HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

AA အဖွဲ့အား လက်မခံရန် ရခိုင်ဒေသခံများကို တပ်မတော် တိုက်တွန်း

AA အဖွဲ့အား လက်မခံရန် ရခိုင်ဒေသခံများကို တပ်မတော် တိုက်တွန်း

AA တပ်ဖွဲ့က မြောက်ဦးမြို့နှင့် ဘောင်းဒုတ်ကျေးရွာအနီးရှိ နယ်မြေခံတပ်ဌာနချုပ်များအား ကျေးရွာအတွင်းမှ နေရာယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကျေးရွာများအနေဖြင့် AA အဖွဲ့ကို လက်ခံခြင်းမပြုရန် ဒေသခံများကိုတပ်တော်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း နယ်မြေခံတပ်ဌာန ချုပ်များသို့ AA အဖွဲ့က ဧပြီ ၁၇ ရက် ညပိုင်းတွင် ဘောင်းဒုတ်ကျေးရွာအတွင်း ဖြန့်ခွဲနေရာယူလျက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြောက်ဦးမြို့နယ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဘောင်းဒုတ်ကျေးရွာရှိ ဗုဒ္ဓနတ်တောင် ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာရပ်မိရပ်ဖများကို သွားရောက် တွေ့ဆုံ၍ AA အဖွဲ့အနေဖြင့် ကျေးရွာအတွင်း ဝင်ရောက်၍ တပ်ဌာနချုပ်အား လာရောက်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာ၌ AA အဖွဲ့အား လက်ခံခြင်း မပြုရန်တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

 

ကျေးရွာအနီး တစ်ဝိုက် AA အဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပါက ဒေသခံ ပြည်သူများသာ ဒုက္ခများ တွေ့ကြုံရမည် ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုကို အားပေးခြင်းမပြုရန်၊ ကျေးရွာအတွင်းနှင့် အနီးတစ်ဝိုက်သို့ ရောက်ရှိလာပါက နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများထံသို့ သတင်းပေးပို့ကြခြင်းဖြင့် မိမိတို့ မြို့၊ ရပ်ကွက်၊ ကျေးရွာ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

 

Rate this item
(0 votes)
back to top