HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရဲအုပ် ၄၇ဝ ကျော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြောင်းရွှေ့ တာဝန်ချ

ရဲအုပ် ၄၇ဝ ကျော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြောင်းရွှေ့ တာဝန်ချ

ရန်ကုန်၊ မေ ၁၃ 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ရဲအုပ် ၄၇ဝ ကျော်ကို ပြောင်းရွှေ့တာဝန်ချထား လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အသီးသီး တွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် ရဲအုပ် ၄၇ဝ ကျော်ကို တိုင်း ဒေသကြီးနှင့်ပြည်နယ်များအသီးသီးသို့ ပြောင်းရွှေ့တာဝန်ချလိုက် ကြောင်း မေ ၁၃ ရက်စွဲဖြင့် ပြည် ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏အမိန့်စာများအရ သိရ သည်။

ပြောင်းရွှေ့တာဝန်ချထားရာတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ သကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ လေ ကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲ တပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ ငွေ ကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၄)ရဲလေ့ကျင့်ကျောင်း၊ ရဲ အရာရှိအတတ်သင်ကျောင်း၊ စည် ပင်သာယာရဲတပ်ဖွဲ့ (ရန်ကုန်-မန္တ လေး)နှင့် အမြန်လမ်းမကြီးရဲတပ် ဖွဲ့တို့မှ ရဲအုပ်များ ပါဝင်ကြောင်း အမိန့်စာများအရ သိရသည်။ ပြောင်းရွှေ့မှုတွင် ရှမ်းပြည် နယ်မှ ရဲအုပ် ၇၅ ဦးနှင့် မန္တလေး တိုင်းဒေသကြီးမှ ၇၂ ဦးတို့ဖြင့် အ များဆုံး ပါဝင်ခဲ့သည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအဆင့် မြင့်ရဲအရာရှိကြီးတစ်ဦးက '' ရဲ အုပ်တွေ ပြောင်းရွှေ့တာဟုတ်ပါ တယ်။ အနေကြာတွေမို့ပါ။ များ တာက ကလေးကျောင်းပိတ်ရာသီ မို့လို့။ တချို့သားသမီးတွေက ကျောင်းတက်နေတာမို့လို့။ အဲ့ တာကြောင့် ကျောင်းပိတ်ရာသီမှာ အပြောင်းအရွှေ့လေး လုပ်လိုက် တာ။ ဆက်ပြီးအပြောင်းအရွှေ့ထွက် ဖို့လည်းရှိမှာပါ'' ဟု ဒီမိုကရေစီတူ ဒေး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။ ပြောင်းရွှေ့တာဝန်ချထားသည့် ရဲအုပ်များအနေဖြင့် ပြောင်းရွှေ့ထွက်ခွာရောက်ရှိသည့်နေ့ရက်ကို သက်ဆိုင်ရာတပ်ဖွဲ့များမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ ပြန်လည် တင်ပြရမည်ဖြစ်ကြောင်း အမိန့် စာများအရ သိရသည်။


ရထားရဲတပ်ဖွဲ့သို့ ပြောင်းရွှ့ တာဝန်ထမ်းဆောင်ရမည့် ရဲအုပ်တစ်ဦးက'' သူ့အလှည့်နဲ့သူကျရာ တာဝန်ထမ်းဆောင်ရမှာပေါ့။ ရ ထားရဲကို ပြောင်းရမှာပါ။ အနေ ကြာလို့ ပြောင်းရွှေ့တာလို့သိရတယ်။ ဒီမှာတော့ ငါးနှစ်ကျော်တာ ဝန်ထမ်းဆောင်ခဲ့တယ်'' ဟု ဒီမိုကရေစီတူဒေးသို့ မေ ၁၃ ရက် တွင် ပြောသည်။ ရဲအုပ်များအပြင် ဒုရဲမှူး ၁၂ ဦးနှင့် ဒုရဲအုပ် ၉ဝ နီးပါးကိုလည်း မေ ၁၃ ရက်စွဲဖြင့် ပြောင်းရွှ့တာ ဝန်ထမ်းဆောင်ခဲ့ကြောင်း အမိန့် ကြော်ငြာစာနှင့် အမိန့်စာများအရသိရသည်။ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် စက် တင်ဘာ ၅ ရက်ကလည်း ရဲအုပ် ၉ဝ ကျော်ကို ဒုတိယရဲမှူးအဆင့် ရာထူးတိုးကာ အပြောင်းအလဲပြု လုပ်ခဲ့သေးသည်။

 

WYHW

#democracytoday

Rate this item
(0 votes)
back to top