HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ တရားလိုကို စတင်စစ်ဆေး၊ တရားရုံးအတွင်းတွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် တရားစွဲခံရသူများ၊ မိဘဆွေမျိုးများ ရုန်းရင်းဆန်ခတ်ဖြစ်  

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ တရားလိုကို စတင်စစ်ဆေး၊ တရားရုံးအတွင်းတွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် တရားစွဲခံရသူများ၊ မိဘဆွေမျိုးများ ရုန်းရင်းဆန်ခတ်ဖြစ်   

ရန်ကုန်၊ မေ ၁၃

ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့၏ တတိယအကြိမ် ရုံးချိန်းတွင် တရားလို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်း ထွန်းငြိမ်းကို စတင်စစ်ဆေးခဲ့သည်။ တပ်မတော်က ဒေါင်းတို့မျိုး ဆက် သံချပ်အဖွဲ့ဝင်ငါးဦးကို ပုဒ် မ-၅ဝ၅(က)ဖြင့် အမှုဖွင့် တရား စွဲဆိုထားခြင်းဖြစ်ကာ ယနေ့ရုံး ချိန်းတွင် တရားလိုက သံချပ်ပါစာ သားများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လှောင်ပြောင်ထားကြောင်း တင်ပြခဲ့သည်။ တရားရုံးရပ်နားအပြီးတွင် တရားရုံးအတွင်း ရဲတပ်ဖွဲ့တာဝန် ရှိသူအချို့နှင့် တရားစွဲခံရသူများ ၏ မိဘဆွေမျိုးများ ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရုံးချိန်းအပြီး အင်း စိန်ထောင်သို့ ပြန်လည်ပို့ဆောင်ရန် နံနက် ၁၁ နာရီခွဲခန့်တွင် ရဲက စီစဉ်ရာ တရားစွဲခံရသူများ၏ မိဘ ဆွေမျိုးများက တားဆီး၍ အချိန် နောက်ဆုတ်ပေးရန် တောင်းဆို ကြရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ရဲတပ်ဖွဲ့က အချိန် နောက်ဆုတ်ပေးခဲ့ကာ မွန်းလွဲ ၂ နာရီကျော်မှသာ အင်းစိန်ထောင် သို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ ယင်းအပြင် တရားရုံးအတွင်း အင်္ကျီအဖြူ ဆင်တူဝတ် လူ ၂ဝ ကျော်ခန့် လာရောက်နားထောင် ခြင်းကိုလည်း တရားစွဲခံရသူများ၏ မိဘဆွေမျိုးများနှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များက ကန့်ကွက်ခဲ့ ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူများက အဆိုပါကိစ္စသည် ¤င်းတို့တွင် တာ ဝန်မရှိကြောင်း တရားရုံး၏ စီမံ ခန့်ခွဲမှုသာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့သည်။


''ဒီရုံးချိန်းမှာ ဒီလိုလာတာ ဟာ ကျွန်တော်တို့နဲ့ ပဋိပက္ခဖြစ် အောင်လုပ်ဖို့လားလို့ သံသယရှိ ပါတယ်။ သတင်းယူချင်တယ် နား ထောင်ချင်တယ်ဆိုရင် တစ်ယောက် နှစ်ယောက်လာပေါ့။ ခုက လူအင် အားလာပြသလို ဖြစ်နေတယ်''ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို လာရောက်ဝန်းရံသူ ကိုဇင်မင်းဖြိုး က ပြောသည်။ မရမ်းကုန်းမြို့နယ် တရားရုံး တွင် တရားစွဲဆိုခံရသော ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်များမှာ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ၊ ကိုပိုင်ရဲသူ၊ မကေခိုင်ထွန်း နှင့် ကိုဖိုးသား(ခ) ဇော်လင်းထွဋ် တို့ဖြစ်သည်။


ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ဧပြီလ ၁ဝ ရက်နေ့ နံနက် ၁ဝ နာရီနှင့် ၁၁ နာရီကြားတွင် မရမ်းကုန်းမြို့နယ် (၁၁)ရပ်ကွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် ရှေ့၌ သံချပ်ဖျော်ဖြေစဉ်တွင် ပါဝင်သည့် အကြောင်းအရာများ ကြောင့်ဖြစ်ကြောင်း သိရသည်။တရားစွဲဆိုထားသည့် အဆိုပါအမှု၏ ရုံးချိန်းကို တရားသူကြီးက လာမည့် မေ ၂၂ ရက်သို့ ပြန် လည်ချိန်းဆိုလိုက်ကြောင်း သိရ သည်။

NTNT

#democracytoday

Rate this item
(0 votes)
back to top