HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အမေ့ကို လူတွေ မုန်းပါစေ

အမေ့ကို လူတွေ မုန်းပါစေ

အမေ့ကို လူတွေမုန်းပါစေဆိုလို့ ဒေါသတရားတွေပွား အာဃာတတရားတွေထားပြီး အပြစ်တင်မစောကြပါနဲ့ဦးလို့ပဲ မေတ္တာရပ်ခံကြိုတင်တောင်းပန်ထားပါရစေခင်ဗျား။ အမေ့ကို လူတွေမုန်းကြပါစေဆိုတဲ့ စိတ် နေစိတ်ထားသဘောတရားတွေကတော့ တော် တော်များများမှာ မရှိကြပါဘူးလို့ အာမခံနိုင် ပေမယ့် တာဝန်ခံနိုင် တာဝန်ယူနိုင်ကြပေမယ့် ကိုယ်မှုစိတ်မှု လက်ဟန်မူရာလှုပ်ရှားမှု ပြောဆို မှု လုပ်ကိုင်မှု တွေဝေမိန်းမောမှု တစ်သားတည်း မကျလွယ်မှု စိမ့်ဝင်ပျံ့နှံ့မလွယ်မှုစသည်ဖြင့် အမှတ်တမဲ့ ကိုယ်နှုတ်စိတ်အကျင့်အကြံ အမူ အရာ ဓလေ့စရိုက်အလေ့အထများစွာက လူထုကချစ်တဲ့ လူထုက အထင်ကြီးလေးစားတဲ့ လူထုက ဖျာလိုလိပ် ထိပ်ပေါ်တင်ထားခြင်းခံရတဲ့ လူထုမိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်စေတာ နစ်နာစေတာ အထင်အမြင် ကွဲလွဲစေနိုင်တာ လွဲမှားစွာ မှတ်ချက်ချခံရစေနိုင် တာ စတဲ့ကိုယ်နှုတ်အမူအရာတွေကို လွဲမှား စွာ ကျင့်ကြံအားထုတ်နေမိလျက်သား ဖြစ်နေ တတ်တာတွေကို သတိချပ်ရမှာဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသား အများစုဖြစ်တဲ့ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ အင်န်အယ်လ်ဒီပါတီမှ ဝန်မင်းကြီးများ၊ ဝန်မင်းငယ်များ၊ ဝန်မင်းလေး များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ အစိုးရ အဖွဲ့ဝင်များနဲ့ မဲဆန္ဒနယ်မြေအသီးသီးမှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ စီမံခန့်ခွဲမှုတွေ အရာမထင်တာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်တာ ချီတုံချတုံဖြစ်တာ ပြည်သူလူထုတွေကြားထဲ တစ်သားတည်းဖြစ်အောင် ဝင်ရောက်လေ့ လာတာ အားပေးတာ ဆွေးနွေးတာ တိုင်ပင် တာ မေးမြန်းတာ အကူအညီပေးတာ စသည် ဖြင့် လစ်ဟာမှုတွေရှိနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရဌာနသီးသီးမှာ တာဝန်ယူ ထားကြတဲ့ ဝန်မင်းကြီးများ၊ ဝန်မင်းလတ်များ၊ ဝန်မင်းငယ်များနဲ့ လွှတ်တော်ကိုယ်စားလှယ် အမတ်မင်းများ အတော်များများဟာ ကြောက် တတ်လွန်းစွာဖြင့် အကြောက်တရားများစွာ စိုးမိုးနေတဲ့အရိပ်အရောင်တွေကို သိသိသာ သာတစ်မျိုး မသိမသာတစ်ဖုံ တွေ့ကြုံနေရ တာမို့ ပြည်သူလူထုက အားမလိုအားမရဖြစ် နေကြကြောင်းပါဗျ။


ဘာတွေကို ကြောက်နေကြပါသလဲ၊ ဘာ ကြောင့် ကြောက်နေကြပါသလဲ၊ ဘယ်သူတွေကို ကြောက်နေကြပါသလဲလို့ မေးကြမယ်ဆိုရင်တော့ ပြောတဲ့ဆိုတဲ့သူတွေသာ အောင်မင်းလွန်ရာကျမှာ အသေအချာပါဗျား။ ကြောက်သည် အလွန်ကြောက်သည် အစုံကြောက်သည် အကုန်ကြောက်သည် ပုရွတ်ဆိတ်အစာ၊ မြင်းအစာ၊ ဆင်အစာကအစ ငါးသေးသေး၊ ငါးလတ် လတ်ငါးကြီးနဲ့ ဆီးသီးဗန်း မှောက်တာက အလယ်ဒိုင်နိုဆောကြီးတွေအထိ စလယ်ဆုံး သုံး ပါးစလုံး အကုန်ရေးချ အကုန်ကြောက်နေကြတာမို့ ဘုရင်စနစ်၊ ပဒေသရာဇ်စနစ်၊ အရင်း ရှင်စနစ် စသည်ဖြင့် စနစ်ပေါင်းစုံ အင်္ဂလိပ် ခေတ်၊ ဂျပန်ခေတ်၊ တော်လှန်ရေးခေတ်၊ စစ် အစိုးရခေတ်၊ တစ်ပါတီ ခေတ်နအဖခေတ်၊ နဝတခေတ်ဆိုရှယ်လစ်ခေတ် စသည်ဖြင့် ခေတ် အမျိုးမျိုး၊ လက်နက်ကိုင်တပ်ဖွဲ့အမျိုးမျိုးတွေရဲ့ကြားမှာ ငြိမ်ဝပ်ပိပြားနေအောင် ဖိကြိတ် ခံထားရလို့ အားကိုးတကြီးနဲ့ ရွေးကောက်တင် မြှောက်ပေးလိုက်ရတဲ့ ပြည်သူလူထုတွေမှာ တော့ ကိုယ့်ထက်ကြောက်တတ်တဲ့သူတွေကြားမှာ ငထွား ခါးနာအဖြစ်မျိုးနဲ့ ခံစားနေကြရတာ သုံးနှစ်သုံးမိုးတိုင်ခဲ့ပြီမို့ ပြည်သူလူထုတွေ ကိုယ်စား ပြည်သူလူထုတွေအရှေ့က မားမားမတ်မတ် ရပ်တည်ပေးပြီး အခက်အခဲမှန်သမျှ ကို ပြည်သူလူထုနဲ့ အတူရင်ဆိုင်ကျော်လွှား ပေးမယ့် အကြောက်တရားတွေနဲ့ မှောက်မှား နေတဲ့ အစိုးရမင်းများ၊ လွှတ်တော်အမတ်မင်း များမဟုတ်တဲ့ ပြည်သူလူထုတွေရဲ့ ခေါင်းဆောင် စစ်များ၊ သူရဲကောင်းစစ်စစ်များကို မျှော်လင့် တောင့်တနေကြပါပြီဆိုတာ ဝန်မင်းကြီးများ၊ ဝန်မင်းလတ်များ၊ ဝန်မင်းငယ်များ၊ လွှတ်တော် အသီးသီးက လွှတ်တော်အမတ်မင်းများကိုယ် တိုင် သိချိန်တန်ပြီ၊ ပြောင်းလဲချိန်တန်ပြီ ပြဿနာ များကို ရင်ဆိုင်ဖြေရှင်းပေးချိန်တန်ပြီ၊ မကြောက် ချိန်တန်ပြီဆိုတဲ့အကြောင်း ပြည်သူလူထုက သတင်းစကားပါးနေကြတာဟာ တိုင်းသိပြည်သိ အများသိပဲဖြစ်တာမို့ တကူးတကပြောပြစရာ မလိုလောက်အောင်ကို သေချာနေတာပဲဖြစ် ပါတယ်။


ပြည်သူလူထုတွေ တိုင်ကြားကြပါ၊ တိုင် ကြားပေးကြမှသာ အရေးယူလို့ရမှာပါဆိုတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတကြီးများရဲ့ အမှာစကား များကြောင့် ပြည်သူလူထုများက တိုင်ကြား ကြပါသည်။ သို့သော် ပြည်သူလူထုတွေရဲ့ စိတ် ထဲမှာကတော့ ခေတ်အဆက်ဆက်က ငြိမ်ဝပ် ပိပြားနေအောင် ဖိနှိပ်ခံထားရတဲ့ အကြောင်း တရားများစွာများစွာတို့ကြောင့် အစိုးရဌာန အဖွဲ့အစည်းများရဲ့ တာဝန်ဝတ္တရားဟာ ငါတို့ ပြည်သူလူထုရဲ့ အခက်အခဲတွေကို ကူညီဖြေ ရှင်းပေးဖို့ ဖွဲ့စည်းထားတဲ့၊ တာဝန်ပေးခန့်အပ် ထားတဲ့ ပြည်သူ့ဝန်ထမ်းတွေဆိုတဲ့ အသိတရား ခံယူချက်တွေ မရှိတော့ပါဘဲ အစိုးရအဖွဲ့အ စည်းတွေ၊ ဝန်ကြီးဌာနတွေ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေကိုယ်တိုင်က ငါတို့ ပြည်သူလူထု တွေကို ဒုက္ခတွေပေးနေတာပါလားဆိုတဲ့စိတ် နဲ့ အစိုးရအဖွဲ့အစည်းဆိုရင် ကြောက်ရ၊ ဝန် ကြီးဌာနတွေ အကုန်ကြောက်ရ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေဆိုရင် ကြောက်ရနဲ့ အကုန် ကြောက်နေရတဲ့ဘဝတွေ၊ အဖြစ်သနစ်တွေ ကို အလိုလိုရောက်နေရနေကြတာမို့ တိုင်ကြားလိုက်မှ တစ်မှုက နှစ်မှုဖြစ်၊ တိုင်ကြားသူကို ပြန်ပြီးအမှုပတ် အငြိုးအတေးတွေထားပြီး တစ် ဘဝလုံး ဒုက္ခလိုက်ပေးတာ ခံကြရမှာစိုးကြောက် ပြီး တိုင်ကြားဖို့ထက် လုပ်သမျှ ခံလိုက်ဖို့သာ အကျင့်ပါပြီး အလေ့အကျင့်တစ်ခုလိုဖြစ်နေ ကြတာဟာ သတိပြုစရာဖြစ်ပါတယ်။


ခေတ်မီသူတွေ ခေတ်ကို မျက်ခြည်မဲ့ တတ်သူတွေ၊ နိုင်ငံရေးရေချိန် မနိမ့်ပါးသူ ပြည်သူ တွေကတော့ မကြောက်တရားနဲ့ တိုင်ကြတော ကြပြန်တော့ ဘယ်ကိုတိုင်ရမယ်မှန်းမသိ၊ ဘယ်သူ့ကို တိုင်ရမယ်မှန်းမသိ၊ ဘယ်လိုတိုင်ရမယ် မှန်းမသိ၊ ဘယ်ဌာနကို တိုင်ရမယ်မှန်းမသိ၊ ဘယ်အထိတိုင်ရမယ်မှန်းမသိနဲ့ ရုံးလုပ်ငန်း တွေကို နားမလည်၊ တိုင်ကြားစာရေးနည်းကို နားမလည်နဲ့ အတော်ကိုပဲ ဒုက္ခရောက်ကြရပြန် ပါတယ်။ နားလည်သူတွေကျပြန်တော့ ဌာန တွေလွဲနေလို့ အက်ရှင်မယူ မိတ္တူဖြစ်နေလို့ အသိပေးရုံပဲလို့ သတ်မှတ်ခံရအဆင့် ကျော် နေတယ်ဆိုပြီး ပယ်ခံရ၊ အပြည့်အစုံရေးတိုင်တဲ့သူတွေကျတော့ အပေါ်အဆင့်ဆင့်၊ အောက်အဆင့်ဆင့်တွေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေဘောင်ကလေးထဲက တရားဝင်လှည့် စားနေကြ၊ အချိန်ဆွဲနေကြလို့ အားမရတဲ့အ ပြင် တိုင်ကြားခံရသူတွေဟာ အရေးယူခြင်း မခံရတဲ့အပြင် ရာထူးတွေတိုးပြီး အခြားတိုင်း နယ် ပြည်နယ် မြို့နယ်တွေကို ပြောင်းသွား၊ မသိရင် အပြစ်ပေးလိုက်သလိုလို၊ အရေးယူလိုက်သလိုလိုနဲ့ အစပျောက်သွားတော့ ပြည်သူ လူထုတွေခမျာ ဘယ်သူ့ကိုမှ မယုံတော့တာ၊ ဘယ်သူ့ကို အားကိုးလို့အားကိုးရမှန်းမသိတာ၊ ဘယ်သူ့ကို ဖွင့်ဟတိုင်ပင်ရမယ်ဆိုတာ ဇဝေ ဇဝါဖြစ်တာတွေဟာ မထူးဆန်းသလိုတောင် ဖြစ်နေတာ ကြာခဲ့ပါပြီ။


ပြည်သူလူထုတွေကိုယ်တိုင်က အားကိုးတကြီးနဲ့ ကိုယ့်အသက်ထက် တန်ဖိုးကြီးမားတဲ့ မဲတစ်ပြားချင်းစီနဲ့ ရွေးကောက်တင်မြှောက် ပေးလိုက်လို့ အခြေတင့်ပြီး စင်မြင့်ပေါ်ရောက် နေကြတဲ့ ဝန်မင်းကြီးများ၊ ဝန်မင်းလတ်များ၊ ဝန်မင်းငယ်များ၊ လွှတ်တော်အမတ်မင်းများ၊ ပြည်သူလူထုရဲ့ သူရဲကောင်းကြီးများ၊ ခေါင်း ဆောင်ကြီးများကို တိုင်ကြားကြ၊ တိုင်ပင်ကြတဲ့အခါ ပြည်သူ့လူထုရဲ့ သူရဲကောင်းကြီးများ၊ ခေါင်းဆောင်ကြီးများက ပြည်သူလူထုထက် ပိုပြီးကြောက်တတ်နေတာမျိုးဆိုတော့ ပြည်သူ လူထုခမျာ ဘာကိုယိုးမယ်ဖွဲ့ရမယ်တောင် မသိ တော့အောင် စိတ်မောလူမောနဲ့ ဘဝအမော တွေကြားမှာ ထပ်ပြီးပြားပြားမှောက်နေကြ ရတာ မဆန်းတော့ဘူးလို့ ဆိုရမှာပါ။


ပြည်သူလူထုရဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင် ကြုံတွေ့ကြရတဲ့ အထွေထွေပြဿနာများစွာ၊ ကိစ္စဝိစ္စများစွာ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ နိုင်ငံရေး စသဖြင့် အရေး အရာများစွာမှာ အားကိုးအားထားရမလား ရယ်လို့ ရွေးကောက်တင်မြှောက်ကာ တာဝန် ပေးလိုက်တဲ့ ပြည်သူလူထုရဲ့ အစိုးရအဖွဲ့ဝင် များ၊ ဝန်မင်းကြီးများ၊ ဝန်မင်းလတ်များ၊ ဝန် မင်းငယ်များ၊ လွှတ်တော်အမတ်မင်းကြီးများ၊ ခေါင်းဆောင်ကြီးများ၊ သူရဲကောင်းကြီးများ ကတော့ နိုင်ငံတကာကိုကြောက်သည်၊ ရခိုင် အရေးကို ကြောက်သည်၊ မြစ်ဆုံကို ကြောက် သည်၊ တစ်သျှူးငှက်ပျောကို ကြောက်သည်၊ အိမ်နီးချင်းနိုင်ငံတွေကို ကြောက်သည်၊ အစိုးရ အဖွဲ့အချင်းချင်းလည်း ကြောက်သည်၊ ဝန်ကြီး ဌာနအချင်းချင်းလည်း ကြောက်သည်။ ယုတ်စွ အဆုံး ပြည်သူ့ရဲတပ်ဖွဲ့ကို ကြောက်သည်၊ မြို့ တော်စည်ပင်ကို ကြောက်သည်၊ လဝကကို ကြောက်သည်၊ လမ်းဘေးဈေးသည်ကို ကြောက် သည်၊ စည်းမဲ့ကမ်းမဲ့ကားပိုင်ရှင်တွေကို ကြောက်သည်၊ အမှိုက်ပစ်သူတွေကို ကြောက်သည်၊ တရားရုံးများ၊ တရားသူကြီးများ၊ ရှေ့နေများကို ကြောက်သည်၊ စာရေးစာချီများကို ကြောက်သည်။ နောက်ဆုံး အငယ်တန်းစာရေးများ၊ အောက်ခြေရုံးဝန်ထမ်းများ၊ ပျာတာများကိုပင် ကြောက်နေသလား မပြောတတ်တော့ပြီ။ ကုန်ကုန်ပြောရလျှင် နောင်လာမည့် ရွေးကောက် ပွဲများတွင် မဲမရမှာ စိုးရိမ်ကြီးလွန်းသဖြင့် ခြင်ကအစ ယင်အလယ် ကြွက်အဆုံး လူအားလုံးကိုပင် ကြောက်ကာ အကြောက်တရားများ ဖြင့် မှောက်မှားလျက်ရှိနေကြလေသည်။

 

ဒါတွေ သည်ကား အလွတ်တန်း ပြောဆိုနေခြင်းမဟုတ် ပါ။ လွှတ်တော်ကိုယ်စားလှယ်ပေါင်းများစွာတို့နှင့် စကားစမြည်ပြောဆိုဖူးသည့်အခါတိုင်း မည်သည့်နေရာ၊ မည်သည့်ဌာန၊ မည်သည့် နယ်မြေဒေသ၊ မည်သည့်အပိုင်နယ်မြေတို့တွင် မည်ကဲ့သို့ရှိသည်၊ ဘာတွေရှိသည်၊ ဘယ်လို တွေရှိသည် စသည်ဖြင့် အဂတိတရားလိုက် စားနေကြသူများအကြောင်းကို ဂဃနဏ ပြောဆိုဆွေးနွေးသည့်အခါတိုင်း ဟုတ်ကဲ့ပါ၊ ကျွန် တော်တို့လည်း သိပါသည်၊ အဲ သည်ကိစ္စတွေ၊ အဲသည့်ပြသနာတွေဟာ ကိုင်တွယ်ဖြေရှင်းရ ခက်လှပါသည် စသည်ဖြင့် မည်သို့မည်ပုံ မလွယ် ကူကြောင်း၊ မည်သူတွေ မည်ကဲ့သို့ပါဝင်ပတ် သက်နေသောကြောင့် မည်ကဲ့သို့ရှင်းရမည် ကို စဉ်းစားမရကြောင်း၊ ထိုအရာများ ထိုကိစ္စ များ ထိုအဖွဲ့အစည်းများမှာ အလွန်အင်မတန် မှ အင်အားအနေအထား ကြီးမားကြောင်း စသည်တို့ကိုသာ ကြားခဲ့ရပြီး နှမလက်လျော့ နေလေတော့ဆိုသလို မတို့ရက် မထိရက် မကိုင် ရက်ဖြင့် အလှကြည့်ကာ ထားခဲ့ရသည်ချည်း သာဖြစ်သည်။


ဒီအကြောင်းအရာများ၊ ပြဿနာများအ တွက် အကောင်းဆုံးသက်သေကတော့ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အတိအလင်းမှာကြားခဲ့သလို တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်တွေ ပြည်သူလူထုနဲ့ မကြာခဏ တွေ့ဆုံကြပါဆိုသော သက်သေ က အကောင်းဆုံးဥပမာပင်ဖြစ်ပေလိမ့်မည်။ အထက်မှာပြောခဲ့သလိုပင် တိုင်းနယ်၊ ပြည်နယ်မှ အစိုးရအဖွဲ့ဝင်များ၊ မဲဆန္ဒနယ် မြေအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ သည် ပြည်သူလူထုနှင့် မကြာခဏဆိုသလို နွေးထွေးစွာ တွေ့ဆုံဆွေးနွေးမှုမရှိခြင်း၊ လူမှု ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံ ရေး၊ အစိုးရအဖွဲ့အစည်းများနှင့် ဆက်ဆံရေး စသည်တို့ကို တရင်းတနှီး မေးမြန်းခြင်း၊ တိုင်ပင်ခြင်း၊ ကူညီခြင်း၊ အကြံÓဏ်ပေးခြင်း၊ သက် ဆိုင်ရာအစိုးရရုံးဌာနများသို့ ပြည်သူလူထုနှင့် အတူလိုက်ပါလျက် ဆွေးနွေးညှိနှိုင်းအဖြေရှာ ပေးခြင်း စသည်တို့ကို တာဝန်သိသိ တာဝန် ရှိရှိဖြင့် ဆောင်ရွက်ပေးထားကြခြင်းများ အား နည်းသည့်အခါ အသက်အရွယ် ခုနှစ်ဆယ် ကျော်လူထု၏ မိခင်တစ်ပိုင်းခေါင်းဆောင်တစ် ပိုင်းဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကြီးမှာ တိုင်းတကာ့တိုင်း၊ ပြည်တကာ့ပြည်သို့ သွားလျက် မြို့တကာရွာတကာသို့ပတ်လျက် တစ်လမ်းချိုး တစ်လမ်းကွေ့ တစ်အိမ်ဝင် တစ်အိမ်ထွက်ဖြင့် လိုက်လံဖြေရှင်းပေးနေရခြင်း များက သက်သေထူလျက်ရှိလေသည်။


ထိုကဲ့သို့ ရပ်တကာရွာတစ်ရိုးလျှောက်လျက် နေရာတကာ အသေးအမွှားကိစ္စကလေးများကအစ ဝင်ရောက်ပါဝင်ကာ ဖြေရှင်းပေး နေရသောအခါ လူမုန်းများလာလေတော့သည်။ လူမုန်းများသည်ဆိုရာဝယ် ပြည်သူလူထုက မုန်းသည်မဟုတ် လူကောင်းသူကောင်းများ က မုန်းသည်မဟုတ် အမှားလုပ်ထားသူများ၊ မတရားအခွင့်အရေးများ ရယူထားသူ၊ အခွင့်အရေးဆုံးရှုံးရသူများ၊ အဂတိတရားလိုက် စားထားသူများ၊ လုပ်ပိုင်ခွင့်ဆုံးရှုံးသူများ၊ လုပ်ပိုင်ခွင့်လိုက်ချင်နေသူများ၊ နေရာလိုချင်နေ သူများ၊ ပြည်သူလူထုကို မတော်မတရားလုပ် ချင်သူများ၊ ပြည်သူလူထု၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများကို ပြုလုပ်မပေးချင်သူ၊ အသိမပေးချင်သူ၊ မသိစေချင်သူ၊ မတတ်စေချင်သူများက လူထု၏မိခင်ကြီးသဖွယ်ဖြစ်သော နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို မုန်းကြလေတော့သည်။ ဝန်မင်း ကြီးငယ်လတ်များ၊ လွှတ်တော်အမတ်မင်းများ၊ အစိုးရအဖွဲ့ဝင်ကြီးများကတော့ လည်သည်။

 

မည်သူမျှ အမုန်းမခံချင်၊ မည်သူနှင့်မျှ အတိုက်အခံမလုပ်ချင်သလို ပြည်သူလူထု၏ မဲဆန္ဒ များကိုလည်း မလျော့စေလိုသဖြင့် မည်သူတစ်ဦး တစ်ယောက်၏ ငြိုငြင်မှု၊ စိတ်ကွက်မှု၊ မုန်းတီးမှုကိုမျှ မခံရေးချ မခံလိုပေ။ သို့သော် အစပိုင်းမှာပြောခဲ့သလိုပင် မိမိတို့သည် အမှန်တရား ဘက်မှ ပြည်သူလူထုလက်မှ ရပ်တည်ကာ ပညာသားပါပါဖြင့် ပညာရှိနည်းဖြင့် ပြဿနာများ၊ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းမှု မရှိခြင်းသည် မိမိကို မည်သူကမျှ မမုန်းပါ သော်လည်း ဖြေရှင်းပေးနေကြသူများအတွက် တော့ အားလုံး၏ကိုယ်စား အမုန်းခံပေးလိုက် ကြပါဟု ပြောဆိုနေသယောင်ဖြစ်နေရကား ...။ အမေ့ကို လူတွေမုန်းပါစေ၊ သမ္မတကြီးကို လူတွေမုန်းပါစေ၊ ဝန်ကြီးချုပ်ကို လူတွေမုန်းပါစေ၊ ဟိုလွှတ်တော်အမတ်ကို လူတွေ မုန်းပါစေဟု ပြောဆိုနေသလို ပြုလုပ်နေသလို ဖြစ်နေပါသည်ဆိုသည့်အကြောင်းကို ဝန်ကြီး ဝန်လတ် ဝန်ငယ်နှင့် လွှတ်တော်ကိုယ်စား လှယ် မိကျောင်းမင်းများကို ပြည်သူတစ်ဦး ၏ ဆန္ဒမဲတစ်ပြားဖြင့် ရေခင်းပြလိုက်ရပါသည် ခင်ဗျား။ 

အမ္ဗနဒီကျော်စွာ

#democracytoday

Rate this item
(0 votes)
back to top