HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရွေးကောက်ပွဲ တရားဝင်ရန် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မလိုအပ်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြောကြား

International Political 

ဖနွမ်းပင်၊ နိုဝင်ဘာ ၁၁ 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၂ဝ၁၈ ရွေးကောက်ပွဲ တရားဝင်ရန် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုမလိုအပ်ဟု ပြောကြား က်ကြောင်း နိုဝင်ဘာ ၁၁ ရက် AFP  သတင်းကဆိုသည်။ ဟွန်ဆန်သည် အာဏာချုပ်ကိုင်ထားသည်မှာ ၃၃ နှစ်နီးပါးရှိပြီဖြစ်သော်လည်း ဆက်လက်ချုပ်ကိုင်သွားမည့် သဘော ပြသလိုက်ခြင်းဖြစ်သည်။


''နိုင်ငံတော်ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ်ရလဒ် တွေကြေညာမယ်။ ဘယ်သူက အသိအမှတ်ပြုပေးတာ မပြုတာမလို ဘူး။ ကျုပ်တို့ အဲဒါမလိုဘူး''ဟု ဟွန်ဆန်က ပြောသည်။ မဲစာရင်း ပိတ်သွားပြီဖြစ်သော်လည်း ပြည်ပ ရောက် မဲပေးနိုင်သူ သုံးပုံနှစ်ပုံခန့် စာရင်းမသွင်းရသေးပြီးနောက် ဟွန်ဆန်က ထိုသို့ကြေညာလိုက်ခြင်း ဖြစ်သည်။ လူဦးရေ ၁ ဒသမ ၆ သန်း မဲစာရင်းသွင်းရန် မျှော်လင့် ခဲ့သော်လည်း ငါးသိန်းကျော်သာ လာရောက် စာရင်းသွင်းခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင် အတွင်း ရေးမှူးချုပ်ကဆိုသည်။ ဟွန်ဆန်၏အစိုးရသည် အတိုက်အခံ CNRP ပါတီကို ဖျက်သိမ်းပေးရန်လည်း တရားရုံးအား တောင်းဆိုထားသည်။ အဆိုပါ အမှုကို နိုဝင်ဘာ ၁၆ ရက်တွင် စီ ရင်ချက်ချမည်။ CNRP ပါတီသည် လူထုထောက်ခံမှု တဖြည်း ဖြည်းပိုများလာပြီး ဟွန်ဆန်၏ CPP  ပါတီကို ယှဉ်ပြိုင်နိုင်မည့် အလားအလာရှိနေသည်။


ဟွန်ဆန်သည် အတိုက်အခံ ခေါင်းဆောင် ကမ်ဆိုခါကိုလည်း နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စက်တင်ဘာလက အမှုဖွင့်တရားစွဲခဲ့သည်။ အမေရိကန်၏ထောက်ပံ့မှုယူပြီး အစိုးရကိုဖြုတ်ချရန် ကြိုးပမ်းမှုဖြင့်တရားစွဲခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲနီးလာချိန်တွင် ဟွန်ဆန်သည် အတိုက်အခံများ ကို ပိုမိုဖိနှိပ်လာခဲ့သည်။ ထို့ကြောင့် အတိုက်အခံပါတီမှ လွှတ်တော်အမတ်ထက်ဝက်ခန့် ပြည်ပသို့တိမ်း ရှောင်ထွက်ပြေးခဲ့ကြသည်။ ဟွန်ဆန်သည် တစ်ပါတီအာဏာရှင် ဖြစ်ရန် ကြိုးပမ်းနေသည်ဟု ဝေဖန်သူများက ဆိုသည်။ မဲစာရင်းအရ လာမည့်ရွေး ကောက်ပွဲတွင် မဲပေးနိုင်သူ ၈ ဒ သမ ၃ သန်းရှိကြောင်း၊ ပြည်ပ ရောက်အလုပ်သမားတစ်သန်းခွဲ ခန့်မှာမူ စာရင်းသွင်းနိုင်ခြင်းမရှိ ကြောင်း ရွေးကောက်ပွဲကော်မရှင်ကဆိုသည်။ 

 

 

Ref: AFP

Rate this item
(0 votes)
back to top