HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မကွေးမြို့ ဗိုလ်ချုပ်မွေးနေ့၌ လူဦးရေ ၇ဝဝဝ ကျော်ကို ပဲပြုတ်နှင့်နံပြား စတုဒိသာကျွေးမည်

မကွေးမြို့ ဗိုလ်ချုပ်မွေးနေ့၌ လူဦးရေ ၇ဝဝဝ ကျော်ကို ပဲပြုတ်နှင့်နံပြား စတုဒိသာကျွေးမည်

မကွေး၊ ဖေဖော်ဝါရီ ၉ - မကွေး မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ပန်း ခြံတွင် ဖေဖော်ဝါရီ ၁၃ရက်၌ ကျင်းပမည့် ဗိုလ်ချုပ်မွေးနေ့ အ ထိမ်းအမှတ်ပွဲ၌ လူဦးရေ ၇ဝဝဝ ကျော်အား ပဲပြုတ်နှင့် နံပြားအာ ဟာရ စတုဒိသာကျွေးမွေးသွား မည်ဖြစ်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန င်္ီဗ မှ မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးထံမှ သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် FDA နှင့် မ ကွေးတိုင်းဒေသကြီး ရေသန့်လုပ် ငန်းရှင်များ ပူးပေါင်းမှုဖြင့် လူဦး ရေ ၇ဝဝဝအတွက် ခန့်မှန်းကုန်ကျ စရိတ် ကျပ် ခုနစ်သိန်းခွဲ အသုံးပြု ၍ စတုဒိသာကျွေးမွေးရန်အစီအ စဉ်ရှိပြီး လူဦးရေ ၁ဝဝဝ စာအတွက် လည်း အရန်စီစဉ်ထားမည်ဖြစ် ကြောင်း သိရသည်။

''ပန်းခြံရဲ့ အနောက်မြောက် ထောင့်မှာ ဖိုသုံးဖိုတည်မယ်။ မုန့် ဆရာ သုံးယောက်လည်းငှားထား တယ်။ နှမ်းဆီအစစ်နဲ့ လုပ်ထား တဲ့မုန့်တွေကို နံနက် ၆နာရီလောက် ကစပြီး ဝေငှပါမယ်။ Public Private Parternarship သဘော မျိုးနဲ့ ပိုပြီးတော့ ရင်းနှီးမှုတွေရဖို့၊ ပရဟိတလုပ်ငန်းတွေမှာ ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ ဗိုလ် ချုပ်မွေးနေ့မှာ အမှတ်တရလည်း ဖြစ်အောင် လုပ်ငန်းရှင်တွေနဲ့ FDA ပူးပေါင်းစီစဉ်ရခြင်းဖြစ်ပါ တယ်။ FDA က လက်ကမ်းစာ စောင်ဝေငှမယ်။ စည်ပင်သာယာ ကအမှိုက်ပုံးတွေလည်း တောင်းခံ ထားပါတယ်။ ပွဲပြီးအမှိုက်သိမ်း မယ့် အစီအစဉ်လည်းပါရှိပါတယ်'' ဟု ဒေါက်တာပြည့်ထူးကပြောသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာန၊ ပညာရေးဌာနနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူး ပေါင်း၍ ဗိုလ်ချုပ်မွေးနေ့(မြန်မာ ကလေးများနေ့) အထိမ်းအမှတ်ပွဲ ကို ကျင်းပသွားရန်အစီအစဉ်ရှိ ကြောင်းသိရပြီး ကလေးငယ်သုံးဦး မှ ဗိုလ်ချုပ်မိန့်ခွန်းသဏ္ဌာန်တူ ပြော ကြားခြင်း၊ အထိမ်းအမှတ်ပြိုင်ပွဲ များအတွက် ဆုချီးမြှင့်ခြင်း၊ မသန် စွမ်းကလေးငယ်များမှ ဖျော်ဖြေခြင်း၊ မကွေး Book Club မှ ဗိုလ်ချုပ် အမှတ်တရစကားဝိုင်းပြုလုပ်ခြင်း၊ မကွေး  Woman Club ၊ အေးချမ်း မေတ္တာနှင့် ရုပ်ရှင်အဖွဲ့များပူးပေါင်း ၍ ပဲပြုတ်နံပြားအချပ်ရေ ၄ဝဝ ကျွေးမွေးခြင်းများ လုပ်ဆောင်သွား ရန် စီစဉ်ထားကြောင်း သိရသည်။

 

Rate this item
(0 votes)
YMG

back to top