HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ တိုင်းဒေသကြီး မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ဝင်မည်  

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ တိုင်းဒေသကြီး မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ဝင်မည်   

ရန်ကုန်၊ မေ ၁၃

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီအနေဖြင့် တိုင်းဒေသကြီး မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲဝင်မည်ဖြစ် ကြောင်း သူရဦးရွှေမန်းက ပြောသည်။  မေ ၁၂ ရက် နေပြည်တော်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဌာနချုပ်တွင် ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေး အပ်ပွဲအခမ်းအနားတွင် ပါတီ ခေါင်းဆောင်သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီမှ ထုတ်ပြန်သည်။

ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီသည် လူတစ်စုအတွက် တည်ထောင်ခြင်း မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။ ''လူတစ်စုအတွက်၊ ကျွန်တော့် အတွက် ပါတီတည်ထောင်ခြင်းမ ဟုတ်ဘဲ နိုင်ငံတော်နဲ့ ပြည်သူများအကျိုးအတွက် တည်ထောင် ခြင်းဖြစ်၍ နိုင်ငံနဲ့ပြည်သူများအကျိုးကို ဆောင်ရွက်လိုသူ အရည် အချင်းရှိသူတွေကို ပါဝင်စေလိုပါ တယ်''ဟု ၎င်းက ပြောသည်။


ပြည်သူများအနေဖြင့် နိုးကြားတက်ကြွစွာ ပါဝင်လုပ်ဆောင်ကြရန်နှင့် ပြည်သူများအနေဖြင့် ၎င်းတို့ပါတီအား ယုံကြည်စိတ်ချစွာတာဝန်ပေးနိုင်အောင် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်း၊ ပါတီတာဝန်ရှိသူများ၊ ဇေယျာသီရိအပါအဝင် ပြည်ထောင် စုနယ်မြေ(နေပြည်တော်)မြို့နယ် များမှ ပါတီကိုစိတ်ဝင်စားလေ့လာ သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top