HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အဝေးမှုန် မြန်မာ့ငြိမ်းချမ်းရေး

အဝေးမှုန် မြန်မာ့ငြိမ်းချမ်းရေး

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးကို လေ့လာကြည့်လျှင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ်(NCA) မထိုးနိုင်ဘဲ ထိုးနိုင်ရေးညှိနှိုင်း နေဆဲ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ များဟု မြင်တွေ့ရပါသည်။

ထိုသို့ NCA လက်မှတ်ထိုးအဖွဲ့နှင့် မထိုးအဖွဲ့အဖြစ် ဖြစ်တည်လာခြင်းကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သော်လည်း အများစုသည် အားလုံးပါဝင်လက်မှတ် ထိုးခွင့်မရသည့်အတွက်ဟုဆိုကာ ဖြစ်ပေါ်လာသည့် အခြေအနေတစ်ရပ်ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ သည် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက အားလုံးပါဝင်(AA-TNLA-MNDAA)လက် မှတ်ထိုးခွင့်မရခြင်းကြောင့် NCA ကိုမထိုးဘဲ ကျန်နေရစ်ခဲ့သောအဖွဲ့များ ဖြစ်သည်။

ထိုအဖွဲ့များသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်များအဖြစ် ပါဝင်၍ မြန်မာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ခဲ့ပြီးနောက်ပိုင်း ၂ဝ၁၇ ခုနှစ်အတွင်းမှာ KIA နှင့် SSPP သည် UNFC ကနေ နုတ်ထွက်သွားပြီး လက် ရှိ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ(FPNCC)မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသည်။

FPNCC တွင် 'ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရက္ခိုင့်တပ်မတော်(AA)၊ မြန်မာအမျိုးသား များဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ တအာင်း(ပလောင်)အမျိုးသား လွတ် မြောက်ရေးတပ်မတော်(TNLA)လည်း ပါဝင် ကြသည်။ FPNCC အဖွဲ့ဝင်များထဲက AA, MNDAA, TNLA တို့ကို ယခင် ဦးသိန်းစိန် အစိုးရနှင့် တပ်မတော်ဘက်က NCA မှာ ပါဝင်လက်မှတ်ရေးထိုးခွင့် မပြုခဲ့ခြင်းကြောင့် KIA, KNPP, SSPP တို့သည် အားလုံး ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရေး တောင်းဆိုသည့်အနေဖြင့် လက်မှတ်မထိုးဘဲ နေခဲ့ခြင်း ဖြစ်သည်။

UWSA နှင့် NDAA ကမူ NCA ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုညှိနှိုင်းဆွေး နွေးရေးအဖွဲ့(NCCT) အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ စတင်ဖွဲ့စည်း၍ NCA ကို စတင်ဆွေးနွေးစဉ်ကတည်းက ပါ ဝင်ခဲ့ခြင်းမရှိသည့်အတွက် အားလုံးပါဝင်ရေး ဆိုသည့်အပေါ်မှာလည်း တစ်စုံတစ်ရာ ပါဝင် ပတ်သက်မှု မရှိခဲ့ပေ။

သို့သော် ဦးသိန်းစိန်အစိုးရနှင့် တပ်မ တော်ဘက်က NCA ကို UWSA နှင့် NDAA တို့လည်း ပါဝင်လက်မှတ်ထိုးရန်တောင်း ဆိုခဲ့ရာမှ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ အပြီး အစိုးရအပြောင်းအလဲ (လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်)ပြီး နောက်ပိုင်းမှာ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဤကဲ့သို့ အခြေအနေကို ခြုံငုံကြည့်ပါက ဦးသိန်းစိန်အစိုးရလက်ထက် အားလုံးပါ ဝင်(AA-MNDAA-TNLA) လက်မှတ်ထိုး ခွင့်မပေးခဲ့စဉ်တွင် KIA, SSPP, KNPP တို့သည် အားလုံးပါဝင်(AA-MNDAA-TNLA) လက်မှတ်ထိုးခွင့်မပေးခြင်းကြောင့် NCA မထိုးခဲ့ပေ။ ဦးသိန်းစိန်အစိုးရ ပြောင်းလဲပြီး လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရတက်လာသည့် အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက အားလုံးပါဝင်(AA-MNDAA-TNLA)ရေး လက်ခံခဲ့ပြီး ပါဝင်လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးမှုပြုလုပ်ခဲ့ရာ KIA, SSPP သည် UNFC ကနေ နုတ်ထွက်သွားခဲ့ သည်။

ထို့နောက် FPNCC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်သွားပြီး NCA စာချုပ် အသစ်ဖော်ပေး ရန်၊ လက်မှတ်မရေးထိုးရန်၊ တစ်ဖွဲ့ချင်းမဆွေး နွေးဘဲ FPNCC အဖွဲ့ဝင်ခုနစ်ဖွဲ့အဖြစ်သာ ဆွေးနွေးရန် စသဖြင့် မူဝါဒများ ချမှတ်၍ ထုတ်ပြန်ခဲ့သည်။ ယခု FPNCC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် ခုနစ်ဖွဲ့ထဲက MNDAA, AA, TNLA တို့သည် UNFC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရေး လျှောက်ထားခဲ့သည့် (TNLA က UNFC အဖွဲ့ဝင်ဖြစ်ခဲ့)အဖွဲ့များဖြစ်သလို NCA စာချုပ်ကို အကောင် အထည်ဖော်သည့်အခါမှာလည်း ပါဝင်ခဲ့ရာ ယခု ၎င်းတို့၏မူဝါဒများက အဝေးမှုန်မြန်မာ့ ငြိမ်းချမ်းရေးဟုပင် ဆိုရမလို ဖြစ်လာသည်။

ရေရှည်တည်ဆောက်ရမည့် ငြိမ်းချမ်း ရေးဖြစ်စဉ်ကို ရှေ့ဆက်ပြီး ဖော်ဆောင်သွားသင့်သည့် လုပ်ငန်းစဉ်များအတွက် မျှော်တွေး၍ အစိုးရက အားလုံးပါဝင်လက်မှတ်ရေးထိုး ခွင့်ပြုနေသည့်အပေါ် ယခင် ၎င်းတို့ရပ်တည် ခဲ့သော အားလုံးပါဝင်ရေး အစား အစိုးရအတွက် အခက်အခဲဖြစ်စေနိုင်သည့် မလိုလားအပ်သော ဆွေးနွေးမှုများကို လုပ်နေခြင်းက အဝေးမှုန်ငြိမ်းချမ်းရေးဆွေးနွေးခြင်း ဖြစ်နေ စေသည်။

အစိုးရ-တပ်မတော်သည် တခြားသော လက်နက်ကိုင် ၁ဝ ဖွဲ့နှင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ ထိုစာချုပ်ကို မရေးထိုးဘဲ FPNCC အဖွဲ့ဝင်များက ၎င်းတို့ ဘာသာရေးဆွဲထားသည့် အပစ်အခတ်ရပ်စဲ ရေးစာချုပ်ကိုသာ လက်မှတ်ရေးထိုးလိုကြောင်း နှင့် နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပလိုကြောင်း တင်ပြညှိနှိုင်းနေခြင်းကို အစိုးရ-တပ်မတော် က လက်ခံလိုက်လျှင် လက်မှတ်ထိုးထားသည့် ၁ဝ ဖွဲ့က မည်ကဲ့သို့ တုံ့ပြန်လာမည်လဲ စဉ်း စားရန်သင့်သည်။

FPNCC အဖွဲ့ဝင်များထဲက KIA, AA, MNDA , TNLA တို့သည် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်(Bilateral) အပစ် အခတ်ရပ်စဲရေးစာချုပ်များ ရေးထိုးထားနိုင် ခြင်း မရှိသေးသည့်အတွက် ဖေဖော်ဝါရီ ၂၅ ရက်က အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC)မှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို ဆွေးနွေးပွဲတွင် အစိုးရဘက်က NCA ထိုး နိုင်မည့် နည်းလမ်းများကို ရှင်းပြဆွေးနွေးခဲ့ သလို Deed of Commitment(DoC) ကတိ ကဝတ် စာချွန်လွှာကို လက်မှတ်အရင်ထိုးရန် ဆွေးနွေးခဲ့ကြောင်း တက်ရောက်ခဲ့သည့် ကိုယ် စားလှယ်က ဆိုသည်။

သို့သော် KIA, AA, MNDAA, TNLA ဘက်ကတော့ Bilateral အရင်ထိုးရန်၊ NCA စာချုပ်ကို နောက်မှသာဆွေးနွေး ညှိနှိုင်းရန်၊ NCA စာချုပ်ထက် မိမိတို့ရေးဆွဲ ထားသည့် အပစ်ရပ်စာချုပ်ကိုသာရေးထိုးရန် စသဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဤ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး Kachin News သတင်းဌာနက မတ် ၄ ရက်မှာ မြောက်ပိုင်း မဟာမိတ်(၄)ဖွဲ့နှင့် Bilateral အပစ်ရပ်အစီအစဉ် အစိုးရပယ်ဖျက်ဆိုသည့် ခေါင်းစဉ်ဖြင့် KIA ဘက်က (မည်သူပြောသည်ဆိုတာ ဖော် ပြမထား)ပြောသည့် သတင်းအချက်အလက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ထိုသို့ အစိုးရက Bilateral အစီအစဉ် ပယ်ဖျက်လိုက်ရခြင်းကလည်း ဇန်နဝါရီ ၄ ရက် (၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့)မှာ AA က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ရှိ နယ်ခြားစောင့်ရဲကင်းစခန်းသုံးခုကို ဝင်တိုက် ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုထားသည်။

ထို့ကြောင့် အစိုးရဘက်မှ သတင်းရင်း မြစ်တစ်ဦးကို မေးမြန်းကြည့်ရာတွင် မိမိတို့ အနေဖြင့် Bilateral အပစ်ရပ်စဲရေး လက် မှတ်ထိုးရန် ညှိနှိုင်းမှုကို ပယ်ဖျက်ထားခြင်းမရှိ ကြောင်း NCA စာချုပ်ကို မြောက်ပိုင်းမဟာ မိတ်အဖွဲ့ လက်မှတ်ထိုးလိုက်ပါက Bilateral ကိစ္စလည်း တစ်ခါတည်းညှိနှိုင်းရန် ပါပြီးသား ဖြစ်ကြောင်း၊ သို့သော် မြောက်ပိုင်းမဟာမိတ် အဖွဲ့များက NCA စာချုပ်ကို မထိုးချင်ဘဲ ၎င်းတို့ရေးဆွဲထားသည့် အပစ်ရပ်စဲရေးစာချုပ်အား လက်မှတ်ရေးထိုးရန် တောင်းဆိုနေခြင်း ကြောင့် အခက်အခဲများဖြစ်လာကြောင်း ရှင်း ပြသည်။

အဆိုပါအခြေအနေများကို လွှမ်းခြုံကြည့်ပါက ငြိမ်းချမ်းရေးဆွေးနွေးမှု၏ပြင်ပမှ စောင့် ကြည့်နေသောလူထုသည် အဝေးမှုန်ဖြစ်နေရသည်။ ထိုသို့ပြောရခြင်းက အတွင်းကျကျ ဖြစ်ပျက်နေသော အခြေအနေကို မသိရဘဲ ဖြစ်နေခြင်းပင်။

အနီးမြင်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်နေသော မြန်မာ့ငြိမ်းချမ်းရေးကို သာ မြင်တွေ့နေရသည်။ အလားတူ တစ်ဖက်ရှိ KNPP အနေဖြင့် NCA ဘာကြောင့် မထိုးဘဲ တောင်ပိုင်းမှာ တစ်ဖွဲ့တည်းနေနေရသလဲဆိုသော အနီးမြင် အခင်းအကျင်းကို တွေ့ ရသည့်တိုင် KNPP မထိုးနိုင်ဘဲဖြစ်နေသည့် အဝေးက အခြေအနေကိုတော့ လူထုအနေ ဖြင့် မမြင်တွေ့နိုင်ဘဲ မှုန်ဝါးနေရသည်။

KNPP သည် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလက တပ်မတော်နှင့် KNPP ကြား ကယား ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး သေဆုံးသွားခြင်းအပေါ် အစိုးရ- တပ်မတော်ဘက်က ယနေ့ထိတိုင် အရေးယူ ပေးနိုင်ခြင်းမရှိသလို ကယားပြည်နယ်လူထု နှင့် ကယားပြည်နယ်အစိုးရကြား ဗိုလ်ချုပ် ကြေးရုပ်တုစိုက်ထူရေးအပေါ် အငြင်းပွားခဲ့မှု တို့က KNPP အနေဖြင့် NCA ထိုးရန် အကျပ် အတည်း ဖြစ်သွားစေခဲ့သည်။ ထို့နောက် NCA ထိုးထားသည့် လက်နက်ကိုင် ၁ဝ ဖွဲ့ အနက် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများက နေ ယာယီရပ်ဆိုင်းလိုက်ရသည့် အခြေအနေ ကို အားလုံးက အနီးကပ်မြင်တွေ့ရသော်လည်း နောက်ကွယ်မှာ မည်သည့်ကိစ္စရပ်များ ရှိနေ သလဲ ဆိုသော အဝေးကြည့်မှာတော့ လူထု သည် မှုန်ဝါးသွားခဲ့သည်။

သာဓကတစ်ခုကိုပြရလျှင် NCA ထိုး ထားသည့် လက်နက်ကိုင် ၁ဝ ဖွဲ့ထဲက မွန် ပြည်သစ်ပါတီ(NMSP)နှင့် လားဟူးဒီမိုကရက် တစ်အစည်းအရုံး(LDU)တို့မှအပ ကျန်ရှစ်ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မတ် ၅ ရက်က ကျင်းပခဲ့သည်။ ထိုအစည်းအဝေးမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုးက''မိန့်ခွန်းကို စာနဲ့ရေးထားပါတယ်။ စာရေးထားတဲ့အတိုင်း ကျွန်တော် ဖတ်သွားမှာဖြစ်ပါတယ်''ဟု သူ မိန့်ခွန်းမပြောခင်မှာ အစချီပြီး ပြောခဲ့သည်။

ဗိုလ်ချုပ်ကြီးပြောသည့် မိန့်ခွန်းထဲမှာ ''NCA လမ်းကြောင်းဟာ ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု ကို ရောက်ရှိစေမယ့်လမ်းကြောင်းကနေ သွေ ဖည်သွားပြီဖြစ်ပါတယ်''ဟု ဆိုထားရာ သတင်း ဌာနအများစုက ထိုခေါင်းစဉ်အတိုင်းရေးသား ခဲ့ကြရာ လူထုအားလုံးက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေ ဆိုးနေပြီဟု အများ စုက အဝေးမှုန်ကာ အနီးမြင်ဖြင့် ကောက်ချက် ချခဲ့ကြသည်။ တချို့သော သတင်းရင်းမြစ်များ ဆီက ပြန်လည်ကြားရာတွင် ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးသည် KNU အဖွဲ့အစည်း အတွင်းမှာ အခွင့်အာဏာများ ထိန်းချုပ်ကန့် သတ်ခံနေရပြီး KNU ဗဟိုကော်မတီက ရေး သားပေးခဲ့သော မိန့်ခွန်းပါစာသားများကိုသာ ဖတ်ကြားခဲ့ရခြင်းဖြစ်သည်ဟု သတင်းများ ထွက်နေသည့် အခြေအနေကိုဖြင့် လူထု အများစုက အဝေးမှုန်ဖြစ်နေခြင်းကြောင့် မသိ ရှိရဘဲ ဖြစ်နေသည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးသည် မိမိတို့အတွက် အနီးမြင်သာဖြစ်ပြီး အဝေးမှုန်နေသည်။ အဝေးမှုန်ဖြစ်နေသည့်အတွက် မြန်မာ့ငြိမ်းချမ်းရေး မည်သို့မည်မျှ ဖြစ်နေသည်ကို မသိရှိရဘဲ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက် ပေးရန် လိုအပ်သလဲဆိုသော အဖြေကိုလည်း လူထုအနေဖြင့် ရှာဖွေနိုင်မည်ရန် ခက်ခဲလှ ပါသည်။

#YangonMediaGroup | #YangonTimesJournal

Rate this item
(0 votes)
YMG

back to top