HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရန်ကုန် စည်ပင်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ၁၄ဝကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်ထား  

ရန်ကုန် စည်ပင်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ၁၄ဝကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်ထား   

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရန်ကုန်မြို့တော် စည်ပင်သာယာရွေး ကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ၁၄ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထား ကြောင်းသိရသည်။ စည်ပင်သာယာရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၂၇၇ ဦး အမည်စာရင်းတင်သွင်းထားပြီး ယင်းအထဲ တွင် တစ်သီးပုဂ္ဂလ ၁၄၃ ဦး၊ ဒီချုပ်ပါတီ မှ ၉၃ ဦးနှင့် ပြည်ခိုင်ဖြိုး ပါတီမှ ၄၁ ဦးတို့ ပါဝင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်ထံမှ သိ ရသည်။

မြို့နယ် ၁၂ ခုဖြင့်ဖွဲ့စည်းထားသည့် မဲဆန္ဒနယ် (၃) ရှိ မြို့ တော်ကော်မတီဝင် နေရာအတွက် ဒီချုပ်ပါတီက နှစ်ဦးဝင်ပြိုင်မည် ဖြစ်ပြီး ပြည်ခိုင်ဖြိုးက မြို့တွင်းမြို့ နယ်များဖြစ်သည့် မဲဆန္ဒနယ်(၃) နှင့် (၄) တွင် မြို့တော်ကော်မတီဝင် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် ခြင်းမပြုသည်ကို တွေ့ရသည်။ ''မဲဆန္ဒနယ်တစ်ခုမှာ တစ်ပါတီက နှစ်ယောက်ဝင်ပြိုင်တာက တော့ သူတို့မဟာဗျူဟာ၊ နည်းဗျူ ဟာတွေဖြစ်မှာပေါ့။ နောက်ပြီး တော့ တချို့က ဘာရှိလဲဆိုတော့ သူတို့မှာ တချို့က ပါတီကထောက် ခံတာရှိတယ်။ ပါတီက မထောက်ခံ တာရှိတယ်။ တချို့ကလည်းပါတီ ဝင်တွေဖြစ်ပေမယ့် ဝင်ပြိုင်တဲ့အခါ ပါတီပုံရိပ်မသုံးဘဲနဲ့ ကိုယ့်ဘာသာ ကိုယ်ပြိုင်တာလည်းရှိတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာ ယာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဝင် ဦးဇင်မင်းလှိုင်က ဒီမိုကရေစီ တူဒေးသို့ ဖေဖော်ဝါရီ ၁၁ ရက် တွင်ပြောသည်။


မဲဆန္ဒနယ် (၁) တွင် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနှင့် သင်္ဃန်းကျွန်းမြို့နယ်များ၊ မဲဆန္ဒ နယ် (၂) တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်များ၊ မဲဆန္ဒနယ် (၃) တွင် ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ဒဂုံ၊ ပန်းဘဲတန်း၊ ဗဟန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ တာမွေ၊ ကမာရွတ်နှင့် ရန်ကင်း မြို့နယ်များ၊ မဲဆန္ဒနယ် (၄) တွင် ကျောက်တံတား၊ ဒေါပုံ၊ ပုဇွန် တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ဒလနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များ၊ မဲဆန္ဒနယ် (၅)တွင် လှိုင်သာယာနှင့် အင်းစိန်မြို့နယ်၊ မဲဆန္ဒ နယ် (၆) တွင် မရမ်းကုန်း၊ လှိုင်၊ မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ် တို့ ပါဝင်သည်။


ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့်သူများအနေဖြင့် ပါ တီလိုဂိုမသုံးဘဲ ဝင်ရောက်ယှဉ် ပြိုင်ရန်စီစဉ်နေသည်ဟု ကြားသိရ ကြောင်း၊ နည်းဥပဒေအရမူ အ မည်နှင့် ပါတီလိုဂိုအမှတ်တံဆိပ် ပူးတွဲအသုံးပြုခွင့်ပြုထားကြောင်း ဦးဇင်မင်းလှိုင်ကပြောသည်။ စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း မြို့နယ်တစ်ခု ချင်းစီအလိုက် မြို့နယ်အဆင့်စည် ပင်သာယာကော်မတီဥက္ကဋ္ဌ တစ်ဦး စီနှင့် အဖွဲ့ဝင် နှစ်ဦးစီကိုလည်း ရွေး ချယ်တင်မြှောက်ကြမည်ဖြစ်ရာ မြို့တော်စည်ပင်သာယာရေး ကော် မတီဝင် ခြောက်ဦးနှင့် မြို့နယ်စည် ပင်သာယာရေးကော်မတီဝင် ၉၉ ဦး စုစုပေါင်း ၁ဝ၅ ဦးကို မတ် ၃၁ ရက်တွင်ကျင်းပမည့် ရွေး ကောက်ပွဲ၌ ရွေးချယ်ကြမည်ဖြစ် သည်။ 

NT

#democracytoday

Rate this item
(0 votes)
back to top