ချင်းစောင် လုပ်ငန်းတွေကို ကျွန်မပြန်ပြီးတော့ အားပေးချင်တယ်''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။


ယင်းအပြင် ချင်းတိုင်းရင်းသား ဝတ်စုံသည် အင်မတန်လှပပြီး ဆွဲ ဆောင်မှုရှိသဖြင့် ရိုးရာဝတ်စုံ မပျောက်သွားအောင်၊ ရိုးရာရက် အထည်ကိုလည်း အားပေးချင် ကြောင်းလည်း ၎င်းက ပြောသည်။ ''တောင်ပိုင်းချင်းပြည်မှာဆိုလို့ ရှိရင် ရိုးရာအထည်တွေကို တကယ့် သဘာဝချည်တွေနဲ့ရက်ပြီး စီးပွား ရေးလုပ်တာအတိုင်း အတာတစ်ခု ထိအောင်မြင်တယ်။ တော်တော်ဈေး ကြီးတယ်၊ ဈေးကြီးပေမယ့် သူ့လက် ရာကကောင်းလွန်းလို့ အမြဲတမ်းနိုင်ငံ ခြားဈေးကွက်ကိုရောင်းရတယ်''ဟု ၎င်းက ထပ်မံပြောသည်။

NT

#democracytoday

Rate this item
(0 votes)
back to top