HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အာဖဂန်နစ္စတန် စစ်တပ်စခန်းကို တာလီဘန်တို့ ဝင်တိုက်၊ ၁၂ ဦးသေဆုံး

အာဖဂန်နစ္စတန် စစ်တပ်စခန်းကို တာလီဘန်တို့ ဝင်တိုက်၊ ၁၂ ဦးသေဆုံး

ကဘူးလ်၊ ဇန်နဝါရီ ၂၂

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်နှင့်မဝေးသော ပြည်နယ် ရှိစစ်စခန်းနှင့် ရဲသင်တန်းကျောင်း တို့အား တာလီဘန်သူပုန်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦးသေဆုံးပြီး ၃ဝ ကျော် ဒဏ်ရာရရှိသွားခဲ့ကြောင်း AP သတင်းက ဇန်နဝါရီ ၂၂ ရက်တွင် ဖော် ပြလိုက်သည်။

အဆိုပါဒေသ၏ ပြည်သူ့ ကျန်းမာရေးဌာနတာဝန်ခံ ဆေ လမ်အက်စ်ဂါခီးလ်ကပြောကြား ရာတွင် မိုင်ဒမ်ဝါဒတ်ပြည်နယ်၌ တိုက်ခိုက်မှုဖြစ်ပွားရာတွင် သေဆုံးသူများမှာ စစ်သား များဖြစ်ကြောင်း၊ ဒဏ်ရာရသူ တချို့ကို ဆေးဝါးကုသ၍ ဆေးရုံများသို့ပို့ပေးခဲ့ ကြောင်း၊ စိုးရိမ်ရသော လူများကို ကဘူးလ်မြို့တော်သို့ သယ်ယူသွား ခဲ့ကြောင်း ¤င်းကပြောကြားလိုက် သည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် နက်ရတ် ရာဟင်မီကပြောကြားရာတွင် သူပုန်များသည် တိုက်ခိုက်မှုမလုပ် မီ အသေခံကားဗုံးကို အလျင် ဖောက်ခွဲခဲ့သည်ဟုဆိုသည်။ ပြည်နယ်ကောင်စီဝင်ရှာရီဖူ လာဟိုတက်ကပြောကြားရာတွင် ဗုံးခွဲပြီးနောက် တိုက်ခိုက်ရာတွင် သူပုန်လေးဦးပါဝင်ကြောင်း၊ ¤င်း တို့အားလုံး တိုက်ပွဲတွင်သေဆုံး သွားခဲ့ကြောင်း၊ ဤဗုံးခွဲခံရသည့် နေရာမှာ တပ်သားသစ်များလေ့ ကျင့်ပေးသည့်သင်တန်းကျောင်း လည်းဖြစ်ကြောင်း ဟိုတက်က ပြောခဲ့သည်။


တာလီဘန်တို့က ဤတိုက် ခိုက်မှုကို ၎င်းတို့ပြုလုပ်ခဲ့ကြောင်း မီဒီယာများသို့ပြောကြားခဲ့သည်။ တာလီဘန်တို့မှာ ယခုအခါ အာဖဂန်နစ္စတန်၏ ထက်ဝက်နီးပါးကို သိမ်းပိုက်ထားလျက်ရှိသည်။ နေ့စဉ်နှင့်အမျှ တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းဖြစ်သည်။ ဤ တိုက်ခိုက်မှုမှာ အမေရိကန်က ၁၇ နှစ်ကြာစစ်ပွဲအား ပြီးဆုံး အောင်တိုးမြှင့်လုပ်ဆောင်နေ ချိန်၌ပေါ်ပေါက်ခဲ့သည်။


တာလီဘန်တို့၏ ကြေညာချက်တွင် ၎င်းတို့သည် အမေရိကန်နှင့် အာဖဂန်နစ္စတန်ကျူးကျော်မှု အဆုံးသတ်ရန် ဆွေးနွေးနေ ကြောင်း၊ ဇန်နဝါရီ ၂၂ ရက်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ် ကြောင်းဖော်ပြခဲ့သည်။  ဆွေးနွေးပွဲကို တာလီဘန်တို့၏ရုံးခန်းရှိရာ ကာတာနိုင်ငံ၌ ပြုလုပ်နေသည်။ လွန်ခဲ့သော အပတ်ကတာလီဘန်တို့က ဆွေး နွေးပွဲမှထွက်ခွာသွားခဲ့သည်။ အမေရိကန်က တာလီဘန်နှင့် အာဖဂန်အစိုးရတိုက်ရိုက်ဆွေး နွေးရန်တောင်းဆိုခဲ့၍ ဖြစ်သည်ဟုဆိုသည်။ တာလီဘန်တို့မှာ အမေရိကန်၏ရုပ်သေးဖြစ်၍ ၎င်း တို့က အမေရိကန်နှင့်သာ တိုက်ရိုက်ဆွေးနွေးမည်ဟု ပြော ကြားခဲ့သည်။

Ref: AP

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top