HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒထောက်ခံပွဲ မန္တလေးမြို့၌ ကျင်းပ

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒထောက်ခံပွဲ မန္တလေးမြို့၌ ကျင်းပ

မန္တလေး၊ ဖေဖော်ဝါရီ ၁၁

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေး ပြည်သူလူထုဆန္ဒထောက်ခံပွဲကို ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၃ နာရီခွဲခန့်က မန္တလေးမဟာအောင် မြေမြို့နယ်ရှိ မနော်ရမ္မံလူထုဟစ်တိုင်ကွင်း၌ ကျင်းပခဲ့ရာ ထောက်ခံအားပေးသူ ဒေသခံပြည်သူ ၂ဝဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ လူထုထောက်ခံပွဲတွင် လက်သံထူးခြားစိန်ဒူးဝါးမင်္ဂလာဆိုင်းအဖွဲ့မှ အတ္တအကျဉ်းသားတေးသီချင်း၊ ပြည်တော်ဝင်တေးသီချင်းနှင့် ကမ္ဘာတည်သရွေ့တေးသီချင်းများ ဖြင့် ဧည့်ခံဖျော်ဖြေပြီး ကဗျာဆရာ ကျော်ဖြိုးဝေ၊ ကဗျာဆရာစံညိမ်းဦးနှင့် ကဗျာဆရာထွန်းသွေးအိမ် တို့က ကဗျာဖြင့် ရွတ်ဆိုထောက်ခံ ကြကာ ပွဲသို့လာရောက်သူများနှင့် ၆၂ လမ်းပေါ်တွင် မောင်းနှင်သော ယာဉ်များအား စတစ်ကာကမ်ပိန်းအဖွဲ့မှ စတစ်ကာကပ်ပေးခြင်း၊ နဖူးစည်းများ ဝေငှခြင်းနှင့် လက်ကိုင် ဗီနိုင်းပိုစတာများကိုင်၍ ဆန္ဒထုတ် ဖော်ကြသည်။

အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို မန္တလေးမြို့ခံဆိုင်းဆရာကြီး စိန်ဒူးဝါးက ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၈ အခြေ ခံဥပဒေပြင်ဆင်ရေးသဘောတူညီသူများက ဝိုင်းဝန်းစုပေါင်းပါဝင်ခဲ့ ကြရာ ထောက်ခံပွဲသို့ လူဦးရေ ၂ဝဝဝ ခန့် လာရောက်အားပေးခဲ့သည့်အတွက် မနော်ရမ္မံလူထုဟစ် တိုင်ကွင်းအပြည့် ဖြစ်ခဲ့သည်။


''ပြည်သူတွေ မျှော်လင့်စောင့် စားနေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကျွန်တော်တို့ပြည်သူတွေနဲ့အတူ ထောက်ခံတဲ့အနေနဲ့ ဒီပွဲကိုပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီပွဲမှာ အလွှာပေါင်းစုံက အဖွဲ့အစည်း တွေ၊ တိုင်းရင်းသားပြည်သူတွေ အားလုံးပါဝင်ပါတယ်။ ဘယ်သူ ဘယ်ဝါဆိုပြီး ဖိတ်ကြားထားတာ တော့ မရှိပါဘူး။ အခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့ပြည်သူတွေအားလုံးက တစ်ခဲနက်ပါဝင်လာခြင်းဖြစ်ပါတယ်။ အခြေခံဥပဒေရေးဆွဲထားခြင်းသည် မျှတမှုမရှိဘူးလို့ မြင်ထားတဲ့အတွက် ပြင်ဆင်ဖို့အ နှစ်နှစ်အလလစောင့်နေခဲ့ရတဲ့အတွက် ပြည်သူတွေက တစ်ခဲနက် ပြင်ဆင်ပေးဖို့ ထောက်ခံတဲ့အနေနဲ့ ပါဝင်လာခြင်း ဖြစ်ပါတယ်''ဟု မန္တ လေးစိန်ဒူးဝါးဆိုင်းအဖွဲ့မှ ဆိုင်းဆရာဦးစိန်ဒူးဝါးက ပြောကြားသည်။

MTK, DW

#democracytoday

Rate this item
(0 votes)
back to top