HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နိုင်ငံတစ်နိုင်ငံတွင် ငြိမ်းချမ်းမှု မရှိပါက ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဟုဆို

နိုင်ငံတစ်နိုင်ငံတွင် ငြိမ်းချမ်းမှု မရှိပါက ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဟုဆို

ရန်ကုန်

နိုင်ငံတစ်နိုင်ငံတွင် ငြိမ်းချမ်းမှုမရှိပါက ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်မည်မဟုတ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ ပြည်ထောင်စုဝန်ကြီးအနေဖြင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေး အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)နှင့် စပ်လျဉ်း၍ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ''အစိုးရသစ်အနေနဲ့ နိုင်ငံတော် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတစ် နိုင်ငံမှာ ငြိမ်းချမ်းမှုမရှိပါက ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါဘူး။ နယ်မြေငြိမ်းချမ်းမှုမရှိတဲ့နေရာ ဒေသတွေက ပြည်သူတွေအနေနဲ့ စိတ်ချယုံကြည် ရပြီး ငြိမ်းချမ်းမှုရရှိနိုင်တဲ့နေရာတွေကို ပြောင်း ရွှေ့နေထိုင်ကြပါတယ်။ ¤င်းတို့ကို အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ပေး နေပါတယ်''ဟု ၎င်းက ပြောသည်။

IDP စခန်းများတွင် အချိန်ကာလကြာ မြင့်စွာ နေထိုင်နေရသူများအနေဖြင့် မှီခိုမှုကင်းစွာဖြင့် မိမိတို့ကိုယ်တိုင် ပြန်လည်ရပ် တည်နေထိုင်နိုင်ရန်မှာ အင်မတန်မှ အရေးကြီးကြောင်း သိရသည်။ IDP စခန်းများမှာ နေထိုင်စဉ်ကာလ တွေမှာလဲ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင် ရေးနှင့် အခြေခံဝန်ဆောင်မှုတွေ ရရှိစေရေး ကိစ္စရပ်တွေကိုလည်း အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြန်လည်နေရာချထား ရေး ဆောင်ရွက်ရာမှာ လုံခြုံရေးနဲ့ အသက် မွေးဝမ်းကျောင်းမှုဆိုင်ရာအခွင့်အရေးတွေ ရရှိ ရေးအတွက် အစီအမံများ ပါဝင်ရမှာဖြစ်ပါတယ်''ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။ လက်ရှိကာလတွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၌ IDP  စခန်းအချို့အား ပိတ်သိမ်း၍ ပြန်လည်နေရာချထားပေးခဲ့မှုများ ဆောင်ရွက်နိုင်ခဲ့ပြီး ထိုသို့ဆောင်ရွက်ရာတွင်လည်း​ ၎င်းတို့၏သဘောဆန္ဒအရ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။


ဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများ ဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးဆိုသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်းလည်းဆိုသည်။


မဟာဗျူဟာမူကြမ်းကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပြီး အကောင်းဆုံး ဆောင်ရွက်အကောင် အထည်ဖော်ပေးခြင်းဖြင့် ကျန်ရှိသောစခန်းများရှိ ဒုက္ခသည်များ ပိုမိုစိတ်ချယုံကြည်မှု ရရှိ လာမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် သာတူညီမျှခံစားရရှိရေးကို ဆောင်ရွက်ရာတွင် တစ် နိုင်ငံလုံးရှိ IDP စခန်းများအတွက် အခြေခံ သဘောတရား တူညီသောမဟာဗျူဟာတစ်ရပ် ချမှတ်ခြင်းဖြစ်ကြောင်း၊ မြေပြင်တွင် ဒေသ အလိုက် ကွဲပြားမှုများကို လိုက်လျောညီထွေ ဆောင်ရွက်ရမည်ကိုလည်း ထည့်သွင်းစဉ်းစား ရေးဆွဲရန် လိုအပ်ကြောင်း၊ IDP စခန်းများ ပိတ်သိမ်းရေး မဟာဗျူဟာမူကြမ်း ရေးဆွဲရာတွင် ပူးပေါင်းပါဝင်ပေးသူများ၊ သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ပါကြောင်းဆိုခဲ့သည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top