HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအမည်ဖြင့် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ပါတီတည်ထောင်မည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအမည်ဖြင့်  ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ပါတီတည်ထောင်မည်

ရန်ကုန်၊ ဧပြီ ၉ 

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ တည်ထောင် သည့်ပါတီကို ညီညွတ်သောတိုင်း ရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) အမည်ဖြင့် မှတ်ပုံတင်မည်ဖြစ်ကြောင်းသိရသည်။  ၁၉၉ဝ လွှတ်တော်ကိုယ်စားလှယ်များက ပါတီတည်ထောင်ရန် ပြီးခဲ့သည့် အပတ်ကဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ပါတီနာမည်နှင့် လိုဂိုတို့ကို ဧပြီ ၉ ရက်တွင်ကျင်းပသည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ''ဒီနေ့အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ''ဟု ယင်းတည် ထောင်မည့်ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဒေးဗစ်လှမြင့်ကပြောသည်။

ယင်းအပြင် ပါတီလိုဂိုအနေ ဖြင့် သစ်ခုတ်သမားများဟုခေါ်ဆိုကြသည့် ဒီမိုကရေစီခရီးကြမ်းတွင် လျှောက်လှမ်းခဲ့ကြသူများကို ကိုယ်စားပြုသည့်အနေဖြင့် ပုဆိန်နှစ်လက်ပုံပါသည့် လိုဂိုအားအသုံး ပြုသွားမည်ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့်ကဆိုသည်။ ပါတီဥက္ကဋ္ဌတာဝန်ကို ၁၉၉ဝ ပြည့်နှစ်ပုဇွန်တောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည့် ဦးနိုင်းနိုင်းက တာဝန်ယူမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့် ပါတီအဖြစ် ရပ်တည်သွားမည်ဖြစ် ကြောင်း ၎င်းကပြောသည်။ ယင်းအပြင် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တွင် ဥက္ကဋ္ဌနေရာယူထားသည့် ဦးခွန်ထွန်းဦးအနေဖြင့် ပါတီကျော ရိုးတွင် တရားဝင်ပါဝင်ခွင့်မရှိသော် လည်း ၎င်းသည် ၉ဝ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၏ ခေါင်း ဆောင်အဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့်က ဆိုသည်။


ပါတီ၏ နာယကနေရာတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တို့ကို ကိုယ်စားပြုသည့် နာယက တစ်ဦးစီအား တာ ဝန်ပေးသွားမည်ဖြစ်သည်။ ပါတီတရားဝင်ဖြစ်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ဧပြီ တတိယပတ်အတွင်းသွားရောက် တင်ပြမည်ဖြစ်ပြီး သင်္ကြန်အပြီးတွင် လုပ်ငန်းစဉ်များကို စတင်လုပ် ဆောင်သွားမည်ဖြစ်သည်။ အဆိုပါပါတီတွင် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP)အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပြင်ပရောက် ပုဂ္ဂိုလ်များအပါအဝင် အခြားသော အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top