HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဆော်ဒီအာရေဗီးယား နိုင်ငံခြားရေးဝန်ကြီးက ခါရှိုဂျီကို အိမ်ရှေ့မင်းသားက သတ်ဖြတ်ခိုင်းခြင်းမဟုတ်ဟု ငြင်းဆို

ဆော်ဒီအာရေဗီးယား နိုင်ငံခြားရေးဝန်ကြီးက ခါရှိုဂျီကို အိမ်ရှေ့မင်းသားက သတ်ဖြတ်ခိုင်းခြင်းမဟုတ်ဟု ငြင်းဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉ -  ဆော်ဒီအာရေဗီးယားအထက်တန်းအရာရှိက ထပ်ခါ တလဲလဲပြောကြားရာတွင် အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်လ်မန်က ၂ဝ၁၈ ခုနှစ်က သတင်းစာဆရာ ဂျမေးလ် ခါရှိုဂျီအား သတ်ရန်အမိန့်ပေးခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး သ တင်းစာပါ ဖော်ပြချက်ဖြစ်သည့် ၂ဝ၁၇ ခုနှစ်တွင် အိမ်ရှေ့မင်းသား က ခါရှိုဂျီအားသေနတ်ဖြင့်ပစ်သတ် ရန် အမိန့်ပေးခဲ့သည်ဟု ဖော်ပြ ချက်ကိုလည်း မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်သည်ဟု ရိုက်တာသတင်း က ဖေဖော်ဝါရီ ၉ ရက်တွင် ဖော်ပြ လိုက်သည်။

နယူးယောက်တိုင်းမ်သတင်းစာက ဖေ ဖော်ဝါရီ ၅ ရက်တွင် ဖော်ပြခဲ့သည်မှာ ခါရှိုဂျီ အသတ်မခံရမီ တစ်နှစ်က အိမ်ရှေ့မင်းသားသည် ¤င်း၏ အကြံပေးတစ်ဦးအား ခါရှိုဂျီအိမ်သို့ ပြန်မလာ နိုင်ရန်နှင့် အစိုးရကို ဝေဖန်မှုမပြုနိုင်အောင် သေနတ်ဖြင့် ပစ်သတ်ရမည်ဟု ပြောခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဤပြောကြားမှုကို ၂ဝ၁၇ ခုနှစ်က လုပ်ခဲ့ကြောင်း၊ အစ္စတန် ဘူလ်မြို့၌ အောက်တိုဘာလက ဆော်ဒီကောင်စစ်ဝန်ရုံးထဲ၌ ခါရှိုဂျီအား မသတ်ဖြတ်မီပြောကြားခဲ့ခြင်းဖြစ်ကြောင်း နယူးယောက် တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။ ဤဖော်ပြချက်မှာ လက်ရှိအမှု ထမ်းနှင့်အမှုထမ်းမဟုတ်တော့သည့် ထောက်လှမ်းရေးဌာနမှ ပုဂ္ဂိုလ် များကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဤသတင်းနှင့်ပတ်သက်၍ သ တင်းထောက်များက မေးမြန်း ရာတွင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ်အယ်လ်ဂျူဘီယာက အခြေအမြစ်မရှိသည့် ဤသတင်းနှင့်ပတ်သက်၍ မှတ်ချက်မပေး လိုဟု ပြော ကြားခဲ့သည်။ ထို့အပြင် ¤င်းက ထောက်လှမ်းရေးအစီ ရင်ခံစာကို အခြေခံသည်ဟုဆိုသော အစီရင်ခံစာများမှာလည်း အခြေအမြစ်မရှိကြောင်း ပြောကြားခဲ့သည်။

အိမ်ရှေ့မင်းသားနှင့်ပတ်သက်၍ ဖော်ပြချက်မှာ မမှန်ကန်၍ ဖြေကြားရန်မရှိဟုလည်း ¤င်းကပြောကြားခဲ့သည်။

အိမ်ရှေ့မင်းသားက ထိုသို့ အမိန့်မပေးခဲ့ကြောင်း၊ ဤသည် မှာ မကောင်းသော စစ်ဆင်ရေးတစ်ရပ်သာဖြစ်သည်ကို မိမိတို့သိ ရှိကြောင်း အယ်လ်ဂျူဘီယာက ပြောခဲ့သည်။

ကုလသမဂ္ဂ၏ ခါရှိုဂျီသတ်ဖြတ်မှုအစီရင်ခံစာတွင် ရက်စက် သော ရာဇဝတ်မှုဖြစ်ကြောင်း၊ ဆော်ဒီအရာရှိများက စနစ်တကျစီစဉ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ခါရှိုဂျီအား အောက်တိုဘာ ၂ ရက်က သတ်ဖြတ်မှုကြောင့် ဆော်ဒီအိမ်ရှေ့မင်းသား၏အရောင်မှေးမှိန်ခဲ့ရသည်။ ¤င်းမှာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကြောင့် အနောက်နိုင်ငံများကြားတွင် နာမည်ရ ခဲ့သည်။

Ref : Reuters

Rate this item
(0 votes)
YMG

back to top