HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

လူကုန်ကူး ခံရသူများအတွက် နိုင်ငံတကာအဆင့်မီ ယာယီလက်ခံရေးစခန်း ရန်ကုန်နှင့် ကချင်တွင် ဖွင့်မည်

လူကုန်ကူး ခံရသူများအတွက် နိုင်ငံတကာအဆင့်မီ ယာယီလက်ခံရေးစခန်း ရန်ကုန်နှင့် ကချင်တွင် ဖွင့်မည်

နေပြည်တော်၊ ဧပြီ ၉ 

လူကုန်ကူးခံရသူများကို နိုင်ငံတကာ အဆင့်မီ ပြန်လည်ထူထောင်ရေးလုပ် ငန်းများဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်နှင့် ကချင်ပြည်နယ် နယ်စပ် ဒေသတို့တွင် ယာယီလက်ခံရေး စခန်းဖွင့်လှစ်သွားမည်ဟုသိရသည်။ ဧပြီ ၉ ရက် နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတွင်ကျင်းပသည့် လူကုန်ကူး ခံရသူများအား ကူညီပံ့ပိုးနိုင်ရန် စွမ်းဆောင်ရည် တိုးတက်ရေးကွန်ရက် ချိတ်ဆက်မှုပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းစီမံကိန်း၏ ပထမအကြိမ် ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေး၌ ပြန်လည်ထူထောင် ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တွင် လူ ၁ဝဝ လက်ခံနိုင်မည့် ယာယီလက်ခံရေးဂေဟာ ကိုရွှေပြည်သာမြို့နယ်နှင့် ကချင် ပြည်နယ် နယ်စပ်ဒေသဖြစ်သော လွယ်ဂျယ်မြို့တွင် ဖွင့်လှစ်ရန်ဆောင်ရွက်နေကြောင်းသိရသည်။  ''ကချင်ပြည်နယ် နယ်စပ်ဒေသ လွယ်ဂျယ်မြို့မှာ ယာယီလူကုန်ကူးခံရတဲ့စခန်း ဖွင့်လှစ်နိုင်ဖို့ ကချင် ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ လူကုန်ကူးခံရတဲ့ သူတွေ ပြန်လည်လက်ခံဖို့အတွက် ယာယီစခန်းအနေနဲ့ လက်ရှိ မူဆယ်၊ မြဝတီ၊ ကော့သောင်းမြို့တွေမှာ လူကုန်ကူးခံရသူတွေ ပြန်လည် လက်ခံရေးစခန်းရှိပေမယ့် ထပ်ပြီး တော့အရေးကြီးတဲ့ ဧရိယာနယ်စပ် တွေမှာ ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။


အဆိုပါ ယာယီလက်ခံရေး စခန်းများတွင် လူကုန်ကူးခံရသူများကို ယာယီစောင့်ရှောက်ရန်၊ နှစ်သိမ့် ဆွေးနွေးရန်၊ ပြန်လည်လွှဲပြောင်း ပေးရေးစသည့် စနစ်များ၊ လူကုန် ကူးခံရသူများကို နောက်ဆက်တွဲ စောင့်ရှောက်ပံ့ပိုးမှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး နည်းပညာပိုင်း ဆိုင်ရာများ လိုအပ်လျက်ရှိကြောင်း၊ ယင်းနည်းပညာရပ်များအတွက် လူ ကုန်ကူးခံရသူများအား ကူညီပံ့ပိုး နိုင်ရန် စွမ်းဆောင်ရည်တိုးတက် ရေး ကွန်ရက်ချိတ်ဆက်မှုပိုင်းဆိုင် ရာအဆင့်မြှင့်တင်ခြင်း စီမံကိန်းမှ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆိုထားသည်။


''ကချင်ပြည်နယ်အပြင် ဒီနှစ် ၂ဝ၁၉ မကုန်မီ ရန်ကုန်မြို့မှာ နိုင်ငံတကာအဆင့်မီ လူကုန်ကူးခံရသူ များအတွက် ယာယီလက်ခံစောင့် ရှောက်ရေးဂေဟာတစ်ခုကို ဆောက် ဖို့စီစဉ်နေပါတယ်။ မျှော်မှန်းချက်အရ ၂ဝ၂ဝ ပြည့်နှစ်မကုန်ခင်မှာ ဆောက်လုပ်ပြီးစီးမှာဖြစ်ပါတယ်'' ဟု ပြန်လည်ထူထောင်ရေး ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က မီဒီယာများ သို့ပြောသည်။


ယင်းအပြင် လိုအပ်ချက်များ ဖြစ်သည့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ဖွဲ့စည်းပုံတိုးချဲ့ရေးနှင့် ဘဏ္ဍာငွေ တိုးချဲ့ရရှိရေးတို့ကိုဆောင် ရွက်နေကြောင်း ဂေဟာအတွက် ဘဏ္ဍာငွေကို နိုင်ငံတော်ဘတ်ဂျက် ဖြင့်အဓိကထား ဆောင်ရွက်မည် ဖြစ်သလို အလှူရှင်များရှိပါကလည်း လက်ခံသွားမည်ဖြစ်ကြောင်း ဒေါက် တာထွန်းဇော်ကပြောသည်။ စွမ်း ဆောင်ရည် တိုးတက်ရေးကွန် ရက်ချိတ်ဆက်မှုပိုင်းဆိုင်ရာ အဆင့် မြှင့်တင်ခြင်း သုံးနှစ်စီမံကိန်းကိုအ ကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် JICA  တို့က ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီက သဘောတူလက်မှတ်ရေးထိုးထား ပြီး ယင်းစီမံကိန်းအတွက် JICA  မှ နည်းပညာပိုင်းဆိုင်ရာ ကူညီပေးသွား မည်ဖြစ်ကြောင်းသိရသည်။

MO

#democracytoday

Rate this item
(0 votes)
back to top