HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ အလုပ်သမားများ၏အသံ နားထောင်ပေးရန် အလုပ်သမားတစ်ထောင်ကျော် ဆန္ဒပြတောင်းဆို

အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ အလုပ်သမားများ၏အသံ နားထောင်ပေးရန် အလုပ်သမားတစ်ထောင်ကျော် ဆန္ဒပြတောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ- အစိုး ရနှင့်လွှတ်တော်ကိုယ်စားလှယ် များအလုပ်သမားများ၏ အသံ နားထောင်ပေးရန် အလုပ်သမား တစ်ထောင်ကျော်က ဖေဖော်ဝါရီ ၁ဝ ရက် ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

လက်ရှိ လွှတ်တော်တွင်ဆွေး နွေးနေသော အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေတွင် ထိ ရောက်သော ပြစ်ဒဏ်များ ထည့်သွင်းပေးရန်၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ အလုပ်မှထုတ်ပယ်ခံရမှု များပြားလာခြင်းနှင့် အလုပ်သမားအခွင့်အရေးများ အတွက် ဥပဒေအရ အကာအ ကွယ်ပေးရမည်များကို လက်ရှိ အစိုးရနှင့် လွှတ်တော်ကိုယ်စား လှယ်များက လျစ်လျူရှုနေကြောင်း ဆန္ဒပြအလုပ်သမားများက ပြောသည်။

ဆန္ဒပြပွဲတွင် ဦးဆောင်သူ ဦးသက်နှင်းအောင်က''အလုပ်သမားတွေရဲ့အသံကို အစိုးရနဲ့ လက် ရှိလွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လျစ်လျူရှုသလို ခံစားနေရပါတယ်။ ကျွန်တော်တို့ မဲပေး ပြီး တက်လာတဲ့အစိုးရက အလုပ် သမားတွေအခွင့်အရေးရရှိဖို့ ဥပဒေ တွေပြဋ္ဌာန်းရာမှာ အရင်ထက်ပို ပြီး အခွင့်အလမ်းတွေနည်းလာ တွေ့ရတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေကလည်း အလုပ်သမား တွေ အသံနားထောင်ပြီး ဥပဒေပြု တာတွေမတွေ့ရဘူး။ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အလုပ်သမားဥပဒေတွေပြဋ္ဌာန်း ရာမှာ တကယ်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့အသံကို နား ထောင်ပြီးမှ ဆောင်ရွက်သင့်ပါ တယ်''ဟု ပြောသည်။

ဆန္ဒပြပွဲတွင် အလုပ်သမား တစ်ထောင်ကျော် ပါဝင်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ အလုပ်သမားတရားရုံးများပေါ်ပေါက်ရေး၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ဝန်ထမ်းများအားအငြင်းပွားမှုဥပဒေတွင်ထည့်သွင်းရေး၊ ဆောက် လုပ်ရေးအလုပ်သမားများအား ကန့်သတ်သည့် ညွှန်ကြားချက် များဖျက်သိမ်းရေး၊ အထူးစီးပွား ရေးဇုန်လုပ်သားများဥပဒေအကာ အကွယ်ရရှိရေး၊အလုပ်သမားဥပဒေများကှိုူဥ စံနှုန်းနှင့်အညီ ပြင်ဆင်ရေး၊ ILO ပြဋ္ဌာန်းချက် အမှတ်(၉၈)လက်မှတ်ထိုးရေး-ဒို့ အရေးဟူသေြာေ<ွကးကြော်သံများ ကို ဟစ်အော်ခဲ့သည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ် ဦးဖြစ်သူ ကိုထွန်းလင်းအောင်က ''ကျွန်တော်တို့ ဒီလိုဆန္ဒပြပွဲတို့၊ သမဂ္ဂအစည်းအဝေးတို့ဆိုတဲ့ လုပ်ငန်းတွေအတွက် ကျွန်တော်တို့ လုပ်အားခကို လစဉ်စုပြီး ထည့်ဝင် ငွေနဲ့ သုံးစွဲတာပါ။ ဒီနေ့ဆန္ဒပြ တယ်ဆိုတာလည်း အလုပ်သမား အခွင့်အရေးဆိုင်ရာကိစ္စတွေကို ရရှိမှု တဖြည်းဖြည်းနည်းလာတဲ့ အတွက် တာဝန်ရှိသူတွေသိရှိအောင် ဖြစ်ပါတယ် ''ဟုပြောသည်။

ဆန္ဒပြသူများသည် အလုပ် သမားရေးရာ အငြင်းပွားမှုဖြေ ရှင်ရေးဥပဒေကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်သည့် ဥပဒေ တွင် နိုင်ငံ့ဝန်ထမ်းများအားလုံးကို လုံခြုံနိုင်သည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းပေးရေး၊ အလုပ်သမား ဥပဒေများတွင် အထူးစီးပွားရေး ဇုန် (SEZ)ရှိ အလုပ်သမားများ၏ အခွင့်အရေးများကိုထည့်သွင်းပေး ရေး၊ ခွင့်ရက်၊ အလုပ်ပိတ်ရက် နည်းဥပဒေပါ အလုပ်သမားများအပေါ် နစ်နာနေမှုများကို ပြင်ဆင် ပေးရေး၊ အလုပ်သမားရေးရာ အ ငြင်းပွားမှုဖြေရှင်းရာတွင် ဆောက်လုပ်ရေးအလုပ်သမားများ၏ အ ငြင်းပွားမှုများကို လက်ခံဖြေရှင်း ပေးရေး၊ အလုပ်သမားသမဂ္ဂ ခေါင်း ဆောင်များကို ဥပဒေမဲ့အလုပ် ထုတ်မှုများရပ်တန့်ရေး၊ အလုပ် သမားသမဂ္ဂများ၏စုပေါင်းအရေး ဆိုခွင့်ကိုအာမခံပေးရေး စသည် တို့ကိုလည်း အလုပ်သမားများက တောင်းဆိုခဲ့ကြသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာ ယာစက်မှုဇုန်မှ အလုပ်သမားများ အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ ရှမ်း ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊မွန်ပြည်နယ် စသည့်တိုင်းနှင့်ပြည်နယ်များမှ အ ထည်ချုပ်၊ ထုတ်လုပ်ရေး၊ သစ်လုပ်ငန်း၊ စားသောက်ကုန်လုပ် ငန်း၊ လူသုံးကုန်လုပ်ငန်းများမှ အ လုပ်သမားများ၊ ပြည်တွင်းရေ ကြောင်း၊ မြန်မာ့မီးရထားတို့မှ ဝန်ထမ်းများပါဝင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) နှင့် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အ လုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) တို့မှ ပူးပေါင်း၍ ခွင့်ပြုချက်ရယူဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

NT/DemocracyToday

Rate this item
(0 votes)
YMG

back to top