HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဒုံးကျည်များ ထုတ်လုပ်ရာ မြေအောက် စက်ရုံများအား အီရန်က ထုတ်ဖော်ပြသ  

ဒုံးကျည်များ ထုတ်လုပ်ရာ မြေအောက် စက်ရုံများအား အီရန်က ထုတ်ဖော်ပြသ   

တီဟီရန်၊ ဖေဖော်ဝါရီ ၈

အီရန်အစ္စလာမ္မစ်တော်လှန် ရေးအစောင့်တပ်ဖွဲ့သည် ဒုံးပျံများမြေအောက်စက်ရုံမှ ထုတ်လုပ်နေသည်ကို ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်သည်ဟု ဖေဖော်ဝါရီ ၈ ရက်သတင်းများအရ သိရှိရသည်။ အီရန်၏ Dezful ဟုအမည် ပေးထားသော မြေပြင်ပစ်ဒုံးပျံသည် ကီလိုမီတာ တစ်ထောင် အကွာအဝေးအထိရောက်နိုင်ပြီး ဖျက်စွမ်းအားကြီးမားသော ဒုံးပျံ ဖြစ်သည်။

''ဒီတိုက်ချင်းပစ်ဒုံးပျံဟာ အီရန်ကိုယ်ပိုင်စက်ရုံကနေရာ နှုန်းပြည့်ထုတ်လုပ်ထားတာပါ''ဟု အစောင့်တပ်ဖွဲ့မှူးမိုဟာမက် အလီဂျာဖာရီက ထုတ်ဖော်ပြောဆိုလိုက်သည်။ အီရန်နိုင်ငံ၏ အာကာသယာဉ်ထုတ်လုပ်ရေးသည် ခေတ်မီအာကာသယာဉ်များအပြင် ဒုံးပျံများကိုလည်း အများအပြားထုတ်လုပ်နိုင်သည်ဟုလည်း ၎င်းကဆက်လက်ပြောဆိုလိုက်သည်။ ''ဒုံးပျံရှိကြောင်း၊ အနောက် နိုင်ငံတွေကကြွားလွန်းလို့ အခုလိုထုတ်ပြလိုက်တာပါ''ဟု ဆက်လက်ပြောဆိုလိုက်သည်။


''အီရန်နိုင်ငံရဲ့ ကာကွယ်ရေးစနစ်ကို ဘယ်နိုင်ငံကမှ အထင် သေးလို့မရတော့ပါဘူး''ဟုလည်း ဂျာဖာစီက ထုတ်ဖော်ပြောဆိုလိုက်သည်။ ''အစ္စရေးအပါအဝင် အီရန်ရဲ့ရန်သူနိုင်ငံများဟာ တစ်ခုသတိ ပြုသင့်တာက အီရန်ကိုရန်စပြီး စစ်မက်ပြုလာရင် သင်တို့မြို့တွေ အပေါ်မိုးရွာချသလိုမျိုး ဒုံးပျံမိုး တွေကြဲချခံရပါလိမ့်မယ်''ဟုလည်း သတိပေးခြိမ်းခြောက်ပြောဆိုလိုက်သည်။ ''ဒါပေမဲ့ အီရန်ဟာ ဘယ် တော့မှစစ်ပွဲကိုစတင်မယ့်သူတော့ မဟုတ်ဘူး''ဟုလည်း ထုတ်ဖော် ပြောဆိုလိုက်သည်။

Ref; Xinhua

#democracytoday

Rate this item
(0 votes)
back to top