HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် KNU အလွတ်သဘော သီးခြားတွေ့ဆုံမည်  

အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် KNU အလွတ်သဘော သီးခြားတွေ့ဆုံမည်   

ရန်ကုန်

ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ အလွတ်သဘော သီးခြားတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း KNU အဖွဲ့မှ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ အတည်ပြုပြောဆိုသည်။ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန NRPC မှ တာဝန်ရှိသူတို့သည် ဧပြီ ၁၁ ရက်တွင် အလွတ်သဘောသီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်ချိန်းဆိုထားကြောင်းသိရသည်။ ''ကျွန်တော်တို့ NRPC ကိုပေါ့ အကြောင်း ကြားထားပါတယ်။ ဒီ NRPC နဲ့ တွေ့ဆုံဖို့ပေါ့။ နောက်ဆုံး Peace ကော်မရှင်အဖွဲ့ကိုယ်စားလှယ်နဲ့ ချင်းမိုင်မှာတွေ့ခဲ့တုန်းက ဒီဘက်ကိုလာပြီး တွေ့ဆုံဖို့အပိုင်းကို အကြမ်းဖျင်းပေါ့ တွေ့ဆုံဖို့ သဘောထားရှိတဲ့အပေါ် နှစ်ဖက်အားလပ်တဲ့အချိန်ကိုရှာရင်း ဒီဘက်ကို ရောက်လာတာပါ။ နောက်တစ်ခုကလဲ အဲ့ဒါရဲ့အဆက် ပေါ့ ချင်းမိုင်မှာ တွေ့ကြတဲ့အခြေအနေပေါ် မူတည်ပြီးတော့ NRPC နဲ့ ထပ်ပြီးတွေ့ဆုံဖို့လိုတယ်''ဟု ပဒိုစောတာဒိုမူးက ပြောသည်။

KNU အဖွဲ့အနေဖြင့် ယမန်နှစ် နိုဝင်ဘာလအတွင်းက အစိုးရမှပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့ခြင်းလည်းဖြစ်သည်။ ထို့နောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့များနှင့် အလွတ်သဘောတွေ့ဆုံမှု များပြုလုပ်ပြီးနောက် ယခုကဲ့သို့ အလွတ်သဘော သီးခြားထပ်မံတွေ့ဆုံမည်လည်းဖြစ်သည်။  တွေ့ဆုံပွဲတွင် KNU အနေဖြင့် တရားဝင် ဆွေးနွေးပွဲများတွင် ပါဝင်ခြင်းမရှိဘဲ ယာယီရပ်ဆိုင်းထားရသည့် အခြေခံအကြောင်းတရားများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် သဘောထားများကို NRPC သို့ ဆွေးနွေးသွားမည်ဟု ဆိုသည်။


'' NRPC နဲ့ တွေ့ဆုံပြီးတော့ ဒီကြားထဲမှာပဲ တပ်မတော်က တာဝန်ရှိတဲ့ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိတယ်ဆိုပြီး NRPC ကို ပြောထားတာပေါ့လေ။ အဲဒါကို ၁၁ ရက်မှာ NRPC နဲ့တွေ့မယ်၊ ၁၂ ရက်မှာ တပ်မတော်က တာဝန်ရှိတဲ့ခေါင်းဆောင်တွေနဲ့ တွေ့မယ် လို့ NRPC  ကို ပြောထားတာရှိပါတယ်။ တွေ့ တဲ့နေရာမှာလဲ ရှေ့ကို ဘယ်လိုဆက်ပြီးတွေ့ ဆုံမလဲဆိုတာသိရမယ်ထင်တာပဲ''ဟု အထက်ပါ ပုဂ္ဂိုလ်ကဆက်လက်ပြောကြားသည်။ KNU  မှ ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် ဧပြီ ၁၁ ရက်တွင် တွေ့ဆုံပြီးနောက် ဧပြီ ၁၂ ရက်တွင် တပ်မတော် ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။


ထိုသို့အလွတ်သဘောတွေ့ဆုံရာတွင် KNU အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦး ဆောင်ပြီး သူနဲ့အတူ ပဒိုစောလှထွန်း(တွဲဖက်အတွင်းရေးမှူး-၂)၊ ပဒိုစောဆဲဂေ(ဗဟိုအမြဲ တမ်းကော်မတီဝင်)၊ တပ်ပိုင်းဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးချုပ် စောတာမလာသောနှင့် ဗိုလ်မှူးစာတာမူလာတို့ တက်ရောက်မည်ဖြစ်သည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top