HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဥပဒေနှင့်မညီသော ဆန္ဒပြမှုများကို ထိန်းကျောင်းသွားမည်ဟု ကယားဝန်ကြီးဆို

ဥပဒေနှင့်မညီသော ဆန္ဒပြမှုများကို ထိန်းကျောင်းသွားမည်ဟု ကယားဝန်ကြီးဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ - လွိုင် ကော်မြို့တွင် ဥပဒေနှင့်မညီသော ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ဆန္ဒပြမှု များကို ထိန်းကျောင်းသွားမည်ဟု ကယားပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမော်မော်က ပြောသည်။

''ဥပဒေကြောင်းနဲ့ မပတ်သက် ဘဲနဲ့လုပ်တာတွေကို အစိုးရအနေနဲ့ ထိန်းကျောင်းသွားဖို့ပဲ ရှိပါတယ်''ဟု ¤င်းက ဒီမိုကရေစီတူဒေးသို့ ဖေဖော် ဝါရီ ၉ ရက်တွင် ပြောသည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းကို ကန့်ကွက်သူများသည် မည်သည့်ဆန္ဒပြပွဲတွင် မဆိုပါဝင်နေသူများ ဖြစ်ကာ ပြည်နယ်မငြိမ်မသက်ဖြစ်စေရန် ¤င်းတို့နောက်ကွယ်မှ ငွေကြေးထောက်ပံ့၍ လှုံ့ဆော်ပေးနေမှုများရှိမည်ဟု ယူဆရ ကြောင်း၊ ကယားပြည်သူလူထုမှာမူအေးချမ်း စွာဖြင့်ရှိကြကြောင်း ¤င်းက ဆက်လက် ပြောသည်။

''ကန့်ကွက်တယ်ဆိုတဲ့သူတွေကလည်း သူတို့ပါးစပ်ကပဲ တွေ့ကရာတွေလျှောက်ပြော နေတာ။ တကယ့်တကယ်အရင်းစစ်လိုက် တဲ့အခါကျတော့လည်း ဒီလူတွေပါပဲ။ သာ သနာနဲ့ပတ်သက်တဲ့ကိစ္စဆိုလည်း သူတို့ ပဲ။ အဲဒါကြောင့်လေ။ ဆိုရှယ်မီဒီယာက သူတို့ဘက်က အားကောင်းတော့ရေးချင် တာရေး၊ တင်ချင်တာတင်နေတာပဲ။ ဒီမှာ ရှိနေတဲ့ တကယ့်ပြည်သူတွေကတော့ အေးအေးချမ်းချမ်းပါပဲ။ အစိုးရစတက် ကတည်းက ဖြစ်နေတာပါ။ အရင်က ကျောင်းဆောက်တုန်းကလည်း ဆန္ဒပြတာ လည်းသူတို့ပဲ''ဟု ဝန်ကြီးက ပြောသည်။

ယင်းအပြင် ပြည်သူများ၏ ဆန္ဒထုတ် ဖော်ခြင်းကို တရားဥပဒေနှင့်အညီ ခွင့် ပြုပေးထားသော်လည်း ¤င်းတို့ကဥပဒေကို လေးစားလိုက်နာမှုမရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောသည်။

''ငြိမ်းစုစီဥပဒေနဲ့ ကြိုတင်မယ်ဆိုရင် ကြိုတင်ပြီးတော့ သူတို့ဆန္ဒထုတ်ဖော်ဖို့ခွင့် ပေးထားတယ်လေ။ ခုအဲဒီလိုမဟုတ်ဘဲနဲ့ ဘာမှခွင့်မတောင်းဘဲ သက်သက်မဲ့အမျိုး သားဒီမိုကရေစီအဖွဲ့ရုံးရှေ့မှာ သပိတ်စခန်း ဖွင့်ပြီးတော့ အဝေးကလာတဲ့ စီအီးစီတွေနဲ့ တွေ့ချင်တယ်။ စကားပြောချင်တယ်တို့။မတရားသဖြင့်တောင်းဆိုတာတွေက ဒါတွေ က လိုအပ်တာထက်လွန်ကဲလာလို့''ဟု ¤င်းက ဆိုသည်။

ယင်းအပြင် ပြည်နယ်မငြိမ်မသက်ဖြစ် စေရန် ဒီချုပ်အစိုးရစတက်ကတည်းက နောက်ကွယ်မှ သွေးထိုးဆောင်ရွက်နေ သည်ဟု ယူဆရကြောင်း၊ စေတနာမမှန်သူ များအနေဖြင့် တစ်နေ့တွင် ¤င်းတို့၏ စေ တနာအတိုင်းသာ အကျိုးပေးမည်ဖြစ် ကြောင်း ¤င်းက ဆက်လက်ပြောသည်။

ကယားပြည်နယ်အတွင်းရှိ ဆန္ဒပြ ပွဲတိုင်းတွင် ¤င်းတို့ကိုသာမြင်နေရခြင်းနှင့် ပတ်သက်၍ ဆန္ဒပြ ကယားလူငယ်ခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုခွန်ဘန်နုက ''ရေရှည် မှာဒီလူတွေပဲလား။ ဘယ်လူတွေပဲဆိုတာ ကို နောက်မှအဖြေပေါ်ပါလိမ့်မယ်''ဟု ပြောသည်။

လက်ရှိတွင် အစိုးရလက်ထက်တွင် ဆန့်ကျင်ဆန္ဒပြမှု ပိုမိုလုပ်ဆောင်လာရခြင်း နှင့် ကန့်ကွက်ဆန္ဒပြမှုများ ပြေလည်ရန်မှာ ပြည်နယ်အစိုးရ၏ ဆောင်ရွက်မှုအပေါ် တွင်သာမူတည်ကြောင်း ¤င်းက ဆိုသည်။

ဖေဖေါ်ဝါရီ ၈ ရက်တွင် လွိုင်ကော် မြို့ရှိ ဒီချုပ်ရုံးရှေ့၌ ဒုတိယအကြိမ်သပိတ် စခန်းဖွင့် ဆန္ဒပြသူ ၁ဝ ဦးကို ဆက်လက် ထိန်းသိမ်းခဲ့သည်။

 

Rate this item
(0 votes)
YMG

back to top