HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပါတီကောင်းမှ အရည်အသွေးရှိသည့် ပါတီဖြစ်မှ အစိုးရကောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်မှာဖြစ်သည့်အတွက် ပါတီကောင်းအောင် ဆောင်ရွက်နေဟု ပြည်ခိုင်ဖြိုးပါတီပြောကြား

ပါတီကောင်းမှ အရည်အသွေးရှိသည့် ပါတီဖြစ်မှ အစိုးရကောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်မှာဖြစ်သည့်အတွက်  ပါတီကောင်းအောင် ဆောင်ရွက်နေဟု ပြည်ခိုင်ဖြိုးပါတီပြောကြား

မကွေး၊ မတ် ၂၂

ပါတီကောင်းမှ အရည်အသွေးရှိသည့် ပါတီဖြစ် မှ အစိုးရကောင်းတစ်ရပ်ကိုဖော် ဆောင်နိုင်မည်ဖြစ်သည့်အတွက် ပါတီကောင်းအောင် ဆောင်ရွက် နေကြောင်း မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ တိုင်းဒေသကြီးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်း ရေးမှူးဦးဆန်းညွန့်အောင်က ပြော ကြားသည်။ မတ် ၂၂ ရက် နံနက် ၉ နာရီ က တိုင်းဒေသကြီးပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပသည့် တိုင်းဒေသကြီးပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများနှင့် မကွေး အခြေစိုက် သတင်းမီဒီယာအဖွဲ့ များ မိတ်ဆက်တွေ့ဆုံပွဲတွင် ယင်း သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပါတီကောင်းမှ အရည်အသွေး ရှိတဲ့ပါတီဖြစ်မှ အစိုးရကောင်းတစ် ရပ်ကို ဖော်ဆောင်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ ခံယူချက်တွေနဲ့ ပါတီ မှာရှိတဲ့သူတွေနဲ့ ပါတီမှာတာဝန် ရှိသူတွေကို စီမံခန့်ခွဲရေး၊ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးစသည့် လုပ် ငန်းစဉ်တွေကို စဉ်ဆက်မပျက် အရည်အသွေးရှိအောင် နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ သင်တန်းပေးတာ တွေဆောင်ရွက်နေပါတယ်''ဟု တိုင်းဒေသကြီးပါတီ သတင်းထုတ် ပြန်ရေးအဖွဲ့အတွင်းရေးမှူး ဦးဆန်း ညွန့်အောင်က ပြောသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လူငယ် များကို လက်တွဲခေါ်ယူနေပြီး အ ရည်အချင်းရှိလျှင်ရှိသလို နေရာ ပေးနေသည့်အပြင် လူငယ်များ ကို ကွန်ပျူတာသင်တန်း၊ ဘာသာ စကားသင်တန်း၊ စက်ချုပ်သင်တန်း နှင့် နိုင်ငံရေးနှင့်ပတ်သက်သည့် သင်တန်းများကို သင်ကြားပေး လျက်ရှိသည်။


အဆိုပါတွေ့ဆုံပွဲတွင် တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းသတင်း ထုတ်ပြန်ရေးအဖွဲ့ဝင်ငါးဦးနှင့် မိတ် ဆက်ခြင်း၊ ၎င်းတို့၏ဖုန်းနံပါတ် များပြောကြားခြင်း၊ တိုင်းအဆင့် ပြောရေးဆိုခွင့်ရှိသူများနှင့် မိတ်ဆက်ပေးခြင်း၊ ပါတီ၏ရည်ရွယ် ချက်နှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို တိုင်း ဒေသကြီးပါတီ သတင်းထုတ်ပြန် ရေး အဖွဲ့အတွင်း ရေးမှူးဦးဆန်း ညွန့်အောင်ကပြောကြားခဲ့ကြောင်း သိရသည်။

ZZ

#democracytoday

Rate this item
(0 votes)
back to top