HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ခြေ/ဥပြင်ဆင်ရေးကို သဘောထားကြီးစွာဖြင့် အပြုသဘောဆွေးနွေးပြင်ဆင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ခြေ/ဥပြင်ဆင်ရေးကို သဘောထားကြီးစွာဖြင့် အပြုသဘောဆွေးနွေးပြင်ဆင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

နေပြည်တော်၊ မတ် ၁၄ 

အ ခြေခံဥပဒေပြင်ဆင်နိုင်ရေးကို ဘက်စုံမှ ရှုမြင်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များအား သဘောထားကြီးစွာဖြင့် အပြုသဘောဆောင်ကာ ဆွေးနွေး၊ ညှိနှိုင်းပြင်ဆင်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတိုက်တွန်းလိုက်သည်။ မတ် ၁၄ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်နိုင်ရေးကိစ္စကို လည်းဘက်စုံ၊ ထောင့်စုံကနေ ရှု မြင်သုံးသပ်ပြီး ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို သဘောထား ကြီးခြင်း၊ အမြော်အမြင်ကြီးခြင်း တွေနဲ့ အပြုသဘောဆောင်ပြီး ဆွေးနွေး၊ ညှိနှိုင်းပြင်ဆင်နိုင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်''ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။


ဒုတိယအကြိမ်၊ ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကျင်းပရက်မှာ ၂၅ ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၇၂ ခုမေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၅၃၅ ခု မေး မြန်းဖြေကြားခြင်း၊ အဆို ၁၅ ခုတင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆိုကိုးခု၊ မှတ်တမ်းတင် အဆို လေး ခုနှင့် လက်ခံဆွေးနွေးရန်မရှိအဆို နှစ်ခု ဆောင်ရွက်ခဲ့သည့် ဥပဒေ ကြမ်း ၂၃ ခုရှိပြီး ဥပဒေကြမ်း ၁၁ ခုကို အတည်ပြုနိုင်ခဲ့ကာ ဆက် လက်ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၂ ခုကျန်ရှိနေကြောင်းသိရသည်။ကော်မတီဆိုင်ရာဆောင်ရွက်ချက် များအနေနှင့် ပြည်သူ့လွှတ်တော်၊ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီကို ကိုယ်စားလှယ် ၁၆ ဦးဖြင့်လည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီကိုကိုယ်စားလှယ် ၁၅ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းနိုင်သည့်အပြင် လွှတ်တော်က ဖွဲ့စည်းထားသည့်ကော်မတီ ၁၄ ခု၏ သက်တမ်းတိုးမြှင့်ခြင်း၊ ဥပဒေ ကြမ်းကော်မတီနှင့်အစိုးရ၏ အာ မခံချက်များ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီတို့၏ အစီရင်ခံစာတို့ကို အတည်ပြုခြင်း များ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိ ရသည်။ 

MP

#democracytoday

Rate this item
(0 votes)
back to top