Print this page
Sunday, 12 November 2017 15:14

မြောက်ကိုရီးယားကို ခြိမ်းခြောက်ရန် အမေရိကန် လေယာဉ်တင် သင်္ဘောများ စစ်ရေးလေ့ကျင့်

Written by
Rate this item
(0 votes)

ဆိုးလ်၊ နိုဝင်ဘာ ၁၁ 

မြောက်ကိုရီးယားကို ခြိမ်းခြောက်ရန်ရည်ရွယ်လျက် အမေရိကန်လေယာဉ် တင်သင်္ဘောသုံးစင်း နိုဝင်ဘာ ၁၁ ရက်က စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ရာ တောင်ကိုရီးယား ရေတပ်စစ်သင်္ဘောများကလည်း ပါဝင်ပူးပေါင်းခဲ့ကြသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယား ၏နျူကလီးယားအရေးကို အလေးပေးပြောကြားခဲ့သည်။


လေးရက်ကြာပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းတွင် အမေရိကန် လေယာဉ်တင်သင်္ဘောသုံးစင်းပါဝင်ခဲ့ရာ USS ရိုနယ်ရီဂင်၊ USS နီမစ်ဇ်နှင့် USS သီအိုဒို ရူးစဗဲ့တို့ ပါဝင်ကြသည်။ တောင်ကိုရီးယား ရေတပ်သင်္ဘော ခုနစ်စင်းတွင် သုံးစင်းမှာ ဖျက်သင်္ဘောဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားလိုက်သည်။ ဤသို့ လေယာဉ်တင်သင်္ဘောသုံးစင်း ပါဝင်၍ စစ်ရေး လေ့ကျင့်ခန်းမှာ ဒေသတွင်း ဆယ်စုနှစ်တစ်ခုတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟုဆိုသည်။ ဤစစ်ရေးလေ့ကျင့်ခန်းမှာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးပျံခြိမ်း ခြောက်မှုကို ဟန့်တားမှုတိုးမြှင့်ရန်ဖြစ်ပြီး၊ မြောက်ကိုရီးယား၏ ရန်စကျူးကျော်မှုကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုလည်းဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားလိုက်သည်။


နျူကလီးယားပိုင် မြောက်ကိုရီးယားက ဤစစ်ရေးပြပွဲကို ပုံမှန်ရှုတ်ချခဲ့ပြီး ယင်းနိုင်ငံကို ကျူးကျော်ရန် အစမ်းလေ့ကျင့်မှာဖြစ်ကြောင်း ပြောကြားကာ တုံ့ပြန် သောအားဖြင့် နျူကလီးယားစမ်းသပ်မှုနှင့် ဒုံးပျံပစ်လွှတ်မှုများကိုလုပ်ဆောင်ခဲ့ သည်။ အမေရိကန်စစ်သင်္ဘောများက လေကြောင်းကာကွယ်ရေး လေ့ကျင့်မှု၊ ပင်လယ်ထောက်လှမ်းရေး၊ လေကြောင်းခုခံရေးလေ့ကျင့်မှုနှင့် အခြားလေ့ကျင့် မှုများ ပါဝင်ကြောင်း အမေရိကန်စစ်တပ်က ဆိုသည်။ ဤစစ်ရေးလေ့ကျင့်မှုမှာ ထရန့်၏ ဆိုးလ်နှင့် ပေကျင်းသို့ အလည်လာရောက်စဉ် နောက်မှကပ်ပါလာခြင်းဖြစ်သည်။ ဤသည်မှာ မေးခွန်းထုတ်စရာဖြစ်လာပြီး မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ခြိမ်းခြောက်မှုကို မည်သို့ရင်ဆိုင်မလဲဆိုသည့် အချက်ဖြစ်သည်။ နိုဝင်ဘာ ၉ ရက်က တောင်ကိုရီးယားပါလီမန်၌ မိန့်ခွန်းပြောကြားရာတွင် ထရန့်က မြောက်ကိုရီးယားအား အမေရိကန်ကို လျှော့မတွက်ရန်နှင့် နျူကလီးယားကို စွန့်လွှတ်ပါက ကင်ဂျုံအန်၏ အနာဂတ်ကောင်း လိမ့်မည်ဟု ပြောကြားခဲ့သည်။ 

 

Ref: AFP

Read 1461 times
M Bwe

Latest from M Bwe

Login to post comments