HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရန်ကုန်မြို့လယ်တွင် နှစ်လရှည်ကြာ ဂိမ်းလောင်းကစားဆိုင်ဖွင့်လှစ်ခဲ့သော်လည်း ဖမ်းဆီးမိမှုမရှိခြင်းမှာ အဂတိလိုက်စားမှုနှင့်ပတ်သက်နိုင်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်ဆို

ရန်ကုန်မြို့လယ်တွင် နှစ်လရှည်ကြာ ဂိမ်းလောင်းကစားဆိုင်ဖွင့်လှစ်ခဲ့သော်လည်း ဖမ်းဆီးမိမှုမရှိခြင်းမှာ အဂတိလိုက်စားမှုနှင့်ပတ်သက်နိုင်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ - ရန် ကုန်မြို့လယ်တွင် နှစ်လရှည်ကြာ တရားမဝင် ဂိမ်းလောင်းကစား ဆိုင်ဖွင့်လှစ်နေသော်လည်း ဖမ်း ဆီးမိမှုမရှိခြင်းမှာ အဂတိလိုက်စား မှုနှင့် ပတ်သက်နိုင်ကြောင်း လမ်း မတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေး အေးမာက ပြောသည်။

''ဂိမ်းဆိုင်ကို လက်ရှိမှာ ပိတ် ထားတာပေါ့။ အပြီးပိတ်သိမ်းခိုင်း မလား၊ မခိုင်းဘူးလားဆိုတာ စုံစမ်း စစ်ဆေးတဲ့အပေါ်မှာ မူတည်တာ ပေါ့။ စုံစမ်းစစ်ဆေးပြီးမှ ဆုံးဖြတ် ချမှတ်ပေါ့။ မှုခင်းရဲတပ်ဖွဲ့ကနေ ရှောင်တခင်ဝင်ရောက် စစ်ဆေး ပြီးတော့ ဖမ်းသွားတာဆိုတော့ သူ တို့ပဲစုံစမ်းစစ်ဆေးနေတယ်''ဟု ¤င်းက ဒီမိုကရေစီတူဒေးသို့ဖေဖော် ဝါရီ ၁ဝ ရက်တွင်ပြောသည်။

ဖမ်းမိသူ ၃၇ ဦးကို မည်သို့ မည်ပုံ လွှဲပြောင်းစစ်ဆေးနေသည် ကို ရဲတပ်ဖွဲ့မှ တစ်စုံတစ်ရာ ပြော ပြထားခြင်းမရှိကြောင်း ¤င်းက ပြောသည်။

ဖမ်းဆီးခဲ့သည့် ဂိမ်းဆိုင်ကို ကလေးကစားကွင်း လုပ်မည်ဆို ကာ လိုင်စင်တင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဒေါ်အေးအေးမာက ပြောသည်။

''အရင်က ဝင်ရောက်စစ်ဆေး မယ်ဆိုရင် သက်သေတွေသိမ်းထား ဖို့အထဲမှာတော့ ဘာမှမရှိသလို လုပ်ကြတာပဲ။ ခုမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီးတော့ တိုင်း ကနေလာတယ်ဆိုတော့ တကယ် တမ်းအဖြစ်မှန်ကို ပေါ်သွားတာ ပေါ့ '' ဟု ¤င်းကပြောသည်။

ယင်းဂိမ်းဆိုင်ကို ဖွင့်လှစ် ထားသည်မှာ သက်တမ်းအားဖြင့် ခြောက်နှစ်ခန့်ရှိပြီဖြစ်ကြောင်း ¤င်းက ဆက်လက်ပြောသည်။

''စုံစမ်းစစ်ဆေးရင်တော့ သိ နိုင်မယ်လေ။ ပိုင်ရှင်ကတော့ နိုင်ငံ ခြားသား တရုတ်လူမျိုးလို့ပြောပါ တယ်''ဟု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်အေး အေးမာက ပြောသည်။

လေး၊ ငါးနှစ်ကြာ တရားမဝင် ဂိမ်းလောင်းကစားနေကြောင်း ဖော်ထုတ်ဖမ်းဆီးမှုမရှိသည့် အ ပေါ် ''လူတွေခေါ်ဆောင်ပြီး စစ် ဆေးမယ်ဆို အဂတိလိုက်စားမှု အနေနဲ့ ဦးတည်ပတ်သက်နေမှာ ပေါ့။ အဂတိလိုက်စားမှုက သတင်း ပေးတဲ့လူတွေရှိမယ်။ စုံစမ်းစစ်ဆေး ခွင့်ရမယ်ဆို တိုင်ကြားဖို့ရှိပါ တယ်'' ဟု ¤င်းက ဆက်လက်ပြော သည်။

ရန်ကုန်မြို့လယ်လို နေရာမျိုး တွင် နိုင်ငံခြားသားတစ်ဦးက လောင်း ကစားဝိုင်း ဖွင့်လှစ်ထားခြင်းကိုနှစ် အတန်ကြာမှဖမ်းမိခြင်းအတွက် အံ့သြမိကြောင်း လသာမြို့နယ်နေ ကိုမြင့်အောင်ကလည်း ပြောသည်။

''ခဏတစ်ဖြုတ်ဖွင့်တယ်ဆို တစ်မျိုးပေါ့ဗျာ။ အခုဟာက လေး၊ ငါး၊ ခြောက်နှစ်။ ဒါကို မြို့နယ်ရဲ တွေက မသိဘူးဆိုတော့ သေချာစိ စစ်စေချင်တယ်။ တကယ်မသိတာ လား။ မသိချင်ယောင်ဆောင်တာ လား။ ဘာကြောင့် မသိချင်ယောင် ဆောင်နေသလဲဆိုတာပေါ့'' ဟု ¤င်းက ပြောသည်။

မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ)မှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ ဖေဖော်ဝါရီ ၈ ရက်၊ ညနေပိုင်းက လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်းနှင့် ၆ လမ်းတို ထောင့်၊ အမှတ်(၂၈၈/၂၉ဝ) ရှိ Avatar Game World ဆိုင်တွင် တရားမဝင် ဂိမ်းလောင်းကစား ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့် ဖမ်းဆီးရာ ဂိမ်း လောင်းကစားဝိုင်း မန်နေဂျာဖြစ်သူ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလ ဘောင်ကျေးရွာနေ မ...(၃၄) နှစ်ပါ ၁၄ ဦးနှင့် လောင်းကစားပြုလုပ်နေသူ ၂၃ ဦးတို့အား ဂိမ်း စက်မျိုးစုံ ၂၇ လုံးနှင့် ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေများ နှင့်အတူ တွေ့ရှိသိမ်းဆည်း ဖမ်း မိခဲ့သည်။

ယင်းအမှုကို လမ်းမတော်မြို့ မရဲစခန်းမှ(ပ)၁၈/၂ဝ၁၉၊ လောင်း ကစားဥပဒေပုဒ်မ ၁၃(က)/၁၄ (က) ဖြင့် ၃၇ ဦးကို အမှုဖွင့်အရေး ယူထားသည်။

ဖမ်းမိသူ ၃၇ ဦးကို မှုခင်း ရဲ တပ်ဖွဲ့မှ စစ်ဆေးလျက်ရှိပြီး ဖေ ဖော်ဝါရီ ၁၁ ရက်တွင် လမ်းမ တော်မြို့နယ် တရားရုံး၌ ချုပ်ရမန် ယူသွားမည်ဖြစ်သည်။

WYHW

Rate this item
(0 votes)
YMG

back to top