HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း AA အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ပြောကြား

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း AA အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ပြောကြား

AA ခေါင်းဆောင် ထွန်းမြတ်နိုင်က ငြိမ်းချမ်းရေးရရှိရေးအတွက် ဆုတောင်းနေရုံမျှနှင့် ရရှိမည် မဟုတ်သည့်အတွက် မိမိတို့ ဆက်လက်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ပြောသည်။ UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် သူက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တဆက်တည်းမှာပင် တပ်မတော်၏ ရဟတ်ယာဉ်နှင့် တိုက်ခိုက်မှုကြောင့် ဘင်္ဂလီအနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး " အဲဒီ လူတွေဟာ တပ်မတော်က စွပ်စွဲသလို မိမိတို့ AA တပ်ဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီမွတ်စလင်တွေဟာ ရခိုင်ပြည်နယ်မှာ မိမိတို့နည်းတူ မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်မှုကို ခံစားနေရသူတွေ ဖြစ်ပါတယ်" ဟု ပြောသည်။

 

ယင်းအပြင် ဝနယ်မြေသို့ ရောက်ရှိစဉ်အတွင်း တရုတ်အစိုးရ အရာရှိတစ်ဦးနှင့် မိမိ တွေ့ဆုံခဲ့ကြောင်း၊ သူက မိမိတို့ AA က မြန်မာ့တပ်မတော်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမျိုး မလုပ်နှင့်ဟု ပြောဆိုခဲ့ရာမှာ မိမိက အလားတူ ညှိနှိုင်းမှုမျိုးကို နှစ်ဖက်လုံးနှင့်  ပြုလုပ်ပါဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

Souce RFA

Rate this item
(1 Vote)
back to top