HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြစ်ဆုံအကြောင်း မေးမြန်းမှုအပေါ် မှန်သည်ထင်ပါက အမုန်းခံလုပ်ရဲရမည် လုပ်ရန်ဆုံးဖြတ်ပါက ဘာ့ကြောင့်လုပ်ရသည်ကို ပြည်သူအား အသိပေးရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြေကြား  

မြစ်ဆုံအကြောင်း မေးမြန်းမှုအပေါ် မှန်သည်ထင်ပါက အမုန်းခံလုပ်ရဲရမည် လုပ်ရန်ဆုံးဖြတ်ပါက ဘာ့ကြောင့်လုပ်ရသည်ကို ပြည်သူအား အသိပေးရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြေကြား   

ရန်ကုန်၊ မတ် ၁၄

မှန်သည်ထင်ပါက အမုန်းခံလုပ်ရဲရမည်ဟု မြစ်ဆုံစီမံကိန်းဆိုင်ရာ ပြန်လည် ဖြေကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားလိုက်သည်။ မတ် ၁၄ ရက် ပြည်မြို့လူထု နှင့်တွေ့ဆုံပွဲတွင် ဒေသခံတစ်ဦးက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အစိုးရ၏သဘောထားမေးမြန်းရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''လုပ်ဖို့ဆုံးဖြတ်ချက်တစ်ခု ချတယ်ဆိုရင် ပြည်သူလူထုကို အသိပေးရုံမက ဘာကြောင့်လုပ်တယ်ဆိုတာကို အသိပေးရမယ်။ ဘာလုပ်တော့ပါမယ်ဆိုပြီး အသိပေးရုံနဲ့ မလုံ လောက်ဘူး။ ဒီဟာကို ဘာကြောင့် လုပ်တာဖြစ်ပါတယ်ဆိုတာ အသိ ပေးရမယ်။ ဒါလုပ်တော့ပါ့မယ်ဆိုပြီး အသိပေးရုံနဲ့ မလုံလောက်ဘူး။ ဒါဟာ နိုင်ငံရေးမှာ တာဝန်ယူထားတဲ့လူတိုင်းရဲ့ လုပ်ရမယ့် ဝတ္တရားတစ်ခုဖြစ်ပါတယ်။ ဘာ ကြောင့် ကိုယ်ဒါကိုလုပ်တယ်။ ဘာကြောင့် ဒီလမ်းကိုရွေးတယ်ဆိုတာ ပြည်သူကို ချပြနိုင်စွမ်းရမယ်။ ပြည်သူကိုချပြတဲ့နေရာမှာလည်း ကိုယ်ကမှန်တယ်ထင်လို့ ကိုယ်လုပ်တယ်ဆိုတာ ရှင်းပြရလိမ့်မယ်။ မှန်တယ်ထင်လို့ရှိရင် အမုန်းခံပြီး လုပ်ရမယ်ဆိုရင်လုပ်ရဲရမယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ အချစ်ခံချင်လို့လုပ်တာမဟုတ်ဘူး။ နိုင်ငံအကျိုးဖြစ်စေချင်လို့လုပ်တာ''ဟု ၎င်းကပြောသည်။

 

ယင်းအပြင် မြစ်ဆုံစီမံကိန်းသာမက မည်သည့် ကြီးကျယ်သည့် စီမံကိန်းများနှင့်ပတ်သက်၍ ဖြစ် ဖြစ် NLD အစိုးရက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်လေးခုမှကြည့်ပြီး ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း၊ ချမှတ်မည့် ဆုံးဖြတ်ချက်များကိုလည်း ပြည်သူကို ပြန်တင်ပြမည် ဖြစ်ကာ ဘာ့ကြောင့်ဆုံးဖြတ်ချက် ချသည်ဆိုခြင်းကိုလည်း တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ဒေသခံတစ်ဦးက ''ကျွန်တော် တို့ပြည်သူလူထုက မြစ်ဆုံစီမံကိန်း ကိုဖျက်ချင်တယ်။ အမေ့ရဲ့သဘောထားရယ်၊ အမေ့အစိုးရ သဘော ထားရယ် ကျွန်တော်တို့ အရမ်းသိချင်ပါတယ်''ဟု မေးမြန်းခဲ့ခြင်း လည်းဖြစ်သည်။


မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ဖြစ်စေ၊ တခြားကြီးကျယ်သော စီမံကိန်းများ၌ဖြစ်စေ ပြည်သူ လူထုအနေဖြင့် အမြင်ကျယ်ကျယ်နှင့် အဘက်ဘက်မှ စဉ်းစားစေချင်ကြောင်း၊ မည်သည့်အချိန်မှ မည်သူ့စကားကိုမှ နားမယောင်သင့် ကြောင်း အတိုင်ပင်ခံကဆိုသည်။ ''စီးပွားရေးနဲ့ နိုင်ငံရေးဆက် စပ်နေတာဘာလဲဆိုရင် ကျွန်မတို့ နိုင်ငံဂုဏ်သိက္ခာအတွက် ကျွန်မတို့ နိုင်ငံဟာ ကမ္ဘာ့ရဲ့အလယ်မှာ ရေ ရှည်ယုံကြည်မှုရဖို့အတွက် ကျွန်မ တို့စကားတည်ဖို့လိုပါတယ်။ အခုတစ်မျိုး အခုတစ်မျိုး စကားပြော လို့မရပါဘူး။ အရင်တုန်းကနေပြီး စတင်ခဲ့တဲ့ စီမံကိန်းကြီးကို ကျွန်မတို့ကနေပြီးတော့ ကျွန်မတို့အစိုးရတက်ပြီး ဘယ်ဟာမှဂရုမစိုက်တော့ဘူး။ လုပ်ချင်တာလုပ်မယ်လုပ်လို့ မရဘူး။ အဲဒီလို လုပ်လို့ရှိရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့နိုင်ငံမဟုတ်ဘူး။ အစိုးရတစ်ခုတက်ရင် တစ်မျိုး။ ငါတို့ ဒီနိုင်ငံနဲ့ ဘာမှ မလုပ်တာဘဲကောင်းတယ် ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာ ဖြစ်သွားပြီဆိုရင် ကျွန်မတို့နိုင်ငံ ထိခိုက်မယ်''ဟု ¤င်းကပြောသည်။


ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုခြင်းသည် ပတ်ဝန်းကျင် မပြောင်းလဲရေးကိုဆိုလိုရင်း မဟုတ်ဘဲ ပတ်ဝန်းကျင် မပျက်စီး ရေးကိုသာ ပြောနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ''အဲဒါကိုလည်း သတိပြုစေချင်ပါတယ်။ ပတ်ဝန်းကျင်ကို လုံးလုံးမပြောင်းရဘူးဆိုရင် ကျွန်မတို့ ဘာလို့ ဒီလိုခန်းမကြီးမှာ မတ်တတ် ရပ်နေလဲ။ ဒါကသဘာဝအလျောက် ပေါ်လာတဲ့ ခန်းမကြီးမှ မဟုတ်ဘဲ။ ကျွန်မအမြဲပြောတယ်။ ကိုယ့်ကိုယ်ကိုယ်ကြည့်ကြည့်လိုက်ပါဦး၊ ကိုယ်ဝတ်ထားတဲ့ အဝတ်တွေကို ကသဘာဝအရ ပေါ်လာတာမဟုတ်ဘူး။ လူလုပ်ထားတာ။ ဒီသဘာဝ ပတ်ဝန်းကျင်ကို မပြောင်းလဲအောင် လုပ်မယ်ဆိုလို့ရှိရင် ကျွန်မတို့ ဘယ် တော့မှ တိုးတက်မှုရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အစိုးရအနေ နဲ့ တာဝန်သိသိနဲ့လုပ်မှာပါ။ဆုံး ဖြတ်ချပြီးလို့ရှိရင် အများပြည်သူ သိအောင်လို့ ဘာကြောင့်ဘာ ကြောင့်ဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်''ဟု အတိုင်ပင်ခံက ပြော ကြားခဲ့သည်။

NT

#democracytoday

Rate this item
(0 votes)
back to top