HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး ဆွေးနွေးမှု အခန်း(၄)အထိ ပြီးစီး ၊ ဧပြီလကုန်ပိုင်းမှ ဆွေးနွေးမှု ပြန်စမည်

ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး ဆွေးနွေးမှု အခန်း(၄)အထိ ပြီးစီး ၊ ဧပြီလကုန်ပိုင်းမှ ဆွေးနွေးမှု ပြန်စမည်

ရန်ကုန်၊ မတ် ၁၉- အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအ စည်းအဝေးဆွေးနွေးမှုမှာ အခန်း(၄)ပြီးဆုံးပြီဖြစ်ပြီး ဧပြီလကုန်ပိုင်းမှ ဆွေးနွေးမှု ပြန်စမည်ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းကော်မတီ အစည်းအဝေးကို မတ် ၁၉ ရက်က နေပြည် တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲအပြီးတွင် ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က မီဒီယာများသို့ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အခန်း(၅)ကတော့ မရောက်သေးဘူး။ အခန်း(၅)က လာမယ့် ဧပြီ လလောက်မှ ပြန်စနိုင်မှာပါ''ဟု ¤င်းက ပြောသည်။

ဆွေးနွေးမှုများသည် အပြုသဘောဆောင်ကြောင်းလည်း ¤င်းက ဆက်လက်ပြောသည်။ လာမည့် အစည်းအဝေးများကို ဧပြီ ၂၂ ရက်ကျ မှ ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။ ပူးပေါင်းကော်မတီအစည်း အဝေးများကို ယခုလအတွင်း ဆက်တိုက်ကျင်းပရန် စီစဉ်ထားသော် လည်း ဆွေးနွေးမှုမှာ မြန်ဆန်အဆင်ချောသည့်အတွက်ကြောင့် ဆက် တိုက် မကျင်းပတော့ခြင်းဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်ကပြောသည်။

''အမှန်က ၂၆ ရက်လောက်အထိ ရှိမယ်လို့ ဆွဲထားတာလေ။ အခု ပုံမှန်လေးသွားနေတော့ အဆင်ချောချောလေးနဲ့ သွားနေတဲ့အတွက် ကြောင့် ဒီကြားထဲဖြတ်လိုက်တာ။ တချို့လည်း မဲဆန္ဒရှင်တွေဆီ သွားဖို့ ရှိတယ်''ဟု ¤င်းကပြောသည်။

လက်ရှိဆွေးနွေးမှုများသည် အစုအဖွဲ့အလိုက် မြန်မြန်ဆန်ဆန် ဆွေးနွေးနိုင်သည့်အတွက် သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် ဆွေး နွေးနိုင်မည်ဟုလည်း ဦးထွန်းထွန်းဟိန်ကပြောသည်။ 

MP, HWA

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top