HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ချင်းပြည်နယ် ပညာရေးသမိုင်းတွင် အစောဆုံးဘွဲ့ရသူနှစ်ဦးအား ဂုဏ်ပြုသော ပုံတူကြေးရုပ်တုကို ပြည်နယ်ဝန်ကြီးချုပ် ဖွင့်လှစ်

ချင်းပြည်နယ် ပညာရေးသမိုင်းတွင် အစောဆုံးဘွဲ့ရသူနှစ်ဦးအား ဂုဏ်ပြုသော ပုံတူကြေးရုပ်တုကို ပြည်နယ်ဝန်ကြီးချုပ် ဖွင့်လှစ်

ဖလမ်း၊ ဖေဖော်ဝါရီ ၉ - ချင်း ပြည်နယ်ပညာရေးသမိုင်းတွင် အ စောဆုံးတက္ကသိုလ်ဘွဲ့ရရှိခဲ့သော ဦးရှလွယ် (ပြည်နယ်ပညာရေးမှူး- ငြိမ်း)နှင့် ဒေါ်လှောန်ကိပ်တလွဲ (အထက်တန်းပြဆရာမ-ငြိမ်း)တို့ အား ဂုဏ်ပြုသော ပုံတူကြေးရုပ် တုများဖွင့်ပွဲကို ဖေဖော်ဝါရီ ၉ရက် နံနက် ၉နာရီက ဖလမ်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းမုခ်ဦးရှေ့၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က ကြေးရုပ်တုများအား စက်ခလုပ် နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ဦးရှလွယ်သည် ချင်းအမျိုး သားများထဲမှ ပထမဦးဆုံး ဝိဇ္ဇာ (B.A) ဘွဲ့ရရှိခဲ့သော သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ ၁၉၁၆ ခုနှစ် တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တာရွှန်းကျေးရွာ၌ ဖွားမြင်၍ ချင်း အမျိုးသားခေါင်းဆောင် ဗိုလ်ကြွက်ဘိခ် (ဗိုလ်ဆွန်ပက်)၏မြေး တာရွှန်းစော်ဘွား ဦးဗန်မှုန်၏သားဖြစ် သူ ဦးရှလွယ်သည် ၁၉၃၈ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်၌ B.A ဘွဲ့ရရှိပြီး ၁၉၄ဝ ပြည့်နှစ်တွင် B.Ed ဘွဲ့ကိုလည်း ထပ်မံဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ရာ ဖလမ်းမြို့၌ ကျောင်းဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး နောက် ချင်းဝိသေသတိုင်း၏ ပညာ ရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

အလားတူ ဒေါ်လှောန်ကိပ် တလွဲသည်လည်း ချင်းအမျိုးသမီး များထဲမှ ပထမဦးဆုံး ဝိဇ္ဇာ (B.A) ဘွဲ့ရရှိခဲ့သော သမိုင်းဝင်ပုဂ္ဂိုလ် တစ်ဦးဖြစ်ရာ ၁၉၃၆ ခုနှစ်တွင် ချင်းပြည်နယ် ဖလမ်းမြို့နယ်က လောမွန်ကျေးရွာ၌ ဖွားမြင်၍ ဇာ ဟောင် (Zahau) နှင့် ဟွာလ်ငိုး (Haulngo) ချင်းမျိုးနွယ်စုများ၏ စော်ဘွားဦးထန်းသင်လျန်၏ သမီး ဖြစ်ကာ ၁၉၆ဝ ပြည့်နှစ်တွင် B.A ဘွဲ့ ရရှိပြီး Diploma in Education (Dip.Ed), Post Graduate Course အားရရှိရန် Sydney University, Australia သို့ တက်ရောက် ပညာသင်ယူခဲ့ကာ သူသည် လုမ် ဘန်း၊ ကလော၊ မွန်၊ ဖလမ်း၊ ဟား ခါး၊ မင်းတပ်၊ စစ်ကိုင်းနှင့် ပုသိမ် တို့ တွင် ကျောင်းဆရာမတာဝန် ထမ်း ဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် အထက်တန်းပြ ဆရာမအဖြစ်မှ အငြိမ်းစားယူခဲ့သည်။

ဦးရှလွယ်နှင့် ဒေါ်လှောန် ကိပ်တလွဲတို့၏ ပုံတူကြေးရုပ်တုများကို Global Falam Youth Organi-zation က ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး ကြေးရုပ်တုများကို ချင်း အမျိုးသားထု၏သမိုင်း၌ ဖလမ်း သူ၊ ဖလမ်းသားများအတွက် အစော ဆုံး ဘွဲ့ရပညာတတ်တို့ဖြစ်ကြောင်း၊ နောင်လာနောက်သားများ သိရှိ မှတ်သားလျက် အတုယူနိုင်စေရန် နှင့် ပညာရေးသာလျှင် လူ့ဘဝကို တိုးတက်ပြောင်းလဲစေနိုင်သော အရာဖြစ်ကြောင်း ခံယူလျက် ပညာရေးကို အမှန်တကယ် ရှာဖွေလေ့လာ သင်ယူနိုင်သော လူငယ်များ ထွန်းကားနိုင်စေရန်ဆို သည့် ရည်ရွယ်ချက်များဖြင့် ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

AB

Rate this item
(0 votes)
YMG

back to top