HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တစ်ဆို့မှုများမရှိပါက NCA လမ်းကြောင်း အတိုင်း ရှေ့ဆက်ရန် အခက်အခဲမရှိဟုဆို

တစ်ဆို့မှုများမရှိပါက NCA လမ်းကြောင်း အတိုင်း ရှေ့ဆက်ရန် အခက်အခဲမရှိဟုဆို

ရန်ကုန်၊ တစ်ဆို့နေမှုများမရှိပါက NCA လမ်း ကြောင်းအတိုင်း ရှေ့ဆက်ရန်အခက်အခဲမရှိ ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင် ခေးက ဆိုသည်။

ယင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး ဦးဆောင်သည့်အဖွဲ့တို့ ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''မိမိတို့အဖွဲ့အနေဖြင့် NCA လမ်း ကြောင်းအတိုင်း ရှေ့ဆက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ တစ်ဆို့နေမှုများတွင် အဓိကမှာ ဖမ်းဆီးအကျဉ်းကျခံနေရမှုများဖြစ်ပြီး ယင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်း ချမ်းရေးဗဟိုဌာနအနေဖြင့် အလေးအနက် ထား စဉ်းစားပေးစေလိုပါတယ်။ အရပ်သား အချင်းချင်း၊ ရဲဘော်အချင်းချင်းကြား နားလည်မှုလွဲမှားနေမှုများကိုလည်း တင်ပြလိုပါတယ်။ ရှမ်းအမျိုးသား နိုင်ငံရေးအဆင့် ဆွေးနွေးပွဲကိစ္စသည်လည်း NCA လမ်းကြောင်းသွား ရာမှာ ခုခံနေတဲ့အချက်ဖြစ်ပါတယ်။ ပြည်သူ ၏သဘောထားကို မသိရဘဲ ညီလာခံတက် ရောက်ရန်မှာ အခက်အခဲရှိသည်ကို တင်ပြချင်ပါတယ်။ ကြားကာလမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ဖို့အရေးကြီးပါတယ်။ မူးယစ် ဆေးဝါးကိစ္စမှာ အမြင်လွဲမှားမှုများရှိပြီး အရပ်သားများ၊ ရဲဘော်များ အကျဉ်းကျခံရမှုများ ရှိပါတယ်။ အဆိုပါကိစ္စများ ပြေလည်သွားပါက မိမိတို့အဖွဲ့အနေနဲ့ NCA လမ်းကြောင်း အတိုင်း ရှေ့ဆက်ဖို့အခက်အခဲမရှိပါဘူး''ဟု ၎င်းကပြောသည်။

ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဖမ်းဆီး/အကျဉ်းကျနေသည့်ျွဃှ တပ်ဖွဲ့ဝင် ၃၁ ဦး ပြန်လည်လွတ်မြောက်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စ၊ ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ၊ နေရပ်စွန့်ခွာရသူ(IDP) ကိစ္စရပ်များ၊ ရှေ့ဆက်လက်ဆောင်ရွက် ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။

''မိမိတို့အနေနဲ့ ၂၁ရာစုပင်လုံ စတုတ္ထ အစည်းအဝေး မကျင်းပနိုင်မီကာလမှာ ဖြစ် နေတဲ့ ပြဿနာတွေကို Damage Control ပြုလုပ်နိုင်ဖို့အတွက် နှစ်ဖက်အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီး မကျေလည်တာတွေကို အကျေအလည် ညှိနှိုင်းဆွေးနွေးပြီးနောက် တရားဝင်အစည်းအဝေးတွေ ပြန်စနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ မိမိတို့ လက်မှတ်ထိုးထားတဲ့ NCA လမ်းကြောင်းအတိုင်း အစိုးရနဲ့ NCA–S-EAOs များ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့နေရာမှာ အလွတ်သဘော တွေ့ဆုံမှုမျိုး မိမိတို့အနေနဲ့ ကြိမ်ဖန် များစွာပြုလုပ်ခဲ့ပါတယ်''ဟု အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က ဆိုသည်။

ဆွေးနွေးမှုများ၏ အကျိုးဆက်အနေဖြင့် NRPC-RCSS ဆွေးနွေးပွဲကို ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးဆိုသည်မှာ NCA စာချုပ် အပိုဒ်-၁ တွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲများ၏ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ယင်းကိုကတိပြုထား ခြင်းဖြစ်ကြောင်း၊ အကောင်အထည်ဖော်မှုများ မှာ နားလည်မှုမတူညီမှုများ အမြင်ကွဲပြားမှု များရှိနိုင်ကြောင်း သိရသည်။

#YangonMediaGroup | #YangonTimesJournal

Rate this item
(0 votes)
back to top