HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်ရန် မျှော်လင့်ချက်ရှိဟု AAPP ဆို

နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်ရန် မျှော်လင့်ချက်ရှိဟု AAPP ဆို

ရန်ကုန်၊ ဧပြီ ၂ဝ

နိုင်ငံရေးအကျဉ်းသားများ ဆက်လွတ်လာရန် မျှော်လင့်ချက်ရှိကြောင်း AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောသည်။ ''ကျွန်တော်တို့ကတော့ သမ္မတအနေနဲ့ နှစ်ဆန်းတစ်ရက်နေ့လွှတ်တာနဲ့တင် ပြီးမှာမဟုတ်ဘဲနဲ့ နောက်ထပ်ဆက်ပြီး လွှတ်ပေးဖို့လုပ်မယ်လို့ ပြောဆိုထားတယ်ထင်ပါတယ်။ နိုင်ငံရေးအကျဉ်းသား တွေဆက်ပြီးလွတ်လာဖို့ မျှော်လင့် ချက်တွေရှိပါတယ်'' ဟု ၎င်းကဒီမို ကရေစီတူဒေးသို့ဧပြီ ၂ဝ ရက် တွင်ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ ကို ထပ်မံလွှတ်ပေးရန် AAPP အနေဖြင့် တောင်းဆိုထားကြောင်း ၎င်းကဆက်လက်ပြောသည်။ AAPP စုဆောင်းရရှိထား သောစာရင်းအရနိုင်ငံရေး အကျဉ်းသား၄၆ဦးနှင့်နိုင်ငံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှု ကြောင့် အကျဉ်းထောင်ထဲမှ နေ ၍အမှုရင်ဆိုင်နေရသော နိုင်ငံရေး အကျဉ်းသား ၉ဝ နှင့် အချုပ်လွတ် အမှုရင်ဆိုင်နေရသူ ၂၂၈ ဦးရှိ ကြောင်းနှစ်ဆန်းတစ်ရက်နေ့ သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၄၆ ဦးအနက်နှစ်ဦးသာ လွတ်မြောက်လာခဲ့သည့်အပေါ်များစွာ စိတ်ပျက်မိ ကြောင်း ၎င်းက ပြောသည်။


နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများရှိနေခြင်းက ဒီမိုကရေစီနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကအဟန့် အတားဖြစ်စေသော အကြောင်း အချက်တစ်ခုဖြစ်ကာ အစိုးရအနေ ဖြင့် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးအပေါ်အား စိုက်လုပ်ဆောင်နေသည်နှင့်တစ်ပြိုင်နက်နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်ပြီး လှုပ်ရှားဆောင်ရွက်မှု ကြောင့် ဖမ်းဆီးချုပ်နှောင်ထားခံရ သောနိုင်ငံရေး အကျဉ်းသားများကိုအမြန်ဆုံးစိစစ်၍ ပြန်လည်လွှတ် ပေးပါရန်အလေးအနက် တိုက်တွန်းလိုကြောင်း၊ သို့မှသာတိုင်းရင်း သားညီအစ်ကိုမောင်နှမများ ပြည် ထောင်စုအတွင်း အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကိုများစွာ အထောက်အကူပြုမည်ဖြစ် ကြောင်း ဧပြီ ၁၈ရက် AAPP မှ ကြေညာချက်ထုတ်ပြန်ထားသည်။


ယင်းအပြင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသားများဝင်ဆံ့မှုထက် အဆမတန် များပြားနေသည့်အချိန်တွင် ထိုသို့ လွတ်ငြိမ်းသက်သာခွင့်များ ပေးမှုအပေါ်ကြိုဆိုကြောင်း၊ လွတ် မြောက်လာသော အကျဉ်းသားအ များစုမှာ မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ဖြစ် ကြောင်း၊ အကျဉ်းကျခံနေသော အကျဉ်းသားများတွင် မူးယစ်ဆေးဝါးပြစ်မှုများဖြင့် အကျဉ်းကျနေသူများသည် ရာခိုင်နှုန်း၅ဝကျော်ရှိ နေခြင်းအပေါ်စိစစ်၍ ပြစ်ဒဏ်များလျှော့ပေါ့ပေးရန် မိမိတို့အ နေဖြင့်အစဉ် တစိုက်တိုက်တွန်းနေ ခဲ့ကြောင်း ဗဗဏဏ တွဲဖက်အတွင်း ရေးမှူး ဦးဘိုကြည်ကပြောသည်။


''အကျဉ်းသားစိစစ်ရေးအဖွဲ့ ဖွဲ့ပြီးဆောင်ရွက်နိုင်ရင်တော့ ပိုပြီး လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်နိုင်ပါလိမ့်မယ်''ဟု ၎င်းကဆိုသည်။ ဧပြီ၁၇ ရက်တွင် နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက် သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/ အကျဉ်းစခန်းအသီးသီးမှ နိုင်ငံသားအကျဉ်းသား ၉၅၃၅ ဦးလွတ် မြောက်လာခဲ့ကာ ထပ်မံစိစစ်ပြီး လွတ်ငြိမ်းသက်သာခွင့်များ ဆက်လက်ပေးသွားမည်ဟုလည်းအမိန့် ကြေညာစာတွင် ဖေါ်ပြထားသည်။

NT

#democracytoday

Rate this item
(0 votes)
back to top