HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းဖျက်သိမ်းရေးအတွက် ပြည်သူများထံမှ လက်မှတ်များကောက်ခံ

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းဖျက်သိမ်းရေးအတွက် ပြည်သူများထံမှ လက်မှတ်များကောက်ခံ

အောင်လံ၊ ဖေဖော်ဝါရီ ၉ - ဧရာ ဝတီမြစ်ဆုံဆည်စီမံကိန်းဖျက်သိမ်း ရေးအတွက် အောင်လံမြို့တွင် ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက် မှ ပြည်သူများထံမှ လက်မှတ်များ ကောက်ခံခြင်းကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၇ နာရီမှ စတင်ကာ အောင်လံမြို့ ဧရာဝတီမြစ်ကမ်း နား သရက်-အောင်လံမော်တော် ဆိပ်အနီးတွင် ပြုလုပ်ကြောင်းသိ ရသည်။

''ငြိမ်းချမ်းပါစေမြန်မာပြည် ကွန်ရက်အနေနဲ့ ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေးဖျက်သိမ်း ပေးဖို့ ပြည်သူလူထုရဲ့ လက်မှတ် တွေကို တစ်တိုင်းပြည်လုံးက ဧရာ ဝတီမြစ်ရိုးတစ်လျှောက်က မြို့ရွာ တွေမှာ ကောက်ခံနေတာဖြစ်ပါ တယ်။ ဧရာဝတီမြစ်ဆုံမှာ တည် ဆောက်လိုက်တဲ့ ဆည်ကြောင့်ဖြစ် ပေါ်လာမယ့် ဆိုးကျိုးတွေနဲ့ ပြည် သူလူထုသဘောထားကို အစိုးရ ရော တရုတ်နိုင်ငံပါသိစေချင်ပါ တယ်။ ဧရာဝတီမြစ်ပေါ်မှာဖြစ်ပေါ် လာမယ့်ဆိုးကျိုးတွေကို ပြည်သူ တွေခံစားရမှာဖြစ်တဲ့အတွက် ပြည် သူတွေရဲ့အားနဲ့ ဖျက်သိမ်းဖို့ လက်မှတ်ထိုး တောင်းဆိုတာဖြစ် ပါတယ်'' ဟု မကွေးတိုင်းဒေသကြီး ငြိမ်းချမ်းပါစေမြန်မာပြည်ကွန်ရက် တာဝန်ခံကိုဌေးဝင်းအောင်က ပြောကြားသည်။

အဆိုပါ ဧရာဝတီမြစ်ဆုံဆည် ဖျက်သိမ်းပေးရေး ပြည်သူလူထု လက်မှတ်များ ကောက်ခံခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်က ပုသိမ်မြို့ မှ စတင်ကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီ ၉ ရက်တွင် အောင်လံ မြို့နှင့် သရက်မြို့များ၌ ဧရာဝတီ မြစ်ကမ်းနားအနီးများတွင် တစ်ပြိုင် တည်း လက်မှတ်များကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

''ဧရာဝတီမြစ်ကြီးက ကျွန် တော်တို့မြန်မာပြည်အတွက် ပြည် ထောင်စုကြီးဖြစ်ပေါ်လာဖို့အတွက် အရေးကြီးတဲ့ မြစ်ကြီးတစ်စင်းဖြစ် ပါတယ်။ အဲဒီအတွက် ဧရာဝတီ မြစ်ကြီး ကျန်းမာဖို့အတွက် ပြည် သူလူထုတစ်ယောက်အနေနဲ့ ပူး ပေါင်းပါဝင်တာဖြစ်ပါတယ်'' ဟု အောင်လံမြို့ ကန်ကြီးရပ်ကွက်မှ ကိုမင်းဇော်ဗိုလ်က ပြောကြားသည်။

ယင်းမြစ်ဆုံဆည်ဖျက်သိမ်း ရေး ပြည်သူလူထုထံမှ လက်မှတ် များကောက်ခံရာနေရာတွင် ''မြစ် ဆုံစီမံကိန်းအား ကန့်ကွက်ပါသည်။ မြစ်ဆုံဆည်အလိုမရှိ'' ဗီနိုင်းပိုစတာ များချိတ်ဆွဲကာ ကမ်ပိန်းများပြု လုပ်ကြောင်း၊ ဧရာဝတီမြစ်ဆုံ ဆည်ဖျက်သိမ်းရေးအတွက် ပြည် သူများထံမှ လက်မှတ်များကောက် ခံခြင်းကို ဧရာဝတီမြစ်ကမ်းနားအ နီးရှိ မြို့များကျေးရွာများတွင် ငြိမ်း ချမ်းပါစေမြန်မာပြည်ကွန်ရက်မှ ကောက်ခံမှုများပြုလုပ်နေပြီး ရရှိ လာသော ပြည်သူများ၏ လက်မှတ် များကို ပြည်ထောင်စုအစိုးရထံနှင့် တရုတ်နိုင်ငံ သံရုံးသို့ပေးပို့မည် ဖြစ်ကြောင်း သိရသည်။ 

Rate this item
(0 votes)
YMG

back to top