HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် စစ်သား ၁၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အိုင်အက်စ် အဖွဲ့ဆို  

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင်  စစ်သား ၁၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အိုင်အက်စ် အဖွဲ့ဆို   

ကိုင်ရို၊ မေ ၁၂

အစ္စလာမ္မစ်အစွန်းရောက် အိုင်အက်စ်အဖွဲ့သည် နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ ဂါ ဂျီဂန်နာမြို့တွင် ဖြစ်ပွားခဲ့ သောတိုက်ခိုက်မှု၌ စစ်သား ၁၁ ဦးကိုသတ်ဖြတ်ခဲ့ကြောင်း သတင်း အေဂျင်စီ AMAQ မှတစ်ဆင့် အဖွဲ့က မေ ၁၁ ရက်တွင် ထုတ် ဖော်ပြောကြားခဲ့သည်။  ယင်းဂျီဟတ်အဖွဲ့၏ အဆို အရစစ်သားများအပေါ် တိုက်ခိုက်မှုကို နိုင်ငံအရှေ့မြောက် ပိုင်းရှိ ဘော်နိုပြည်နယ်ရှိယင် မြို့တွင် မေ ၁ဝ ရက်၌ ဖြစ်ပွား ခဲ့သည်ဟုသိရသည်။ စစ်သား များဟုယူဆရသော လူသေ အလောင်းများနှင့် မီးလောင် ထားသော စစ်တန်းလျားဓာတ် ပုံများကို ထုတ်ပြန်ခဲ့သည်။

ဆေးရုံတစ်ခုမှ သတင်းရင်း မြစ် အပါအဝင်သတင်းရင်းမြစ် သုံးခုက ယင်းတိုက်ခိုက်မှုကို အတည်ပြုခဲ့သည်။ ¤င်းတို့၏ အဆိုအရ စစ်သွေြး<ွကများသည် ဒေသစံတော် ချိန်ညနေ ၆ နာရီ ၃ဝ မိနစ်ခန့်တွင် မော်တော်ဆိုင် ကယ်ဖြင့် မြို့ထဲသို့ဝင်လာခဲ့ကြပြီး ပြောက်ကျားပုံစံဖြင် ဒေသခံများ နှင့် စစ်တပ်တို့ကို ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်းသိရသည်။ စစ် တပ်က လေတပ်၏အထောက် အပံ့နှင့် အနီးအနားရှိ မြို့တစ်ခုမှ တပ်ရင်းတစ်ခုထံမှစစ်ကူတို့ကို တောင်းခံခဲ့ပြီးနောက် တိုက်ခိုက် သူများမှာ ထွက်ပြေးသွားခဲ့သည် ဟုဆိုသည်။


အစ္စလာမ္မစ်နိုင်ငံတော်အနောက်အာဖရိကပြည်နယ် အဖွဲ့ က မကြာသေးမီလများအတွင်း နိုင်ဂျီးရီးယားနိုင်ငံတွင် ပြုလုပ်ခဲ့ သည့်တိုက်ခိုက်မှုများကို လုပ် ဆောင်ခဲ့သည်။ ယင်းအဖွဲ့သည် ၂ဝ၁၆ ခုနှစ်တွင်အဖွဲ့ကွဲသွားခဲ့ ပြီး တစ်ဖွဲ့မှာ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လူပေါင်း သုံးသောင်းကို သေဆုံးစေခဲ့ပြီး အခြား လူနှစ်သန်းကို နေရာ ရွှေ့ပြောင်းစေခဲ့ရသည့် ဆယ်စု နှစ်နှင့်ချီသော သောင်းကျန်းမှု များကိုလုပ်ဆောင်ခဲ့သည့် ဘိုကို ဟာရမ် လက်နက်ကိုင်အဖွဲ့ဖြစ် သည်။

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top