HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် အခြေခံဥပဒေဖြစ်လာပါက တိုင်းပြည်ဘက်စုံဖွံ့ဖြိုးမည်ဟု သူရဦးရွှေမန်း ဆို

မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် အခြေခံဥပဒေဖြစ်လာပါက တိုင်းပြည်ဘက်စုံဖွံ့ဖြိုးမည်ဟု သူရဦးရွှေမန်း ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် အခြေခံဥပဒေ ဖြစ်လာပါက တိုင်းပြည်ဘက်စုံဖွံ့ဖြိုး လာမည်ဟု သူရဦးရွှေမန်းက ပြောသည်။ ဖေဖော်ဝါရီ ၁၁ရက်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။ ''ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဆီလျော်လိုက်ဖက်သော အခြေခံဥပဒေဖြစ်လာလျှင် နိုင်ငံတည်ငြိမ် အေးချမ်းမှု၊ အမျိုးသားစည်းလုံးညီ ညွတ်မှုနှင့်သွေးစည်းမှု၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အရှိန်မြင့်မားမှု၊ ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်ပေါ်လာမည်ကို ယုံကြည်ပါသည်''ဟု ၎င်းက ရေးသား ထားသည်။

ယင်းအပြင် နိုင်ငံသားပြည်သူ များအနေဖြင့်လည်း မှန်ကန်စွာကြိုး စားဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ကြောင်း သူရဦးရွှေမန်းကဆိုသည်။ လက်ရှိအချိန်တွင် သူရဦးရွှေ မန်းဦးဆောင်ကာ ''ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ Union Betterment Party(UBP)'' ဟူ သည့်နာမည်ဖြင့် ပါတီတည်ထောင် ခွင့်လျှောက်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဆီလျော်လိုက် ဖက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာရေးအတွက် ပြည်သူများ၏ အားပေးမှု၊ အကြံပြုမှုများကို ခံယူလိုကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေး၏ အဓိကအခြေခံဖြစ်သည့် စီးပွားရေးကို တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ရေး၊ တစ်ချိန်တည်းတွင်လည်း လူမှုရေးကဏ္ဍများ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့ကို စနစ်တကျ အစီအစဉ်ရှိရှိ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးတို့ အတွက်လည်း ပြည်သူ့အားပေးမှု၊ အကြံပြုမှုကို ခံယူလိုကြောင်းလည်း သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားထားသည်။


လက်ရှိအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး ကော်မတီကို ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များကို မျှတစွာဖွဲ့စည်းသွားမည်ဖြစ် ပြီးကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင် စုလွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်အား တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီအသီးသီးနှင့် တပ်မတော်ကိုယ်စားလှယ်များကို အချိုးကျပါဝင်ဖွဲ့စည်းသွား ရန်ဆောင်ရွက်လျက်ရှိသည်။ သူရဦးရွှေမန်းအနေဖြင့် ပါတီကို တည်ထောင်ခွင့်စတင်သည့်နေ့မှစ၍ လက်ရှိအချိန်ထိ ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားချက်များသည် အခြေခံဥပဒေနှင့် ပတ်သက်သည့် ရေးသားချက်များသာဖြစ်သည်။ ပါတီ တရားဝင်မှတ်ပုံတင်ကျ ပြီးပါက မည့်သည့်ပါတီနှင့်မဆိုပူး ပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပါတီတည်ထောင်လိုသူစာရင်းတွင်အပါအဝင်ဖြစ်သည့် ဦးဝင်းဦးက ပြောသည်။ 

HWA

#democracytoday

Rate this item
(0 votes)
back to top