HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တပ်တွင်း မဲရုံများကို ပြင်ပတွင်သာထားသင့်ဟု နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြံပြု

တပ်တွင်း မဲရုံများကို ပြင်ပတွင်သာထားသင့်ဟု  နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြံပြု

ရန်ကုန်၊ မတ် ၁၅

တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များအတွင်းမှ မဲရုံများကို ၎င်းတို့ထိန်းချုပ်နယ်မြေ မဟုတ်သောနေရာများတွင် ပြန်လည်နေရာချထားသင့်ကြောင်း နိုင်ငံတကာရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့ (ANFREL) ကအကြံပြုလိုက်သည်။ ANFREL နိုင်ငံတကာရွေး ကောက်ပွဲစောင့်ကြည့်လေ့လာ ရေးအဖွဲ့သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာချက်တွေ့ရှိချက် အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာ၌ အထက်ပါ အချက်အပါအဝင်ရွေးကောက်ပွဲစီမံခန့်ခွဲခြင်း အကြံပြုချက်ကိုးချက်အား ထုတ်ပြန်ခဲ့သည်။

၎င်းတို့မှာ နိုင်ငံတစ်ဝန်းတွင် မဲတစ်မဲစီ၏ တန်ဖိုးတူညီမှုရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အနေဖြင့် မဲဆန္ဒနယ်များဖွဲ့စည်းရာ၌ ပထဝီအနေအထားနှင့် လူဦးရေကိုထည့်သွင်းစဉ်းစားသည့် မဲဆန္ဒနယ် နယ်မြေသတ်မှတ်ရေးဥပဒေ စည်းမျဉ်းများထားရှိရန် စဉ်းစားသင့် ကြောင်း၊ ရွေးကောက်ပွဲပြက္ခဒိန်ကို အနည်းဆုံးရွေးကောက်ပွဲရက်မတိုင်မီ နှစ်လမှသုံးလကြိုတင်၍ အများပြည်သူထံသို့ ထုတ်ပြန်သင့်ပြီး မဲဆန္ဒရှင်များ အလွယ်တကူမြင်နိုင်မည့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ပြထားသင့်ကြောင်း၊ UEC သည် ရွေးကောက်ပွဲဥပဒေများနှင့် ရွေး ကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို တိုင်းရင်းသားဘာသာသို့ ဘာသာပြန်ဆိုရန် စဉ်းစားသင့်ကြောင်း အကြံပြုသည်။


ထို့အပြင် UEC သည် ရပ်/ ကျေးအုပ်စုများတွင် ရွေးကောက် ပွဲစီမံခန့်ခွဲမှုကို ပြန်လည်ဖွဲ့စည်းရန်စဉ်းစားသင့်ကြောင်း၊ ရွေး ကောက်ပွဲဆိုင်ရာ အရာရှိများကို မဲပေးခြင်းလုပ်ငန်းစဉ်များကို အ ကောင်အထည်ဖော်ရာတွင် သွေဖည်မှုများမရှိစေရန်နှင့် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် မိမိကိုယ်ကိုယုံကြည်မှုရှိစေရန် နောက်ထပ်လေ့ကျင့်သင်ကြား ပေးမှုများပေးသင့်ကြောင်း၊ ရွေး ကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား မည်သို့အသုံးချမည်ဆိုသည်ကို သရုပ်ဖော်ရန်နှင့် ပြင်ဆင်ရန်လိုအပ်သော နယ်ပယ်များကို ရှာဖွေနိုင်ရန် နမူ နာရွေးကောက်ပွဲပုံစံတစ်ခုပြုလုပ် သင့်ကြောင်း အကြုံပြုချက်၌ဖော် ပြထားသည်။


UEC သည် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ အရာရှိများ ဒေသခံ တာဝန်ရရှိသူများနှင့်လိုအပ်သည်ထက် ပိုမိုအရောဝင်မှုများရှိလာနိုင်သည်ကို ရှောင်ရှားနိုင်ရန်အတွက် ခရိုင်တစ်ခုအတွင်းမှာပင် လှည့်ပတ်နေရာချထားမှု ပြုလုပ်နိုင်ရေးကို စဉ်းစားသင့်ကြောင်း၊ ရလဒ်များ စုစုပေါင်းရာတွင်လွယ်ကူစေရေးအတွက် UEC သည် မြို့နယ် သို့မဟုတ် ခရိုင် အဆင့်တွင် ကွန်ပျူတာဖြင့် စာရင်းရေးသွင်း ခြင်းပြုလုပ်ရန် စဉ်းစားသင့်ကြောင်း အကြံပြုချက်၌ ထည့်သွင်းထားသည်။


အကြုံပြုချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌဦးလှသိန်းက ''အပြည့်အစုံတော့ မဖတ်ရသေးဘူး။ တချို့တွေကမှန်ပါတယ်'' ဟု မီဒီယာများကို ပြောသည်။ မတ် ၁၅ ရက် ရန်ကုန်မြို့၊ Park Royal Hotel ၌ ပြုလုပ်သည့် ''နိုင်ငံတကာ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့ ANFREL ၏ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ အစီရင်ခံတင်ပြခြင်း''အခမ်းအနားတွင် အကြုံပြုချက်စာအုပ်ဖြန့် ချိခဲ့သည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top