HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ညအချိန် ရမ်းကားနေသော ပြိုင်ကားများကို ပိုမိုထိရောက်စွာ အရေးယူမည်

ညအချိန် ရမ်းကားနေသော ပြိုင်ကားများကို ပိုမိုထိရောက်စွာ အရေးယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ညအချိန် အရှိန်မြှင့်ပြီးဆူညံစွာမောင်း နှင်သည့် ပြိုင်ကားများကို ပိုမိုထိ ရောက်စွာ အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဒေါ်နီလာ ကျော်ကပြောသည်။ ဖေဖော်ဝါရီ ၁၉ရက် ရန်ကုန် တိုင်း လွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ ညအချိန်ပြိုင်ကားများ အရှိန်မြှင့် ဆူညံစွာမောင်းနှင်မှုများ ကြောင့် ပြည်သူများအထိတ်တလန့် စိတ်အနှောင့်အယှက်ဖြစ်ရပြီး လမ်း အသုံးပြုသူများလည်း အသက်အန္တ ရာယ်များသဖြင့် ထိထိရောက်ရောက် အရေးယူတားမြစ်သွားရန် အစီအစဉ် ရှိ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက် မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဒေါ်နီလာကျော်က အထက်ပါ အတိုင်း ထည့်သွင်းဖြေကြားခဲ့သည်။

''ညအချိန် အရှိန်မြှင့်ဆူညံစွာ မောင်းနှင်သည့်ပြိုင်ကားများကို ယာဉ် စစ်ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ အ ရေးယူခြင်းများကို ဆောင်ရွက်လျက် ရှိသော်လည်း လက်ရှိပြဋ္ဌာန်းထား သော မော်တော်ယာဉ်ဥပဒေအရ အရေးယူ ဆောင်ရွက်နေရခြင်းဖြစ် သည့်အတွက် ပိုမိုထိရောက်သည့် ဒဏ်ငွေနှင့် လူလိုင်စင်၊ ယာဉ်လိုင် စင်များပိတ်သိမ်းသည်အထိ အရေး ယူဆောင်ရွက်ခြင်းကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာနနှင့်အတူ ပြည်ထောင် စုရှေ့နေချုပ်ရုံး၊ ရန်ကုန်တိုင်းဥပဒေ ချုပ်ရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်သွား မှာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။


အမှတ်(၂) ယာဉ်ထိန်းရဲတပ် ဖွဲ့(ရန်ကုန်)မှ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း နယ်မြေခံရဲတပ်ဖွဲ့ဝင် များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ညအချိန်အရှိန်မြှင့်ဆူ ညံစွာ မောင်းနှင်သည့်ပြိုင်ကားများ အား ယာဉ်စစ်ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ အရေးယူခြင်းတို့ဆောင် ရွက်နေကြောင်း သိရသည်။ ယင်းသို့ ညအချိန်မတော်ဆူညံ စွာ အရှိန်ပြင်းစွာမောင်းနှင်သော ယာဉ်များကို ၂ဝ၁၅မော်တော်ယာဉ် ဥပဒေပုဒ်မ၅၈(က)အရ တစ်လထက် မပိုသော ထောင်ဒဏ်(သို့မဟုတ်)ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးချမှတ် နိုင်သည်ဟုဖော်ပြပါရှိကြောင်း အ မှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ယင်းနှင့်ပတ်သက်ပြီး လွှတ် တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ''ညအပြင်ထွက်မယ်ဆိုရင်တောင် ပြိုင်ကားတွေသတိထားဖို့ သတိပေး ရတဲ့အနေအထား ရှိနေပါတယ်။အရေးယူဒဏ်တပ်တဲ့ ငွေပမာဏက လည်း မပြောပလောက်တဲ့အတွက် မှတ်လောက်သားလောက် မဖြစ်ကြ ဘူးလို့ ပြည်သူတွေကသုံးသပ်လျက် ရှိပါတယ်။ အဲဒီအတွက် ထိရောက် တဲ့ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်ရန် လိုအပ်နေပါတယ်''ဟု ပြောသည်။ ၂ဝ၁၆ခုနှစ်က လေဆိပ်ဝင်း အတွင်း အသံဆူညံစွာမောင်းနှင် သည့်ပြိုင်ကားရှစ်စီး၊ ၂ဝ၁၇ခုနှစ် မရမ်းကုန်းမြို့နယ်တွင် ပါဝါအိတ် ဇောတပ်မောင်းနှင်သည့် မတ်ခ်တူး ယာဉ်တစ်စီးနှင့် ၂ဝ၁၈ခုနှစ် ဦးဝီ စာရအဝိုင်းနှင့် ဆူးလေဘုရားပတ် လမ်းတို့တွင် မော်တော်ယာဉ်ကိုအ ရှိန်မြှင့်မောင်းသော မော်တော်ယာဉ် နှစ်စီးတို့ကို ၂ဝ၁၅မော်တော်ယာဉ် ဥပဒေအရ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top