HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအလယ်တွင် မိတ်ဆွေကောင်း ပီသစွာ ရပ်တည်ပေးမှုအအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ဟု တပ်ချုပ် ဆို

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအလယ်တွင် မိတ်ဆွေကောင်း ပီသစွာ ရပ်တည်ပေးမှုအအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ဟု တပ်ချုပ် ဆို

ရန်ကုန်

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအလယ်တွင် မိတ်ဆွေကောင်းပီသစွာ ရပ်တည်ပေးမှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။ ယင်းအနေနှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးလီဇိုချန်းတို့ကို ပေကျင်းမြို့၌ တွေ့ဆုံစဉ် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံ နိုင်ငံရေးနှင့် ကာကွယ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလေးနက်စေရန်အတွက် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့အနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်အပေါ် တရုတ်နိုင်ငံ၏ မှန်မှန်ကန်ကန် ရပ်တည်မှုများနှင့် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာအလယ်တွင် မိတ်ဆွေကောင်းပီသစွာ ရပ်တည်ပေးမှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောသည်။


နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်၍ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများထဲတွင် တရုတ်နိုင်ငံမှ ပမာဏအများဆုံးဖြစ်ကြောင်း၊ တရုတ် နိုင်ငံအား မြန်မာနိုင်ငံ၏ ထာဝရမိတ်ဆွေ၊ မဟာဗျူဟာမိတ်ဘက်နိုင်ငံအဖြစ် သတ်မှတ် ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံနယ်စပ် ဒေသ တည်ငြိမ်းအေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ် ချစ်ကြည် ရင်းနှီးမှု ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top