HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

လွိုင်ကော်တွင် ဗိုလ်ချုပ်ရုပ်တု စိုက်ထူထားခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ မိတ်ဆက်ပွဲ ကျင်းပ

လွိုင်ကော်တွင် ဗိုလ်ချုပ်ရုပ်တု စိုက်ထူထားခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ မိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန်၊ ဧပြီ ၂ဝ

ကယားပြည်နယ် လွိုင်ကော်တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်အရေး နောက်ဆုံးဆွေးနွေးပွဲ အဖြေမထွက်ပါက လူထုအင်အားနှင့် ဖယ်ရှားသွားမည်ဟု ကရင်နီလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်သောမက်စ်က ပြောသည်။ မတ် ၂ဝ ရက်၊ ရန်ကုန်မြို့ Myanmar Press Freedom Center တွင် အသံအဖွဲ့က ကျင်းပသည့် ''ရုပ်တုဖြစ်သွားသော ဗိုလ်ချုပ်ကတိ''အစီရင်ခံစာ မိတ်ဆက်ပွဲအပြီး ¤င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ ''ကြေးရုပ်ပြဿနာကတော့ ၄ လပိုင်းမှာ အပြီးဆွေးနွေးကြမှာ ဖြစ်တယ်။ တကယ်လို့ ရလဒ်တွေ မထွက်ဘူးဆိုရင် ကျွန်တော်တို့ စဉ်းစားထားတဲ့အတိုင်းပဲ လူထု အင်အားနဲ့ မရမကရွှေ့ရမှာ ဖြစ် တယ်''ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၂ဝ ရက်က ကယားပြည်နယ်လွိုင်ကော်မြို့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးဦးဆောင်သည့် NRPC  အဖွဲ့၊ ကယားပြည်နယ်အစိုးရ၊ ဗိုလ်ချုပ် ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ(KNPP )နှင့် ဗိုလ်ချုပ်ကြေး ရုပ်ဖယ်ရှားရေး သပိတ်ကော်မတီ တို့ ငါးပွင့်ဆိုင်ဆွေးနွေးခဲ့ကြရာ ရလဒ်ထွက်ပေါ်ခြင်းမရှိခဲ့ကြောင်း သိရသည်။


မတ် ၂ဝ ရက် ဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရမှ (က) ဗိုလ်ချုပ် ကြေးရုပ်တုကို လက်ရှိအတိုင်း ထားရှိကာ၊ ယင်းနေရာတွင် ဗိုလ် ချုပ်အောင်ဆန်း၏ ကတိကဝတ် များ၊ ပင်လုံစာချုပ်ပါ အချက်များ စသည်တို့ကို နှစ်ဖက်ညှိနှိုင်း၍ ကမ္ပည်းကျောက်စာများ ထားရှိ မည်၊ (ခ) ဗိုလ်ချုပ်ကြေးရုပ်တုကို လက်ရှိအတိုင်းထားရှိကာ ကရင် နီတိုင်းရင်းသားခေါင်းဆောင်တစ် ဦး၏ ရုပ်တုကိုလည်း ထားရှိမည် ဟူသည့် အဆိုပြုချက်နှစ်ရပ်ကို တင်ပြခဲ့ပြီး၊ ကရင်နီပြည် လူငယ် များအင်အားစု သပိတ်ကော်မတီ ကလည်း (က)ဗိုလ်ချုပ်ကြေးရုပ် တုကို ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်း ပေးရန်၊ (ခ) ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရန် အဆင်မပြေပါ က အများနှင့်မသက်ဆိုင်သော နေ ရာ (ဥပမာ NLD  ရုံး၊ ပရဟိတရုံး) တွင် ထားရှိရန် ဟူသည့် အဆိုပြုမှု နှစ်ရပ်ကို အဆိုပါ အစည်းအဝေး တွင် တင်ပြထားကြသည်။


ပြည်ထောင်စု အစိုးရအနေ ဖြင့်လက်ရှိဖြစ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး လျစ်လျူမရှုထားရန် ၎င်းက တိုက်တွန်းခဲ့ကြောင်းသိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်နှင့် သမ္မတရုံးပြောခွင့်ရ ဦးဇော် ဌေးတို့ထံ ဒီမိုကရေစီတူဒေး သတင်းစာမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။ ဧပြီလအတွင်းကျင်းပရန်စီစဉ်ထားသည့် လေးပွင့်ဆိုင်ဆွေး နွေးပွဲနှင့်ပတ်သက်ပြီး NRPC ဘက်မှ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top