HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝ ဖယ်ပေးမည် မဟုတ်ဟု ကယားဝန်ကြီးချုပ် ဆို

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝ ဖယ်ပေးမည် မဟုတ်ဟု ကယားဝန်ကြီးချုပ် ဆို

ရန်ကုန်၊ မေ ၁၄ 

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝဖယ်ပေးမည်မဟုတ်ဟု ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြောကြားလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တုကိစ္စ ဖြေရှင်းရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီလူငယ်ထုအကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို မေ ၁၄ ရက်က လွိုင်ကော်မြို့တွင် ကျင်းပ ခဲ့ပြီး အဆိုပါအစည်းအဝေး၌ ဝန် ကြီးချုပ်အယ်ဖောင်းရှိုက အထက် ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ် ကြောင်း ကရင်နီလူငယ်ခေါင်း ဆောင်တစ်ဦးဖြစ်သည့် ခွန်သော မက်စ်က ပြောသည်။

''ဝန်ကြီးချုပ်က ပြောတာ တော့ ကြေးရုပ်တုကို လုံးဝမဖယ် ပေးနိုင်ဘူး။ ကယားပြည်နယ်အစိုးရ အနေနဲ့ ထိန်းသိမ်းကာကွယ်သွား မယ်လို့ပြောတယ်''ဟု ၎င်းကဆို သည်။ ယင်းကြောင့် အစည်း အဝေးပျက်ခဲ့ရကြောင်း နောင်ဖြစ် ပေါ်လာမည့်ကိစ္စအဝဝကို ကယား ပြည်နယ်အစိုးရအနေဖြင့် တာဝန် ယူရမည်ဖြစ်ကြောင်း ၎င်းကပြော သည်။ ယင်းနှင့်ပတ်သက်ပြီး ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်း ရှိုထံ ဆက်သွယ်မေးမြန်းရာ ဆန္ဒ ပြပွဲများဖြစ်ပေါ်လာပါက ဥပဒေ အတိုင်း ဆောင်ရွက်သွားမည်ဟု ဒီမိုကရေစီတူဒေးသို့ မေ ၁၄ ရက် က ပြန်လည်ဖြေကြားခဲ့သည်။ ''သည်းခံခွင့်လွှတ်မှုနဲ့ ဖြေ လျှော့မှု၊ ပေါင်းစပ်ညှိနှိုင်းမှုတွေ အများကြီး လုပ်ထားပေးတယ် လေ။ ဥပဒေမူဘောင်အတိုင်းပဲ သွားရမှာပေါ့''ဟု ကယားပြည် နယ်ဝန်ကြီးချုပ်ကပြောသည်။


အစိုးရအနေဖြင့် ညှိနှိုင်းမှု များဖြင့် လက်တွဲခေါ်ခဲ့ပြီး အကောင်း ဆုံး ညှိနှိုင်းရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ပြီးခဲ့သည့် မတ် ၂ဝ ရက် ဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရ မှ (က) ဗိုလ်ချုပ်ကြေးရုပ်တုကို လက်ရှိအတိုင်းထားရှိကာ၊ ယင်း နေရာတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ ကတိကဝတ်များ၊ ပင်လုံစာချုပ် ပါအချက်များ စသည်တို့ကို နှစ် ဖက်ညှိနှိုင်း၍ ကမ္ပည်းကျောက်စာ များထားရှိမည်၊ (ခ) ဗိုလ်ချုပ်ကြေး ရုပ်တုကို လက်ရှိအတိုင်းထားရှိ ကာ ကရင်နီတိုင်းရင်းသားခေါင်း ဆောင်တစ်ဦး၏ ရုပ်တုကိုလည်း ထားရှိမည်ဟူသည့် အချက်နှစ် ချက်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။


ကရင်နီလူငယ်များအင်အား စု သပိတ်ကော်မတီကလည်း (က)ဗိုလ်ချုပ်ကြေးရုပ်တုကို ပြည် နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရန်၊ (ခ) ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်း ပေးရန် အဆင်မပြေပါကအများနှင့် မသက်ဆိုင်သောနေရာ (ဥပမာ NLD ရုံး၊ ပရဟိတရုံး) တွင် ထား ရှိရန်ဟူသည့် အချက်နှစ်ချက်ကို သာ လိုလားခဲ့ကြသည်။ ပြည်ထောင်စုအရေး၊ တိုင်း ရင်းသားရင်ကြားစေ့ရေးတို့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပါရှိသည့် ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်တုထားရှိခြင်းဖြစ် ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။


ဗိုလ်ချုပ်ကြေးရုပ်တုရွှေ့ပြောင်း ရေးနှင့်ပတ်သက်၍ ဆွေးနွေးမည် ဟု ပြီးခဲ့သည့် မေ ၇ ရက် အစည်း အဝေးက သဘောတူထားခဲ့သော် လည်း ယနေ့ မေ ၁၄ ရက် ဆွေးနွေး ပွဲတွင်မူ ယင်းကဲ့သို့ရွှေ့ပြောင်းရေး ကိုဆွေးနွေးခြင်းမပြုမီ မရွှေ့ပြောင်း ပေးနိုင်ကြောင်း ပြောကြားခဲ့သည့် ဝန်ကြီးချုပ်မှာ ကတိမတည်ဟု ကရင်နီလူငယ်ထုကဆိုသည်။ ''ဒီလို ကတိမတည်တဲ့ဝန်ကြီး ချုပ်မျိုးကို ကျွန်တော်တို့အလိုမရှိ ဘူး''ဟု ခွန်သောမက်စ်ကပြော သည်။ ကရင်နီလူငယ်အင်အားစု သပိတ်ကော်မတီကို ဖျက်သိမ်း ကြောင်း ယင်းကော်မတီကထုတ် ပြန်သည်။ ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာမည့် ကိစ္စများတွင် ယင်းသပိတ်ကော်မ တီနှင့်မသက်ဆိုင်တော့ကြောင်းလည်း ကြေညာချက်တွင်ပါဝင်သည်။


ဝန်ကြီးချုပ် အယ်ဖောင်းရှို အနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်တုအ ရေးနှင့်ပတ်သက်၍ အချိန်ဆွဲ လုပ်ဆောင်ခဲ့ကြောင်းလည်း ကရင် နီလူငယ်ထုက ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တုနှင့်ပတ်သက်၍လက်ရှိအတိုင်း ထားရှိရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းနှင့် ပြောင်းရွှေ့ မည်ဆိုပါက ထောက်ခံခဲ့သည့် လူ ထုအများစု၏ ဆန္ဒကို လျစ်လျူရှု ရာရောက်မည်ဖြစ်ကြောင်း ဗိုလ် ချုပ်ကြေးရုပ်တုဖြစ်မြောက်ရေး ကော်မတီကလည်း မေ ၁၃ ရက် က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါအခြေအနေသည် တင်းမာသည့် အနေအထားသို့ ရောက်လာသည့်သဘောဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုများ ထပ်မံဖြစ် ပေါ်လာမည်ကိုစိုးရိမ်ကြောင်း နိုင်ငံ ရေးအသိုင်းအဝိုင်းကဆိုကြသည်။


လွိုင်ကော်ဗိုလ်ချုပ်ရုပ်တု အရေးသည် ကန့်ကွက်မှုမျိုးစုံဖြစ် နေသည့်ကြားမှ ပေါ်ပေါက်လာသည့် ကိစ္စဖြစ်လာခြင်းအတွက် မကောင်းသည့်ကိစ္စဖြစ်နေကြောင်း စည်းလုံး ညီညွတ်သောတိုင်းရင်း သားများ မဟာမိတ် (UNA)အဖွဲ့ မှ အတွင်းရေးမှူးအဖွဲ့ဝင်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဦးမျိုးကျော်က ပြော သည်။ လက်ရှိဖြစ်စဉ်နှင့်ပတ်သက် ပြီး ဗိုလ်ချုပ်ကြေးရုပ်တုကို ကန့်ကွက် နေသူများသည် ဒေသခံလူများစု ဟု မပြောနိုင်ကြောင်း အာဏာရ ဒီချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကဆိုသည်။ ဆွေးနွေးပွဲ ပျက်ပြားသွား သည့်အတွက် ထိပ်တိုက်တွေ့ဆုံမှု များဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံ ရေးအသိုင်းအဝိုင်းက ပြောဆိုနေ ကြသော်လည်း ဥပဒေဘောင်အ တွင်းက လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း ဒေါက်တာမျိုးညွန့်က သတိပေးသည်။


''ဥပဒေဘောင်အတွင်းက လုပ်ဆောင်ကြဖို့လိုပါတယ်။ ဥပ ဒေဘောင်အတွင်းက မဟုတ်ရင် အောင်မြင်မှုရမှာ မဟုတ်ပါဘူး'' ဟု¤င်းကပြောသည်။ လက်ရှိအစိုး ရမှာ တရားဥပဒေစိုးမိုးရေးကို အဓိကထားလုပ်ဆောင်နေသည့် အစိုးရဖြစ်သည့်အတွက် လူထုအ နေဖြင့် ဥပဒေဘောင်အတွင်းက ဆောင်ရွက်ကြမည်ဟု မျှော်လင့် ကြောင်း ၎င်းကဆက်လက်ပြော သည်။ အာဏာရပါတီနှင့် အစိုးရ အနေဖြင့် တိုင်းရင်းသားများ၏ ခံ စားချက်၊ လိုလားချက်ကို နားလည် နိုင်ဖို့လိုအပ်ကြောင်း ဦးမျိုးကျော်က ပြောသည်။ ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူခြင်းထက် ဗိုလ်ချုပ်ချမှတ် ခဲ့သည့်လမ်းစဉ်နှင့် ဗိုလ်ချုပ်ခံယူ ခဲ့သည့် နိုင်ငံရေးအယူအဆများကို လိုက်နာကြရန် ပိုမိုအရေးကြီး ကြောင်း ဦးမျိုးကျော်ကဆိုသည်။ ''အစိုးရအနေနဲ့ ဗိုလ်ချုပ်ရုပ် တုတွေစိုက်မှဖြစ်မှာလား''ဟု ၎င်းက မေးခွန်းထုတ်သည်။ ''လွတ်လပ်ရေးယူကတည်း က ပြည်နယ်တွေအားလုံးပေါင်းပြီး ပြည်ထောင်စုဆိုပြီး ဖြစ်လာတာ။ အခုအချိန်ထိ တိုင်းရင်းသားတွေ ရဲ့လိုလားချက်တွေ ဘာမှ မရသေး ဘူး''ဟု ဦးမျိုးကျော်ကဆိုသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top